• Follow Us on

Home အင္အားႀကီးမားလာေသာ ေျမာက္ကိုရီးယားႏိုင္ငံ၏ ႏ်ဴကလီးယား လက္နက္တပ္ဖြဲ႕

အင္အားႀကီးမားလာေသာ ေျမာက္ကိုရီးယားႏိုင္ငံ၏ ႏ်ဴကလီးယား လက္နက္တပ္ဖြဲ႕

Share this post

ၾသဂုတ္ ၂၁

ေျမာက္ကိုရီးယားႏိုင္ငံ၌ ႏ်ဴကလီးယားလက္နက္ ၆၀ အထိ ရွိၿပီး ဓာတုလက္နက္ တန္ခ်ိန္ ၅၀၀၀ ေၾကာင့္ ကမၻာေပၚတြင္ ဓာတုလက္နက္ တတိယအမ်ားဆုံးရွိေသာ တိုင္းျပည္ျဖစ္ေၾကာင္း အေမရိကန္ ကာကြယ္ ေရးဝန္ႀကီးဌာန၏ မၾကာေသးမီက ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာတစ္ရပ္အရ သိရသည္။

ေျမာက္ကိုရီးယားႏိုင္ငံ က ႏ်ဴကလီးယားႏွင့္ ဓာတုလက္နက္မ်ား ပိုင္ဆိုင္ၿပီး ဇီဝလက္နက္မ်ားဆိုင္ရာ သုေတသနလည္း လုပ္ေဆာင္ခဲ့ ဖြယ္ရွိေၾကာင္း “ေျမာက္ကိုရီးယားနည္းပရိယာယ္မ်ား” ဟု အမည္ေပးထားသည့္ အေမရိကန္ ကာကြယ္ေရးဝန္ ႀကီးဌာနက ဇူလိုင္လ ၂၄ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာက ေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားႏိုင္ငံက ႏွစ္စဉ္ ဗုံးသစ္ေျခာက္လုံး ထုတ္လုပ္ႏိုင္သည့္ ႏ်ဴကလီးယားဗုံး ၂၀ မွ ၆၀ အထိ ရွိသည္ဟု အေမရိကန္တပ္မေတာ္က ခန္႔မွန္းထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံက ယခုႏွစ္မကုန္မီ ႏ်ဴကလီး ယားထိပ္ဖူး ၁၀၀ အထိ ရရွိႏိုင္ေၾကာင္း ေလ့လာမႈအခ်ိဳ႕က ဆိုသည္။ ဆာရင္အဆိပ္ႏွင့္ ဗြီအိတ္ဇ္ ဓာတုပစၥည္း အ ပါအဝင္ ေျမာက္ကိုရီးယားႏိုင္ငံက မတူညီေသာ အမ်ိဳးအစား ၂၀ ေက်ာ္ရွိေသာ ဓာတုလက္နက္ တန္ခ်ိန္ ၂၅၀၀ မွ တန္ခ်ိန္ ၅၀၀၀ ၾကား ပိုင္ဆိုင္သည္ဟု ယူဆရၿပီး ကမၻာေပၚတြင္ ဓာတုပစၥည္း တတိယအမ်ားဆုံး ပိုင္ဆိုင္သည့္ တိုင္းျပည္ျဖစ္သည္။

ေျမာက္ကိုရီးယားႏိုင္ငံ၏ ဇီဝပစၥည္းမ်ားတြင္ ေထာင့္သန္းနာ၊ ဝမ္းေလ်ာေရာဂါ၊ တုပ္ေကြး၊ ငန္းဖ်ားေရာ ဂါႏွင့္ တိုက္ဖြိဳက္ေရာဂါတို႔ ျဖစ္ေစႏိုင္ေသာပစၥည္းမ်ား ပါဝင္သည္။ အစီရင္ခံစာအရ ေျမာက္ကိုရီးယားႏိုင္ငံက ေတာင္ကိုရီးယား၊ ဂ်ပန္ သို႔မဟုတ္ ေဒသတြင္းရွိ အေမရိကန္ပစ္မွတ္မ်ားကို ဒုံးက်ည္ျဖင့္ပစ္ခတ္ရာတြင္ အသုံးျပဳ သည့္ ေထာင့္သန္းနာကို လက္နက္အျဖစ္ျပဳလုပ္ခဲ့ဖြယ္ရွိဟု သိရသည္။

