• Follow Us on

Home အင်းစိန်မြို့နယ်၊ နည်းပညာတက္ကသိုလ်ရှေ့ရှိ စည်ပင်အမှိုက်ပုံအတွင်းမှ M-4 ကာဘိုင်တစ်လက်၊ ဖောက်ခွဲရေး ပစ္စည်းများအပါအဝင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိ

အင်းစိန်မြို့နယ်၊ နည်းပညာတက္ကသိုလ်ရှေ့ရှိ စည်ပင်အမှိုက်ပုံအတွင်းမှ M-4 ကာဘိုင်တစ်လက်၊ ဖောက်ခွဲရေး ပစ္စည်းများအပါအဝင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၀ (People Media)

 

ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ နည်းပညာတက္ကသိုလ်ရှေ့ရှိ စည် ပင်အမှိုက်ပုံအတွင်းမှ M-4 ကာဘိုင်တစ်လက်၊ ဖောက်ခွဲရေးပစ္စည်းများအပါအဝင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိခဲ့သည်။

 

အဆိုပါ အမှိုက်ပုံအတွင်းသို့ ဆာလာအိပ်ဖြင့် ထုပ်ပိုးပြီး M-4 ကာဘိုင်တစ်လက်၊ ဖောက်ခွဲရေးပစ္စည်း၊ ကျည်အ တောင့် ၅၀ ခန့်နှင့် ကျည်အိမ် ၃ ခု ပါဝင်ကြောင်း သိရသည်။

 

“အခုက အမှိုက်သိမ်းတော့မယ်ဆိုရင် သန့်ရှင်းရေးဝန်ထမ်းတွေက တော်တော် သတိထားပြီး ကိုင်တွယ်နေရ တယ်။ အမှိုက်ပုံထဲမှာ မိုင်းပါခဲ့ရင် မိုင်းကွဲပြီး ဝန်ထမ်းတွေကို ယာဉ်ရော ပျက်စီးနိုင်ဖို့က တော်တော်များတယ်။ အဲ့ဒီနေ့ကလည်း ဆာလာအိမ်နဲ့ ထုတ်ပိုးထားတာတွေ့တော့ မသင်္ကာတော့ တာဝန်ရှိသူတွေက ဖွင့်ဖောက် စစ်ဆေးပြီး တွေ့သွားတာ။ အထဲမှာ လက်လုပ်မိုင်းတွေလည်း ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ပြီးခဲ့သည့်လက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မြို့နယ်စည်ပင်ဝန်ထမ်းများသည် အမှိုက်များ လိုက်လံသယ်ဆောင်နေစဉ် အမှိုက်ပုံးအတွင်းရှိ မိုင်းပေါက်ကွဲ၍ ဝန်ထမ်းအချို့ သေဆုံးခဲ့သည်။

 

လက်ရှိအချိန်၌ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်များ၌ လက်လုပ်မိုင်းများ ပေါက်ကွဲမှု ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – ပုံဟောင်းအသုံးပြုထားသည်။

 

#PeopleMedia #အင်းစိန်မြို့နယ်

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 



Share this post