• Follow Us on
Latest News

Home အမ္းၿမိဳ႕နယ္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေမာ္ေတာ္ယာဥ္ႏွင့္အတူ တစ္ပါတည္း မီးရႈိ႕ျခင္း ခံရသည့္ ယာဥ္ေမာင္း ျပန္လည္ထြက္ေျပးလြတ္ေျမာက္

အမ္းၿမိဳ႕နယ္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေမာ္ေတာ္ယာဥ္ႏွင့္အတူ တစ္ပါတည္း မီးရႈိ႕ျခင္း ခံရသည့္ ယာဥ္ေမာင္း ျပန္လည္ထြက္ေျပးလြတ္ေျမာက္

Share this post

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၂၄

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ အမ္း-စစ္ေတြကားလမ္းေပၚရွိ မဲလက္ေမာင္းေက်းရြာအနီး၌ ဇန္နဝါရီ ၂၀ ရက္ တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေမာ္ေတာ္ယာဥ္ ၁ စီးအား ယာဥ္ေမာင္းနွင့္အတူ တစ္ပါတည္း မီးရိႈ႕ရာ ယာဥ္ေမာင္းမွာ ေျခလက္မ်ားမီးေလာင္စဥ္ကားေပၚမွ ခုန္ခ်ထြက္ေျပးခဲ့သည္။

ယင္းသို႔ထြက္ေျပးရာ ယာဥ္ေမာင္းကို AA အဖြဲ႕မွ ေနာက္မွလိုက္လံကာလက္နက္မ်ားျဖင့္ ပစ္ခတ္ဖမ္းဆီး ေခၚ ေဆာင္သြားခဲ့ၿပီး ယခုအခါယာဥ္ေမာင္းမွာ ျပန္လည္ထြက္ေျပးလြတ္ေျမာက္လာျခင္းျဖစ္ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္လိုက္သည္။

အဆိုပါျဖစ္စဥ္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ လိုက္လံဖမ္းဆီးမႈမွ ထြက္ေျပးလြတ္ေျမာက္လာသူ ယာဥ္ေမာင္း ေမာင္ေဝပိုင္မိုး၏ ေျပာျပခ်က္အရ ၎သည္ ရန္ကုန္ၿမိဳ႕၊ ေမွာ္ဘီၿမိဳ႕ေန ဦးေက်ာ္မိုး၏သားျဖစ္သူ ျဖစ္ေၾကာင္း၊ ၎သည္ ေရႊကံ့ေကာ္ယာဥ္လိုင္းမွ ဟြန္ဒိုင္းအမ်ိဳးအစား ေမာ္ေတာ္ယာဥ္ျဖင့္ ကုန္ပစၥည္းမ်ား တင္ေဆာင္၍ ယာဉ္ေနာက္လိုက္ ၁ ဦးႏွင့္အတူ ရန္ကုန္ၿမိဳ႕မွ စစ္ေတြၿမိဳ႕သို႔ ဇန္နဝါရီ ၁၇ ရက္တြင္ စတင္ ထြက္ခြာခဲ့ေၾကာင္း၊ အမ္းၿမိဳ႕နယ္၊ ေရွာက္ၿခဳံေတာင္အနီးမိုင္တိုင္အမွတ္၊ ၁၈ မိုင္ ၄ ဖာလုံေနရာသို႔ ည ၁၀ နာရီခန္႔တြင္ ေရာက္ရွိစဥ္ ေမာ္ေတာ္ယာဉ္မွ စက္ခ်ိဳ႕ယြင္းသျဖင့္ ျပဳျပင္၍ ညအိပ္ရပ္နားခဲ့ေၾကာင္း၊ ဇန္နဝါရီ ၂၀ ရက္ နံနက္ ၁ နာရီခြဲခန္႔တြင္ အရပ္ဝတ္မ်ားဝတ္ဆင္ထားသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေရာက္ရွိ လာၿပီး ရခိုင္လား၊ ဗမာလားဟု ေမးျမန္းခဲ့ရာ ၎မွ ဗမာလူမ်ိဳးျဖစ္ေၾကာင္းေျပာၾကားခဲ့ေၾကာင္း၊ ၎အား ယာဥ္ေမာင္းထိုင္ခုံ၌ပင္ ေခါင္းငုံ႔ထိုင္ေစလ်က္ ဗမာျဖစ္လွ်င္မီးရႈိ႕သတ္ဟု အခ်င္းခ်င္းေျပာဆိုၿပီးေနာက္ ေမာ္ ေတာ္ယာဥ္ႏွင့္အတူ တစ္ပါတည္းမီးရႈိ႕ခဲ့ေၾကာင္း၊ ထိုသို႔မီးရႈိ႕ျခင္းခံရစဥ္ ၎၏ေျခႏွင့္လက္မ်ားပါ မီးကူးစက္ ေလာင္စဥ္ ေမာ္ေတာ္ယာဥ္ေပၚမွ ခုန္ခ်ထြက္ေျပးခဲ့ေၾကာင္း၊ ထိုသို႔ထြက္ေျပးစဥ္ AA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက လက္နက္ငယ္မ်ားျဖင့္ လိုက္လံပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း၊ ၎အေနျဖင့္ ေသေဘးမွ လြတ္ေျမာက္ ေအာင္ ေတာအတြင္း တစ္ညပုန္းေအာင္း၍ အမ္းၿမိဳ႕သို႔ ေတာလမ္းအတိုင္း ထြက္ေျပးခဲ့ရာ နယ္ေျမခံတပ္သို႔ ဇန္နဝါရီ ၂၁ ရက္ ညေန ၅ နာရီခြဲခန္႔တြင္ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေရာက္ရွိခဲ့ေၾကာင္း၊ ၎မွတစ္ဆင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ အကူအညီျဖင့္ အမ္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူခဲ့ရ ေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
အမ်းမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ်နှင့်အတူ တစ်ပါတည်း မီးရှို့ခြင်း ခံရသည့် ယာဉ်မောင်း ပြန်လည်ထွက်ပြေးလွတ်မြောက်
…………………………………………………………