ေထာင့္သန္းနာ တစ္ကီလိုဂရမ္က ဆိုးလ္ၿမိဳ႕ေတာ္ေန လူေပါင္း ၅၀၀၀၀ အထိ ေသဆုံးေစႏိုင္သည္။ စာ မ်က္ႏွာ ၃၃၂ မ်က္ႏွာပါ ပင္တဂြန္၏ အစီရင္ခံစာအရ တာလတ္ သို႔မဟုတ္ တာေဝးပစ္ဒုံးက်ည္မ်ားတြင္ တပ္ဆင္ မည့္ ႏ်ဴကလီးယားဗုံး အေသးစားမ်ား ထုတ္လုပ္ျခင္းျဖင့္ ႏ်ဴကလီးယားစစ္ပြဲက တိုင္းျပည္အေပၚ တိုက္ခိုက္မႈ သို႔ မဟုတ္ ကင္မိသားစုအား ရာထူးမွျဖဳတ္ခ်ရည္ရည္ရြယ္သည့္ အစိုးရအေျပာင္းအလဲတစ္ရပ္ကို တားဆီးႏိုင္မည္ဟု ေျမာက္ကိုရီးယားႏိုင္ငံက ယုံၾကည္ခဲ့သည္ဟု သိရသည္။

ေျမာက္ကိုရီးယားႏိုင္ငံ၌ အေျခခံရည္မွန္းခ်က္သုံးခုရွိေၾကာင္း၊ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံ အန္ႏွင့္ သူ၏မိသားစု အာဏာဆက္လက္ထိန္းထားရန္၊ ျပင္ပမွ ဝင္ေရာက္စြက္ဖက္မႈမရွိသည့္ အမွီအခိုကင္းေသာ ႏိုင္ငံတစ္ခုအျဖစ္ ဆက္လက္ရွိေစရန္ႏွင့္ ေျမာက္ကိုရီးယားအစိုးရ၏ ဦးေဆာင္မႈေအာက္တြင္ ကိုရီးယားကြၽန္း ဆြယ္ ျပန္လည္ေပါင္းစည္းရန္တို႔ျဖစ္သည္ဟု အေမရိကန္တပ္မေတာ္က အကဲျဖတ္သည္။

လစ္ဗ်ားေခါင္းေဆာင္ မူအမ္မာကဒါဖီက ၂၀၀၃ ခုႏွစ္တြင္ ႏ်ဴကလီးယားလက္နက္မ်ား စြန္႔လႊတ္ခ်ိန္တြင္ ျပင္ပ အင္အားႀကီးတိုင္းျပည္မ်ားက လစ္ဗ်ားျပည္တြင္းေရးတြင္ ဝင္ေရာက္စြက္ဖက္ခဲ့ေၾကာင္း၊ ကင္မိသားစုအေန ျဖင့္ ေျမာက္ကိုရီးယားႏိုင္ငံ၌ အလားတူျဖစ္ရပ္မ်ိဳး မျဖစ္ေစလိုဟု ေျမာက္ကိုရီးယားႏိုင္ငံက ရႈျမင္ေၾကာင္း အေမ ရိကန္တပ္မေတာ္က ဆိုသည္။ ဒုံးက်ည္စနစ္မ်ား၏ တိက်မႈက ေျမာက္ကိုရီးယားျပည္သူ့တပ္မေတာ္အတြက္ အေရးပါေသာ ကန္႔သတ္ခ်က္တစ္ရပ္ျဖစ္ေသာ္လည္း ေျမာက္ကိုရီးယားႏိုင္ငံက ႏ်ဴကလီးယားႏွင့္ ဓာတုလက္ နက္မ်ား ပိုင္ဆိုင္ထားသည္မွာ မျငင္းဆန္ႏိုင္ေၾကာင္း အစီရင္ခံက ေဖာ္ျပသည္။

