• Follow Us on

Home အဂၤါၿဂိဳဟ္ႏွင့္ လကမၻာေပၚ ေျခခ်နိုင္ေတာ့မယ္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေျပာ

အဂၤါၿဂိဳဟ္ႏွင့္ လကမၻာေပၚ ေျခခ်နိုင္ေတာ့မယ္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေျပာ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၈
အေမရိကန္နိုင္ငံက အဂၤါၿဂိဳဟ္ေပၚေျခခ်သည့္ ပထမဆုံးတိုင္းျပည္ႏွင့္ အမ်ိဳးသမီးတစ္ဦး လကမၻာေပၚ ေျခခ်ေစမည့္ ပထမဆုံးတိုင္းျပည္ ျဖစ္လာမည္ဟု သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားလိုက္သည္။
“အေမရိကန္နိုင္ငံက လကမၻာေပၚေျခခ်မဲ့ ပထမဆုံး အမ်ိဳးသမီးရွိတဲ့ တိုင္းျပည္ျဖစ္လာမွာျဖစ္သလို အဂၤါ ၿဂိဳဟ္ေပၚ အာကာသယာဥ္မႉးေတြ ေျခခ်နိုင္မဲ့ ပထမဆုံးတိုင္းျပည္ ျဖစ္လာမွာပါ။ ကၽြန္ေတာ္တို႔ ဒီရည္မွန္းခ်က္ ျဖစ္လာဖို႔ အလြန္ပဲ နီးကပ္ေနပါၿပီ” ဟု ဝစ္ကြန္ဆင္ျပည္နယ္ ဂ်ိမ္းစ္ဗီလီၿမိဳ႕၌ မဲဆြယ္စည္း႐ုံးမႈတစ္ခုအတြင္း ထ ရမ့္က ေျပာၾကားခဲ့သည္။
ေလးႏွစ္အတြင္း Starship ယာဥ္ျဖင့္ လူလိုက္ပါျခင္းမရွိသည့္ ပထမဆုံးေသာ အဂၤါၿဂိဳဟ္မစ္ရွင္ စတင္နိုင္ သည့္လမ္းေၾကာင္းေပၚ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း SpaceX ကုမၸဏီ စီအီးအို အဲလြန္မတ္ခ္က ေျပာၾကားခဲ့သည္။
Starship ယာဥ္ျဖင့္ လကမၻာႏွင့္ အဂၤါၿဂိဳဟ္သို႔ လူမ်ား ပို႔ေဆာင္ရန္ ရည္ရြယ္ထားသည္။ Starship ယာဥ္ျဖင့္ လကမၻာသြားမည့္မစ္ရွင္ကို ၂၀၂၂ ခုႏွစ္တြင္ စတင္နိုင္ေၾကာင္း SpaceX ကုမၸဏီ၏ ေျပာၾကားခ်က္အရ သိရသည္။
နာဆာအဖြဲ႕က လကမၻာသြားမစ္ရွင္မ်ား ေဆာင္ရြက္မည့္ နည္းပညာတီထြင္ရန္ ကုမၸဏီ ၁၂ ေက်ာ္ ေရြး ခ်ယ္ခဲ့ေၾကာင္း နာဆာအဖြဲ႕ အုပ္ခ်ဳပ္ေရးမႉး ဂ်င္ဘရက္ဒင္စတိုင္းက ေျပာၾကားခဲ့သည္။
စုစုေပါင္း ေဒၚလာ သန္း ၃၇၀ ကုန္က်မည့္ အဆိုပါအစီအစဥ္တြင္ ေဒၚလာ သန္း ၂၇၀ ကို နည္းပညာ စီမံခန္႔ခြဲေရးလုပ္ေဆာင္ရန္ ကုမၸဏီေလးခုသို႔ ေပးအပ္မည္ဟု နာဆာအဖြဲ႕က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာ ၾကားခဲ့သည္။
၂၀၂၄ ခုႏွစ္တြင္ အေမရိကန္ အာကာသယာဥ္မႉးႏွစ္ဦးက လကမၻာေတာင္ဝင္ရိုးစြန္းသို႔ သြားေရာက္ရန္ စီစဥ္ထားၿပီး ေလးႏွစ္အၾကာ ၂၀၂၈ ခုႏွစ္တြင္ လကမၻာ၌ လူသားမ်ား ပထမဆုံးအႀကိမ္ အေျခခ်ရန္ နာဆာအဖြဲ႕ က စီစဥ္ေနေၾကာင္း ဂ်င္ဘရက္ဒင္က ေျပာသည္။
ကိုးကား – ရိုက္တာ
