• Follow Us on

Home အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့်အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက်အလွန်အဖိုးတန်သည့်လူသားအရင်းအမြစ်များဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့်အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက်အလွန်အဖိုးတန်သည့်လူသားအရင်းအမြစ်များဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၉

 

အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေဖြစ်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့ မိန့်ခွန်းတွင် ပြောပါတယ်။

 

“မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန် အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေဖြစ်ကြောင်း၊ ဒီလို အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေကို ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေးနဲ့ လျော့ပါးသက်သာစေရေး လုပ်ငန်းအပါအဝင် ကဏ္ဍစုံမှာ အမျိုး သမီးများနဲ့ မိန်းကလေးငယ်တို့ရဲ့ စွမ်းရည်ကို ထိထိရောက်ရောက် အသုံးချပေးဖို့နဲ့ ထိုသို့ အသုံးချနိုင်ဖို့ အတွက်လည်း အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးပါ” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

 

၂၀၂၂ ခုနှစ်သည် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာဗျူဟာ စီမံကိန်း ကာလအတွင်း အဓိကလုပ်ငန်း နယ်ပယ်အလိုက် အကောင်အထည်ဖော်မှုဆိုင်ရာ အားသာချက်၊ အား နည်းချက်တွေကို သုံးသပ်မှုများပြုလုပ်ပြီး ရှေ့လာမဲ့ကာလတွေ အတွက်လည်း မဟာဗျူဟာစီမံကိန်းအသစ် တစ်ခု ရေးဆွဲရေးအတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ ဝန်ကြီး ဌာန/အဖွဲ့အစည်း အသီးသီးအနေနဲ့လည်း မိမိတို့နဲ့သက်ဆိုင်တဲ့ကဏ္ဍတွေမှာ တက်တက်ကြွကြွနဲ့ ဦးဆောင် ပါဝင်ဆောင်ရွက် ပေးဖို့ တိုက်တွန်း မှာကြားလိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

 

မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ နိုင်ငံတစ်နိုင်ငံရဲ့ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီး တစ်ခုလုံး သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးတဲ့ အကြောင်းတရားတို့ကို ရရှိဖို့အတွက် နယ်ပယ် အားလုံးမှာ အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများ၏ ပါဝင်မှုကို တိုးမြှင့်နိုင်သလောက် တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

 

ဒီပြဋ္ဌာန်းချက်တွေကို အလေးအနက်ထားတဲ့အနေနဲ့ မိမိတို့နိုင်ငံအနေနဲ့လည်း အမျိုးသမီးကဏ္ဍကို ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာသာမက နိုင်ငံရေးနဲ့ အုပ်ချုပ် ရေးနယ်ပယ်များအထိ အမျိုးသားများနဲ့ရင်ပေါင်တန်းကာ ပါဝင်ခွင့် ရရှိရေးကို အလေးအနက်ထား လုပ် ဆောင်လျက် ရှိတာတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post