တ႐ုတ္ႏိုင္ငံႏွင့္ နီးကပ္မႈရွိျခင္း ၊ ႏွစ္ ၇၀ အတြင္း ေတာင္ကိုရီးယားႏိုင္ငံ၏ အေမရိကန္ႏိုင္ငံႏွင့္ဆက္ဆံ ေရးႏွင့္ ေတာင္ကိုရီးယားႏိုင္ငံ၏ စီးပြားေရး ေကာင္းမြန္လာမႈက အေမရိကန္ႏိုင္ငံ၏ အေရးပါေသာ ကုန္သြယ္ ဘက္ႏိုင္ငံတစ္ခု ျဖစ္လာျခင္းေၾကာင့္ ကိုရီးယားကြၽန္းဆြယ္က အေမရိကန္ႏိုင္ငံအတြက္ မဟာဗ်ဴဟာအရ အေရး ပါေသာေနရာတစ္ခုျဖစ္ေၾကာင္း အစီရင္ခံစာက ဆိုသည္။

ေျမာက္ကိုရီးယားႏိုင္ငံက အေၾကာင္းမ်ားစြာေၾကာင့္ အေမရိကန္ႏိုင္ငံ၏ အေရးႀကီးဆုံး လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈတစ္ခုအျဖစ္ ရွိေနဆဲဟု အစီရင္ခံစာက ဆိုသည္။ ေျမာက္ကိုရီးယားႏိုင္ငံ၌ ျပည္သူ ၂၅ သန္း၏ ၅ ရာခိုင္ ႏႈန္း သို႔မဟုတ္ ၁ ဒသမ ၂ သန္းက အၿမဲတမ္းတပ္ဖြဲ႕ဝင္မ်ား တာဝန္ထမ္းေဆာင္ၿပီး ၇ ဒသမ ၇ သန္းက အရန္ တပ္ဖြဲ႕တြင္ ထမ္းေဆာင္ၾကသည္။

ေျမာက္ကိုရီးယားႏိုင္ငံ၏ အင္အားႀကီးမားေသာ တပ္မေတာ္ကို အိမ္နိးခ်င္း တိုင္းျပည္မ်ားအား ၿခိမ္း ေျခာက္ရာတြင္ အသုံးျပဳၿပီး ေတာင္ကိုရီးယား၊ ဂ်ပန္၊ အေမရိကန္ႏွင့္ အျခားတိုင္းျပည္မ်ားႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး စားပြဲဝိုင္း၌ သံတမန္ေရးအရ အေလ်ာ့ေပးမႈမ်ားရရွိရန္ ေျမာက္ကိုရီးယားႏိုင္ငံက အကန္႔အသတ္ရွိေသာ စစ္ေရး အရ ရန္စမႈမ်ား အသုံးျပဳေၾကာင္း အစီရင္ခံစာက ေဖာ္ျပသည္။ ေျမာက္ကိုရီးယားႏိုင္ငံ၏ အမ်ိဳးသားတပ္မေတာ္ က ကင္မိသားစု၏အုပ္ခ်ဳပ္မႈကို အကာအကြယ္ေပးျခင္း၊ ႏ်ဴကလီးယားလက္နက္မ်ားႏွင့္ ကြန္ျပဴတာစစ္ပြဲ ၿခိမ္း ေျခာက္မႈျပဳလုပ္ျခင္းျဖင့္ သံတမန္ေရးအရ အားသာခ်က္ရရွိရန္ အစိုးရကို ပံ့ပိုးေပးလ်က္ရွိသည္။

