• Follow Us on

Home ဟိုပုံးကိုရင်လေး၏ ဈာပနကို ညတွင်းချင်းပြုလုပ်ရန်စီစဉ်ထားသော်လည်း ညှိနှိုင်းမရ၍ ရွှေ့ဆိုင်းလိုက်ရ

ဟိုပုံးကိုရင်လေး၏ ဈာပနကို ညတွင်းချင်းပြုလုပ်ရန်စီစဉ်ထားသော်လည်း ညှိနှိုင်းမရ၍ ရွှေ့ဆိုင်းလိုက်ရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)

 

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ကိုဗစ် – ၁၉ ရောဂါဖြင့် ပျံလွန်တော်မူသွားတဲ့ ဟိုပုံးကိုရင်လေးရဲ့ အန္တိမ ဈာပနကို ညတွင်းချင်း ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ညှိနှိုင်းလို့မရတဲ့အတွက် ဈာပနရက်ကို ရွှေ့ဆိုင်းလိုက် တယ်လို့ ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေထံက သိရပါတယ်။

 

ဟိုပုံးကိုရင်လေးရဲ့ ဈာပနကို စက်တင်ဘာလ (၁) ရက်နေ့ ညတွင်းချင်းပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင်များ၊ PNO အပါအဝင် ဒကာ၊ ဒကာမတွေနဲ့ ယမန်နေ့ညပိုင်းက ဆွေးနွေးခဲ့ရာ ညှိနှိုင်းလို့ မရတဲ့အတွက် ဝါခေါင်လကွယ်နေ့ထိ ရွှေ့လိုက်တယ်လို့ သိရပါတယ်။

 

ဟိုပုံးကိုရင်လေးမှာ စက်တင်ဘာလ ၁ ရက်နေ့ နေ့ပိုင်းက ပျံလွန်တော်မူသွားခဲ့တာဖြစ်ပြီး၊ ပျံလွန်တော်မူချိန်မှာ တော့ သက်တော် (၄၈) နှစ် ဝါတော် (၃၅) ဝါရှိပြီ ဖြစ်ပါတယ်။

 

#PeopleMedia #ဟိုပုံးကိုရင်

 

(unicode)


………………………………………………………………………..

 


 


 


 


 



Share this post