• Follow Us on

Home အစ္စရေးနိုင်ငံ Elbit ကုမ္ပဏီက တောင်ကိုရီးယားနိုင်ငံသို့ လေကြောင်းမှ အမေရိကန်ဒေါ်လာ ၇၄ သန်း တန်ဖိုး ရှိသော တိုက်ခိုက်ရေးစစ်လက်နက်များ ပေးပို့ရန်ရှိ

အစ္စရေးနိုင်ငံ Elbit ကုမ္ပဏီက တောင်ကိုရီးယားနိုင်ငံသို့ လေကြောင်းမှ အမေရိကန်ဒေါ်လာ ၇၄ သန်း တန်ဖိုး ရှိသော တိုက်ခိုက်ရေးစစ်လက်နက်များ ပေးပို့ရန်ရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂ (People Media)

 

အစ္စရေးနိုင်ငံ ကာကွယ်ရေး အီလက်ထရွန်နစ်ကုမ္ပဏီ Elbit Systems က တောင်ကိုရီးယားလေတပ်သို့ တိုက်ခိုက်ရေးစစ်လက်နက်များအား လေကြောင်းမှ ပေးပို့ရန် အမေရိကန်ဒေါ်လာ ၇၄ သန်း တန်ဖိုးရှိသော  စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

 

တောင်ကိုရီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသော အဆိုပါ သဘောတူညီချက်သည် ငါးနှစ်တာကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ စစ်လက်နက်ပစ္စည်းများအား တောင်ကိုရီးယားလေတပ်၏ ပစ်မှတ်များအား တိကျစွာပစ်ခတ်နိုင်မှု အစီ အစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖြည့်စွမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

 

“လေတပ်တွေက ပိုမိုခေတ်မီလာပြီး အကျိုးသက်ရောက်မှု ကြီးမားတဲ့ ပစ်ခတ်မှုစွမ်းရည်တွေကို ရှာဖွေလာ တာကြောင့် ကျွန်တော်တို့ရဲ့ မတူကွဲပြားတဲ့ လက်နက်ပစ္စည်းအစုစုအတွက် ဝယ်လိုအား တိုးလာတာကို တွေ့ရပါတယ်” ဟု Elbit ၏ မြေပြင်ဌာနခွဲမှ အထွေထွေမန်နေဂျာ Yehuda Vered က ပြောကြားခဲ့သည်။

 

၁၉၆၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အစ္စရေးနိုင်ငံ မြောက်ပိုင်း Haifa မြို့တွင် တည်ရှိသော Elbit Systems ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းရှိ ကာကွယ်ရေး၊ အမိမြေလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ပရိုဂရမ်များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ဆောင်နေသော နိုင်ငံတကာအဆင့်မြင့် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

 

၎င်းသည် အာကာသယာဉ်၊ လေယာဉ်တည်ဆောက်မှုနည်းပညာ၊ မြေပြင်နှင့် ရေတပ်စနစ်များ၊ ကွပ်ကဲမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်ရေးမှုများ၊ ထောက်လှမ်းရေး စောင့်ကြည့်ခြင်းနှင့် အခြားသောနယ်ပယ်များအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၎င်းကုမ္ပဏီသည် Nasdaq စတော့ဈေးကွက်တွင် ဈေးကွက်သတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၆.၇၂ ဘီလီယံခန့်ဖြင့် ကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post