ဗ်ဴ႐ို ၁၂၁ ဟု လူသိမ်ားသည့္ ဆိုက္ဘာစစ္ပြဲလမ္းၫႊန္ခ်က္တပ္ဖြဲ႕၏ ဆိုက္ဘာစစ္ပြဲဆင္ႏႊဲမႈကို အစီရင္ခံ စာက ေဖာ္ျပခဲ့သည္။ ဘီလာ႐ုစ္၊ တ႐ုတ္၊ အိႏၵိယ၊ မေလးရွားႏွင့္ ႐ုရွားႏိုင္ငံ၌ ေဆာင္ရြက္ေနသည့္ ဗ်ဴ႐ို ၁၂၁ ၏ ဟက္ကာ ၆၀၀၀ ေက်ာ္ရွိေၾကာင္း အစီရင္ခံစာက ဆိုသည္။ ဗ်ဴ႐ို ၁၂၁ ေအာက္တြင္ အဖြဲ႕ခြဲေလးခုရွိၿပီး Andariel အဖြဲ႕က ျဖစ္ႏိုင္ဖြယ္ရာ တိုက္ခိုက္မႈမ်ားအတြက္ ေထာက္လွမ္းမႈႏွင့္ ရန္သူ့ကြန္ရက္မ်ား ေထာက္လွမ္းၿပီး Blenoroff အဖြဲ႕က ေငြေၾကးဆိုင္ရာ ဆိုက္ဘာမႈခင္းမ်ား ကိုင္တြယ္ကာ ၿပဳံယမ္းအေျခစိုက္ အီလစ္ထေရာနစ္စစ္ပြဲ ဌာနႏွင့္ ရန္သူ့ကြန္ရက္မ်ား၌ လူမႈကြန္ရက္မ်ား၌ မမွန္မကန္သတင္းမ်ား ျဖန္႔ေဝသည့္ Lazarus အဖြဲ႕တို႔ ျဖစ္သည္။

ကိုးကား – Korea JoongAng Daily

Ref; North Korea’s nuclear, chemical arsenals are growing: U.S. Army

#PeopleMedia

(unicode)
အင်အားကြီးမားလာသော မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်တပ်ဖွဲ့
…………………………………………………

ဩဂုတ် ၂၁

မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားလက်နက် ၆၀ အထိ ရှိပြီး ဓာတုလက်နက် တန်ချိန် ၅၀၀၀ ကြောင့် ကမ္ဘာပေါ်တွင် ဓာတုလက်နက် တတိယအများဆုံးရှိသော တိုင်းပြည်ဖြစ်ကြောင်း အမေရိကန် ကာကွယ် ရေးဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံ က နျူကလီးယားနှင့် ဓာတုလက်နက်များ ပိုင်ဆိုင်ပြီး ဇီဝလက်နက်များဆိုင်ရာ သုတေသနလည်း လုပ်ဆောင်ခဲ့ ဖွယ်ရှိကြောင်း “မြောက်ကိုရီးယားနည်းပရိယာယ်များ” ဟု အမည်ပေးထားသည့် အမေရိကန် ကာကွယ်ရေးဝန် ကြီးဌာနက ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက နှစ်စဉ် ဗုံးသစ်ခြောက်လုံး ထုတ်လုပ်နိုင်သည့် နျူကလီးယားဗုံး ၂၀ မှ ၆၀ အထိ ရှိသည်ဟု အမေရိကန်တပ်မတော်က ခန့်မှန်းထားသည်။ မြောက်ကိုရီးယားနိုင်ငံက ယခုနှစ်မကုန်မီ နျူကလီး ယားထိပ်ဖူး ၁၀၀ အထိ ရရှိနိုင်ကြောင်း လေ့လာမှုအချို့က ဆိုသည်။ ဆာရင်အဆိပ်နှင့် ဗွီအိတ်ဇ် ဓာတုပစ္စည်း အ ပါအဝင် မြောက်ကိုရီးယားနိုင်ငံက မတူညီသော အမျိုးအစား ၂၀ ကျော်ရှိသော ဓာတုလက်နက် တန်ချိန် ၂၅၀၀ မှ တန်ချိန် ၅၀၀၀ ကြား ပိုင်ဆိုင်သည်ဟု ယူဆရပြီး ကမ္ဘာပေါ်တွင် ဓာတုပစ္စည်း တတိယအများဆုံး ပိုင်ဆိုင်သည့် တိုင်းပြည်ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဇီဝပစ္စည်းများတွင် ထောင့်သန်းနာ၊ ဝမ်းလျောရောဂါ၊ တုပ်ကွေး၊ ငန်းဖျားရော ဂါနှင့် တိုက်ဖွိုက်ရောဂါတို့ ဖြစ်စေနိုင်သောပစ္စည်းများ ပါဝင်သည်။ အစီရင်ခံစာအရ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယား၊ ဂျပန် သို့မဟုတ် ဒေသတွင်းရှိ အမေရိကန်ပစ်မှတ်များကို ဒုံးကျည်ဖြင့်ပစ်ခတ်ရာတွင် အသုံးပြု သည့် ထောင့်သန်းနာကို လက်နက်အဖြစ်ပြုလုပ်ခဲ့ဖွယ်ရှိဟု သိရသည်။