နေပြည်တော်၊ ဇန်နဝါရီ – ၂၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာအနီး၌ ဇန်နဝါရီ ၂၀ ရက် တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ် ၁ စီးအား ယာဉ်မောင်းနှင့်အတူ တစ်ပါတည်း မီးရှို့ရာ ယာဉ်မောင်းမှာ ခြေလက်များမီးလောင်စဉ်ကားပေါ်မှ ခုန်ချထွက်ပြေးခဲ့သည်။

ယင်းသို့ထွက်ပြေးရာ ယာဉ်မောင်းကို AA အဖွဲ့မှ နောက်မှလိုက်လံကာလက်နက်များဖြင့် ပစ်ခတ်ဖမ်းဆီး ခေါ် ဆောင်သွားခဲ့ပြီး ယခုအခါယာဉ်မောင်းမှာ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါဖြစ်စဉ်၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ လိုက်လံဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူ ယာဉ်မောင်း မောင်ဝေပိုင်မိုး၏ ပြောပြချက်အရ ၎င်းသည် ရန်ကုန်မြို့၊ မှော်ဘီမြို့နေ ဦးကျော်မိုး၏သားဖြစ်သူ ဖြစ်ကြောင်း၊ ၎င်းသည် ရွှေကံ့ကော်ယာဉ်လိုင်းမှ ဟွန်ဒိုင်းအမျိုးအစား မော်တော်ယာဉ်ဖြင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ယာဉ်နောက်လိုက် ၁ ဦးနှင့်အတူ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဇန်နဝါရီ ၁၇ ရက်တွင် စတင် ထွက်ခွာခဲ့ကြောင်း၊ အမ်းမြို့နယ်၊ ရှောက်ခြုံတောင်အနီးမိုင်တိုင်အမှတ်၊ ၁၈ မိုင် ၄ ဖာလုံနေရာသို့ ည ၁၀ နာရီခန့်တွင် ရောက်ရှိစဉ် မော်တော်ယာဉ်မှ စက်ချို့ယွင်းသဖြင့် ပြုပြင်၍ ညအိပ်ရပ်နားခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက် နံနက် ၁ နာရီခွဲခန့်တွင် အရပ်ဝတ်များဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိ လာပြီး ရခိုင်လား၊ ဗမာလားဟု မေးမြန်းခဲ့ရာ ၎င်းမှ ဗမာလူမျိုးဖြစ်ကြောင်းပြောကြားခဲ့ကြောင်း၊ ၎င်းအား ယာဉ်မောင်းထိုင်ခုံ၌ပင် ခေါင်းငုံ့ထိုင်စေလျက် ဗမာဖြစ်လျှင်မီးရှို့သတ်ဟု အချင်းချင်းပြောဆိုပြီးနောက် မော် တော်ယာဉ်နှင့်အတူ တစ်ပါတည်းမီးရှို့ခဲ့ကြောင်း၊ ထိုသို့မီးရှို့ခြင်းခံရစဉ် ၎င်း၏ခြေနှင့်လက်များပါ မီးကူးစက် လောင်စဉ် မော်တော်ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် AA အကြမ်းဖက် သောင်းကျန်း သူများက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းအနေဖြင့် သေဘေးမှ လွတ်မြောက် အောင် တောအတွင်း တစ်ညပုန်းအောင်း၍ အမ်းမြို့သို့ တောလမ်းအတိုင်း ထွက်ပြေးခဲ့ရာ နယ်မြေခံတပ်သို့ ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် မီးလောင်ဒဏ်ရာများဖြင့် ရောက်ရှိခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရ ကြောင်း သိရသည်။

#PeopleMedia


Share this post