• Follow Us on

Home အရာတော်မြို့နယ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် မိသားစုဝင်လေးဦး လုပ်ကြံသတ်ဖြတ်ခံရ

အရာတော်မြို့နယ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် မိသားစုဝင်လေးဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၇ (People Media)

 

ဇန်နဝါရီ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာအုပ်စု၊ ကမ်းပြူကျေးရွာ၌ နေထိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် မိသားစုဝင်လေးဦးသည် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည်။

 

လုပ်ကြံသတ်ဖြတ်ခံရသူများသည် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အစ်ကိုဖြစ်သူ တစ်ဦး၊ မောင်ဖြစ်သူ တစ်ဦးနှင့် ညီမဖြစ်သူတို့ဖြစ်သည်။

 

၎င်းတို့သည် နေအိမ်အတွင်း၌ ထမ်းလျှော်တောင်းယက်လုပ်ငန်းလုပ်ကိုင်နေစဉ် အမည်မသိ အမျိုးသား ၁၀ ဦး သည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး တူမီးသေနတ်များဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

 

သတ်ဖြတ်ခံရသူများသည် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အစ်ကိုဖြစ်သူနှင့် မောင်ဖြစ်သူနှင့် ညီမဖြစ်တို့ဖြစ် ကြောင်း နေအိမ်အတွင်း ထမ်းလျှော်တောင်းယက်လုပ်ငန်းလုပ်ကိုင်စဉ် အမည်မသိ လက်နက်ကိုင် အမျိုးသား ၁၀ ဦးခန့်က လာရောက်၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“တပ်မိသားစုဝင်ဆိုတာကတော့ကြားတယ်။ ဟုတ်မဟုတ်တော့ သေချာတော့မသိဘူး။ သေဆုံးတဲ့ အမျိုးသမီး မှာ ကိုယ်ဝန်ရှိတယ်လို့တော့ သိရတယ် ကျန်တာကတော့ သိပ်မသိဘူး” ဟု ဒေသခံသတင်းအမြစ်တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အရာတော်မြို့နယ်၊ ရှားကုန်းကျေးရွာအုပ်စု၊ ငြိမ်းဇံကျေးရွာနေ အမျိုးသားတစ်ဦး သည် မြို့သို့ ဈေးသွားဝယ်စဉ် လမ်းခရီး၌ လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

Photo – Credit

 

#PeopleMedia #အရာတော်မြို့

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

Photo – Credit

 



Share this post