• Follow Us on

Home အင္းစိန္ၿမိဳ႕နယ္တြင္ မဲလက္မွတ္မ်ား မပါရွိေသာ ႀကိဳတင္မဲစာအိတ္မ်ား စြန္႔ျပစ္မႈျဖစ္ပြား

အင္းစိန္ၿမိဳ႕နယ္တြင္ မဲလက္မွတ္မ်ား မပါရွိေသာ ႀကိဳတင္မဲစာအိတ္မ်ား စြန္႔ျပစ္မႈျဖစ္ပြား

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၁၆

အင္းစိန္ၿမိဳ႕နယ္ ရြာမအေနာက္ရပ္ကြက္ ဓမၼာ႐ုံအနီးရွိ ေခ်ာင္းအတြင္း၌ မဲစာရင္းမ်ားမပါေသာ မဲစာအိတ္မ်ားကို နို၀င္ဘာ ၁၄ ရက္ေန႔က လာေရာက္လႊင့္ျပစ္မႈကို ေတြရွိခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးေဇာ္နိုင္ဦးက ေျပာပါတယ္။

မဲစာရင္းမ်ားမပါေသာ ႀကိဳတင္မဲစာအိတ္မ်ားကို လာေရာက္လႊင့္ျပစ္ျခင္းေၾကာင့္ ယင္းမဲစာအိတ္မ်ားသည္ စိုစြတ္ကာ အေရအတြက္အားျဖင့္ မည္မၽွရွိသည္ကို မသိရေသးေၾကာင္း ၎ကဆိုပါတယ္။

“ေရေတြစိုၿပီးေတာ့ ကပ္ေနတယ္။ ကၽြတ္ကၽြတ္အိတ္နဲ႔ ထုတ္ၿပီးေတာ့ ပီနံအိတ္ထဲကို ထည့္ထားတာ ကၽြန္ေတာ္ ကေတာ့ ဒီဟာနဲ႔ပတ္သက္လို႔ စိတ္ထဲမွာ တစ္မ်ိဳးႀကီးျမင္တယ္။ ဘာလို႔လဲဆိုေတာ့ ဒါေတြက ၿမိဳ႕နယ္ ေကာ္မရွင္႐ုံးမွာပဲရွိရမွာ” ဟု အင္းစိန္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးေဇာ္နိုင္ဦးက ေျပာပါတယ္။

အဆိုပါ ေတြ႕ရွိခဲ့ေသာ မဲစာအိတ္မ်ားသည္ စြန္႔ျပစ္ရန္ သတ္မွတ္ထားေသာ ႀကိဳတင္မဲစာအိတ္မ်ားျဖစ္ၿပီး နီး စပ္ရာ အမိႈက္ကန္မ်ားသို႔ သြားေရာက္လႊင့္ျပစ္ရာတြင္ အထက္ပါကဲ့သို႔ ႀကိဳတင္မဲစာအိတ္မ်ားသည္ ေခ်ာင္း အတြင္းသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း အင္းစိန္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးေက်ာ္လင္းက ေျပာပါတယ္။

“အမိႈက္ပုံးထဲကို သြားေရာက္လႊင့္ျပစ္တဲ့အခ်ိန္မွာ ႀကံ႕ခိုင္ေရးက ေတြ႕ၿပီးေတာ့ Facebook မွာ တင္လိုက္တာ ဘာမွမဟုတ္ဘူး ဖြလိုက္တာ” ဟု ဦးေက်ာ္လင္းကေျပာပါတယ္။

အဆိုပါကဲ့သို႔ ႀကိဳတင္မဲစာအိတ္မ်ားသည္ လႊင့္ျပစ္ရန္ အေျမာက္အမ်ားရွိေနၿပီး ႀကိဳတင္မဲစာအိတ္မ်ားသည္ ဖြင့္ေဖာက္ၿပီးခ်ိန္မွစ၍ ယင္းစာအိတ္မ်ားသည္ ဥပေဒအရ အက်ဳံးဝင္မႈမရွိေၾကာင္း အင္းစိန္ၿမိဳ႕နယ္ ေရြး ေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးေက်ာ္လင္းကဆိုပါတယ္။

“ဒီစာအိတ္ေတြက ဘာမွလဲသုံးမရေတာ့ဘူး ဘာမွလဲအက်ဳံးမဝင္ေတာ့ဘူး နိုဝင္ဘာ ၄ ရက္ေန႔က ကပ္တဲ့ပုံစံ ၁၆ ကသာ အတည္ပဲ ဒီစာအိတ္ေတြက မဲအနိုင္အရႈံးအေပၚမွာ အေထာက္ကူျပဳမႈမရွိဘူး” ဟု အင္းစိန္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးေက်ာ္လင္းက ေျပာပါတယ္။

ယင္းကဲ့သို႔ ႀကိဳတင္မဲစာအိတ္မ်ား ေခ်ာင္းအတြင္းသို႔ ေရာက္ရွိေနျခင္းႏွင့္ပတ္သက္၍ သက္ေသမ်ားအား လိုက္လံစုံစမ္းေနၿပီး ဥပေဒေၾကာင္းအရ တရားစြဲဆိုရန္အတြက္လဲ ေဆြးေႏြးတိုင္ပင္မႈမ်ား ျပဳလုပ္ေနေၾကာင္း အင္းစိန္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးေဇာ္နိုင္ဦးက

“အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ေလာေလာဆယ္မွာ သက္ေသမရွိေသးတဲ့အတြက္ ရဲစခန္းမွာ အမႈမဖြင့္ရေသးဘူး ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္ေနတယ္။ ဆက္ၿပီးေတာ့ အမႈဖြင့္မွာပါ” ဟု အင္းစိန္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးေဇာ္နိုင္ဦးက ေျပာပါတယ္။

ၿပီးခဲ့သည့္ရက္ပိုင္းကလဲ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေက်ာက္ေရတြင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးအတြင္း ေကာ္မရွင္႐ုံးတြင္ မဲစာအိတ္အလႊတ္မ်ားႏွင့္အတူ မဲစာအိတ္အတြင္း မဲလက္မွတ္မ်ားပါရွိေသာ စာအိတ္ ၁၀ အိတ္အားေတြရွိခဲ့မႈ ျဖစ္စဥ္တစ္ခုလဲ ျဖစ္ပြားမႈရွိခဲ့သည္။

People Media #UEC #USDP

(unicode)
အင်းစိန်မြို့နယ်တွင် မဲလက်မှတ်များ မပါရှိသော ကြိုတင်မဲစာအိတ်များ စွန့်ပြစ်မှုဖြစ်ပွား
…………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ဓမ္မာရုံအနီးရှိ ချောင်းအတွင်း၌ မဲစာရင်းများမပါသော မဲစာအိတ်များကို နိုဝင်ဘာ ၁၄ ရက်နေ့က လာရောက်လွှင့်ပြစ်မှုကို တွေရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ပြောပါတယ်။

မဲစာရင်းများမပါသော ကြိုတင်မဲစာအိတ်များကို လာရောက်လွှင့်ပြစ်ခြင်းကြောင့် ယင်းမဲစာအိတ်များသည် စိုစွတ်ကာ အရေအတွက်အားဖြင့် မည်မျှရှိသည်ကို မသိရသေးကြောင်း ၎င်းကဆိုပါတယ်။

“ရေတွေစိုပြီးတော့ ကပ်နေတယ်။ ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ပြီးတော့ ပီနံအိတ်ထဲကို ထည့်ထားတာ ကျွန်တော် ကတော့ ဒီဟာနဲ့ပတ်သက်လို့ စိတ်ထဲမှာ တစ်မျိုးကြီးမြင်တယ်။ ဘာလို့လဲဆိုတော့ ဒါတွေက မြို့နယ် ကော်မရှင်ရုံးမှာပဲရှိရမှာ” ဟု အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ပြောပါတယ်။

အဆိုပါ တွေ့ရှိခဲ့သော မဲစာအိတ်များသည် စွန့်ပြစ်ရန် သတ်မှတ်ထားသော ကြိုတင်မဲစာအိတ်များဖြစ်ပြီး နီး စပ်ရာ အမှိုက်ကန်များသို့ သွားရောက်လွှင့်ပြစ်ရာတွင် အထက်ပါကဲ့သို့ ကြိုတင်မဲစာအိတ်များသည် ချောင်း အတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်လင်းက ပြောပါတယ်။

“အမှိုက်ပုံးထဲကို သွားရောက်လွှင့်ပြစ်တဲ့အချိန်မှာ ကြံ့ခိုင်ရေးက တွေ့ပြီးတော့ Facebook မှာ တင်လိုက်တာ ဘာမှမဟုတ်ဘူး ဖွလိုက်တာ” ဟု ဦးကျော်လင်းကပြောပါတယ်။

အဆိုပါကဲ့သို့ ကြိုတင်မဲစာအိတ်များသည် လွှင့်ပြစ်ရန် အမြောက်အများရှိနေပြီး ကြိုတင်မဲစာအိတ်များသည် ဖွင့်ဖောက်ပြီးချိန်မှစ၍ ယင်းစာအိတ်များသည် ဥပဒေအရ အကျုံးဝင်မှုမရှိကြောင်း အင်းစိန်မြို့နယ် ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်လင်းကဆိုပါတယ်။

“ဒီစာအိတ်တွေက ဘာမှလဲသုံးမရတော့ဘူး ဘာမှလဲအကျုံးမဝင်တော့ဘူး နိုဝင်ဘာ ၄ ရက်နေ့က ကပ်တဲ့ပုံစံ ၁၆ ကသာ အတည်ပဲ ဒီစာအိတ်တွေက မဲအနိုင်အရှုံးအပေါ်မှာ အထောက်ကူပြုမှုမရှိဘူး” ဟု အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်လင်းက ပြောပါတယ်။

ယင်းကဲ့သို့ ကြိုတင်မဲစာအိတ်များ ချောင်းအတွင်းသို့ ရောက်ရှိနေခြင်းနှင့်ပတ်သက်၍ သက်သေများအား လိုက်လံစုံစမ်းနေပြီး ဥပဒေကြောင်းအရ တရားစွဲဆိုရန်အတွက်လဲ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နေကြောင်း အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက

“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ်မှာ သက်သေမရှိသေးတဲ့အတွက် ရဲစခန်းမှာ အမှုမဖွင့်ရသေးဘူး ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေတယ်။ ဆက်ပြီးတော့ အမှုဖွင့်မှာပါ” ဟု အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ပြောပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းကလဲ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောက်ရေတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ကော်မရှင်ရုံးတွင် မဲစာအိတ်အလွှတ်များနှင့်အတူ မဲစာအိတ်အတွင်း မဲလက်မှတ်များပါရှိသော စာအိတ် ၁၀ အိတ်အားတွေရှိခဲ့မှု ဖြစ်စဉ်တစ်ခုလဲ ဖြစ်ပွားမှုရှိခဲ့သည်။

People Media #UEC #USDP


Share this post