• Follow Us on

Home အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်(ယခင် မဘသဥက္ကဋ္ဌ) ဆရာတော်ကြီးမှ COVID-19 ကာကွယ်ဆေးဝယ်ယူ ရန် နိုင်ငံတော်သို့ ကျပ်သိန်း (၅၀၀) လှူဒါန်း

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်(ယခင် မဘသဥက္ကဋ္ဌ) ဆရာတော်ကြီးမှ COVID-19 ကာကွယ်ဆေးဝယ်ယူ ရန် နိုင်ငံတော်သို့ ကျပ်သိန်း (၅၀၀) လှူဒါန်း

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၄ (People Media)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်(ယခင် မဘသ ဥက္ကဋ္ဌ) ဆရာတော်ကြီးမှ COVID-19 ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်သို့ ကျပ်သိန်း (၅၀၀) လှူဒါန်းလိုက်ပါတယ်။

“ယနေ့ နံနက်မှာ ဆရာတော်ကြီးက လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် နိုင်ငံတော်ကို လှူဒါန်းလိုက်တာ လည်း ဖြစ်ပါတယ်” လို့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် တစ်ပါးက People Media ကို မိန့်ကြား ခဲ့ပါတယ်။

ဆရာတော်ကြီး၏ ကျပ်သိန်း(၅၀၀)လှူဒါန်းငွေကို အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်တိုင်း လွှတ်တော်ကိုယ်စားလှယ်တို့မှ တစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းလိုက်တာလည်း ဖြစ်ပါတယ်။

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးသည် ယခင် မဘသဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပါ တယ်။

#PeopleMedia #မဘသ #အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်

(unicode)
……………………………………….








Share this post