ထောင့်သန်းနာ တစ်ကီလိုဂရမ်က ဆိုးလ်မြို့တော်နေ လူပေါင်း ၅၀၀၀၀ အထိ သေဆုံးစေနိုင်သည်။ စာ မျက်နှာ ၃၃၂ မျက်နှာပါ ပင်တဂွန်၏ အစီရင်ခံစာအရ တာလတ် သို့မဟုတ် တာဝေးပစ်ဒုံးကျည်များတွင် တပ်ဆင် မည့် နျူကလီးယားဗုံး အသေးစားများ ထုတ်လုပ်ခြင်းဖြင့် နျူကလီးယားစစ်ပွဲက တိုင်းပြည်အပေါ် တိုက်ခိုက်မှု သို့ မဟုတ် ကင်မိသားစုအား ရာထူးမှဖြုတ်ချရည်ရည်ရွယ်သည့် အစိုးရအပြောင်းအလဲတစ်ရပ်ကို တားဆီးနိုင်မည်ဟု မြောက်ကိုရီးယားနိုင်ငံက ယုံကြည်ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၌ အခြေခံရည်မှန်းချက်သုံးခုရှိကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်နှင့် သူ၏မိသားစု အာဏာဆက်လက်ထိန်းထားရန်၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုမရှိသည့် အမှီအခိုကင်းသော နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရှိစေရန်နှင့် မြောက်ကိုရီးယားအစိုးရ၏ ဦးဆောင်မှုအောက်တွင် ကိုရီးယားကျွန်း ဆွယ် ပြန်လည်ပေါင်းစည်းရန်တို့ဖြစ်သည်ဟု အမေရိကန်တပ်မတော်က အကဲဖြတ်သည်။

လစ်ဗျားခေါင်းဆောင် မူအမ်မာကဒါဖီက ၂၀၀၃ ခုနှစ်တွင် နျူကလီးယားလက်နက်များ စွန့်လွှတ်ချိန်တွင် ပြင်ပ အင်အားကြီးတိုင်းပြည်များက လစ်ဗျားပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း၊ ကင်မိသားစုအနေ ဖြင့် မြောက်ကိုရီးယားနိုင်ငံ၌ အလားတူဖြစ်ရပ်မျိုး မဖြစ်စေလိုဟု မြောက်ကိုရီးယားနိုင်ငံက ရှုမြင်ကြောင်း အမေ ရိကန်တပ်မတော်က ဆိုသည်။ ဒုံးကျည်စနစ်များ၏ တိကျမှုက မြောက်ကိုရီးယားပြည်သူ့တပ်မတော်အတွက် အရေးပါသော ကန့်သတ်ချက်တစ်ရပ်ဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားနှင့် ဓာတုလက် နက်များ ပိုင်ဆိုင်ထားသည်မှာ မငြင်းဆန်နိုင်ကြောင်း အစီရင်ခံက ဖော်ပြသည်။