Ref; Trump Says US Will Get to Mars First, Will Also Land First Woman on Moon
(unicode)
အင်္ဂါဂြိုဟ်နှင့် လကမ္ဘာပေါ် ခြေချနိုင်တော့မယ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော
……………………………………………………………
နိုင်ငံတကာ၊ အောက်တိုဘာ ၁၈
အမေရိကန်နိုင်ငံက အင်္ဂါဂြိုဟ်ပေါ်ခြေချသည့် ပထမဆုံးတိုင်းပြည်နှင့် အမျိုးသမီးတစ်ဦး လကမ္ဘာပေါ် ခြေချစေမည့် ပထမဆုံးတိုင်းပြည် ဖြစ်လာမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
“အမေရိကန်နိုင်ငံက လကမ္ဘာပေါ်ခြေချမဲ့ ပထမဆုံး အမျိုးသမီးရှိတဲ့ တိုင်းပြည်ဖြစ်လာမှာဖြစ်သလို အင်္ဂါ ဂြိုဟ်ပေါ် အာကာသယာဉ်မှူးတွေ ခြေချနိုင်မဲ့ ပထမဆုံးတိုင်းပြည် ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဒီရည်မှန်းချက် ဖြစ်လာဖို့ အလွန်ပဲ နီးကပ်နေပါပြီ” ဟု ဝစ်ကွန်ဆင်ပြည်နယ် ဂျိမ်းစ်ဗီလီမြို့၌ မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း ထ ရမ့်က ပြောကြားခဲ့သည်။
လေးနှစ်အတွင်း Starship ယာဉ်ဖြင့် လူလိုက်ပါခြင်းမရှိသည့် ပထမဆုံးသော အင်္ဂါဂြိုဟ်မစ်ရှင် စတင်နိုင် သည့်လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်ကြောင်း SpaceX ကုမ္ပဏီ စီအီးအို အဲလွန်မတ်ခ်က ပြောကြားခဲ့သည်။
Starship ယာဉ်ဖြင့် လကမ္ဘာနှင့် အင်္ဂါဂြိုဟ်သို့ လူများ ပို့ဆောင်ရန် ရည်ရွယ်ထားသည်။ Starship ယာဉ်ဖြင့် လကမ္ဘာသွားမည့်မစ်ရှင်ကို ၂၀၂၂ ခုနှစ်တွင် စတင်နိုင်ကြောင်း SpaceX ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
နာဆာအဖွဲ့က လကမ္ဘာသွားမစ်ရှင်များ ဆောင်ရွက်မည့် နည်းပညာတီထွင်ရန် ကုမ္ပဏီ ၁၂ ကျော် ရွေး ချယ်ခဲ့ကြောင်း နာဆာအဖွဲ့ အုပ်ချုပ်ရေးမှူး ဂျင်ဘရက်ဒင်စတိုင်းက ပြောကြားခဲ့သည်။
စုစုပေါင်း ဒေါ်လာ သန်း ၃၇၀ ကုန်ကျမည့် အဆိုပါအစီအစဉ်တွင် ဒေါ်လာ သန်း ၂၇၀ ကို နည်းပညာ စီမံခန့်ခွဲရေးလုပ်ဆောင်ရန် ကုမ္ပဏီလေးခုသို့ ပေးအပ်မည်ဟု နာဆာအဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦးက လကမ္ဘာတောင်ဝင်ရိုးစွန်းသို့ သွားရောက်ရန် စီစဉ်ထားပြီး လေးနှစ်အကြာ ၂၀၂၈ ခုနှစ်တွင် လကမ္ဘာ၌ လူသားများ ပထမဆုံးအကြိမ် အခြေချရန် နာဆာအဖွဲ့ က စီစဉ်နေကြောင်း ဂျင်ဘရက်ဒင်က ပြောသည်။
–ကိုးကား–
ရိုက်တာ
Ref; Trump Says US Will Get to Mars First, Will Also Land First Woman on Moon

Share this post