တရုတ်နိုင်ငံနှင့် နီးကပ်မှုရှိခြင်း ၊ နှစ် ၇၀ အတွင်း တောင်ကိုရီးယားနိုင်ငံ၏ အမေရိကန်နိုင်ငံနှင့်ဆက်ဆံ ရေးနှင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ကောင်းမွန်လာမှုက အမေရိကန်နိုင်ငံ၏ အရေးပါသော ကုန်သွယ် ဘက်နိုင်ငံတစ်ခု ဖြစ်လာခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်က အမေရိကန်နိုင်ငံအတွက် မဟာဗျူဟာအရ အရေး ပါသောနေရာတစ်ခုဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက အကြောင်းများစွာကြောင့် အမေရိကန်နိုင်ငံ၏ အရေးကြီးဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဟု အစီရင်ခံစာက ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံ၌ ပြည်သူ ၂၅ သန်း၏ ၅ ရာခိုင် နှုန်း သို့မဟုတ် ၁ ဒသမ ၂ သန်းက အမြဲတမ်းတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ပြီး ၇ ဒသမ ၇ သန်းက အရန် တပ်ဖွဲ့တွင် ထမ်းဆောင်ကြသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အင်အားကြီးမားသော တပ်မတော်ကို အိမ်နိးချင်း တိုင်းပြည်များအား ခြိမ်း ခြောက်ရာတွင် အသုံးပြုပြီး တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နှင့် အခြားတိုင်းပြည်များနှင့် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်း၌ သံတမန်ရေးအရ အလျော့ပေးမှုများရရှိရန် မြောက်ကိုရီးယားနိုင်ငံက အကန့်အသတ်ရှိသော စစ်ရေး အရ ရန်စမှုများ အသုံးပြုကြောင်း အစီရင်ခံစာက ဖော်ပြသည်။ မြောက်ကိုရီးယားနိုင်ငံ၏ အမျိုးသားတပ်မတော် က ကင်မိသားစု၏အုပ်ချုပ်မှုကို အကာအကွယ်ပေးခြင်း၊ နျူကလီးယားလက်နက်များနှင့် ကွန်ပြူတာစစ်ပွဲ ခြိမ်း ခြောက်မှုပြုလုပ်ခြင်းဖြင့် သံတမန်ရေးအရ အားသာချက်ရရှိရန် အစိုးရကို ပံ့ပိုးပေးလျက်ရှိသည်။

ဗျူရို ၁၂၁ ဟု လူသိများသည့် ဆိုက်ဘာစစ်ပွဲလမ်းညွှန်ချက်တပ်ဖွဲ့၏ ဆိုက်ဘာစစ်ပွဲဆင်နွှဲမှုကို အစီရင်ခံ စာက ဖော်ပြခဲ့သည်။ ဘီလာရုစ်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနှင့် ရုရှားနိုင်ငံ၌ ဆောင်ရွက်နေသည့် ဗျူရို ၁၂၁ ၏ ဟက်ကာ ၆၀၀၀ ကျော်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ ဗျူရို ၁၂၁ အောက်တွင် အဖွဲ့ခွဲလေးခုရှိပြီး Andariel အဖွဲ့က ဖြစ်နိုင်ဖွယ်ရာ တိုက်ခိုက်မှုများအတွက် ထောက်လှမ်းမှုနှင့် ရန်သူ့ကွန်ရက်များ ထောက်လှမ်းပြီး Blenoroff အဖွဲ့က ငွေကြေးဆိုင်ရာ ဆိုက်ဘာမှုခင်းများ ကိုင်တွယ်ကာ ပြုံယမ်းအခြေစိုက် အီလစ်ထရောနစ်စစ်ပွဲ ဌာနနှင့် ရန်သူ့ကွန်ရက်များ၌ လူမှုကွန်ရက်များ၌ မမှန်မကန်သတင်းများ ဖြန့်ဝေသည့် Lazarus အဖွဲ့တို့ ဖြစ်သည်။

ကိုးကား – Korea JoongAng Daily

Ref; North Korea’s nuclear, chemical arsenals are growing: U.S. Army

#PeopleMedia


Share this post