• Follow Us on

Home အာဆီယံမွတဆင့္ ျမန္မာႏိုင္ငံကို ဘဂၤါလီမ်ားေနရပ္ျပန္ေရးဖိအားေပးရန္ ဖိလစ္ပိုင္ကို ဘဂၤလားေဒ့႐ွ္ေတာင္းဆို

အာဆီယံမွတဆင့္ ျမန္မာႏိုင္ငံကို ဘဂၤါလီမ်ားေနရပ္ျပန္ေရးဖိအားေပးရန္ ဖိလစ္ပိုင္ကို ဘဂၤလားေဒ့႐ွ္ေတာင္းဆို

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၉

ေကာ့က္စ္ဘဇားခ႐ိုင္တြင္ခိုလႈံေနၾကသည့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ကို ျပန္ေခၚရန္ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ားအသင္း(အာဆီယံ)မွတဆင့္ ျမန္မာႏိုင္ငံကို ႏိုင္ငံေရးဖိအားေပးရန္ ဖိလစ္ပိုင္ ႏိုင္ငံကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေတာင္းဆိုသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူ မိုမန္ႏွင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာဖိလစ္ပိုင္သံအမတ္ႀကီး ဗင္းဆင့္ေတး ဗီဗန္ဆီယို တီဘန္ဒယ္လို တို႔ တနဂၤေႏြေန႔က ဒါကာၿမိဳ႕တြင္ေတြ႕ဆံုရာ၌ မိုမန္က ေတာင္းဆိုျခင္းျဖစ္သည္။

ျမန္မာ-ဖိလစ္ပိုင္ရင္းႏွီးသည့္ဆက္ဆံေရးေၾကာင့္ ဘဂၤါလီအၾကပ္အတည္းကိုေျဖ႐ွင္းရန္ လႊမ္းမိုးႏိုင္မႈကိုအသံုးခ်သင့္ေၾကာင္း မိုမန္ကေျပာသည္။

ဘဂၤါလီအေရးကိုခ်က္ခ်င္းမေျဖ႐ွင္းပါက ေဒသတြင္းႏွင့္ႏိုင္ငံတကာလံုျခံဳေရးကိုထိခိုက္လာႏိုင္သည္ဟုလည္း မိုမန္ကေျပာသည္။

ဘဂၤါလီမ်ား၏စိုးရိမ္မႈမ်ားေၾကာင့္ အာဆီယံမွစစ္တပ္မ်ားမပါသည့္အရပ္သားေလ့လာသူအဖြဲ႔တဖြဲ႔ဖြဲ႔စည္းရန္ ဘဂၤလားေဒ့႐ွ္က ေတာင္းဆိုထားၿပီး ျမန္မာႏိုင္ငံဘက္က ထိုအဆိုျပဳခ်က္ကိုအေကာင္အထည္ေဖာ္ရန္ အျပဳသေဘာေဆာင္သည့္ထုတ္ျပမႈမ႐ွိေသးဟုလည္း မိုမန္ကေျပာသည္။

Ref : Rohingya repatriation: Dhaka asks Manila to exert pressure on Naypyidaw with Asean

#PeopleMedia

(unicode)
အာဆီယံမှတဆင့် မြန်မာနိုင်ငံကို ဘင်္ဂါလီများနေရပ်ပြန်ရေးဖိအားပေးရန် ဖိလစ်ပိုင်ကို ဘင်္ဂလားဒေ့ရှ်တောင်းဆို
……………………………………..

ဒါကာ၊ အောက်တိုဘာ ၁၉

ကော့က်စ်ဘဇားခရိုင်တွင်ခိုလှုံနေကြသည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ကို ပြန်ခေါ်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)မှတဆင့် မြန်မာနိုင်ငံကို နိုင်ငံရေးဖိအားပေးရန် ဖိလစ်ပိုင် နိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီး ဗင်းဆင့်တေး ဗီဗန်ဆီယို တီဘန်ဒယ်လို တို့ တနင်္ဂနွေနေ့က ဒါကာမြို့တွင်တွေ့ဆုံရာ၌ မိုမန်က တောင်းဆိုခြင်းဖြစ်သည်။

မြန်မာ-ဖိလစ်ပိုင်ရင်းနှီးသည့်ဆက်ဆံရေးကြောင့် ဘင်္ဂါလီအကြပ်အတည်းကိုဖြေရှင်းရန် လွှမ်းမိုးနိုင်မှုကိုအသုံးချသင့်ကြောင်း မိုမန်ကပြောသည်။

ဘင်္ဂါလီအရေးကိုချက်ချင်းမဖြေရှင်းပါက ဒေသတွင်းနှင့်နိုင်ငံတကာလုံခြုံရေးကိုထိခိုက်လာနိုင်သည်ဟုလည်း မိုမန်ကပြောသည်။

ဘင်္ဂါလီများ၏စိုးရိမ်မှုများကြောင့် အာဆီယံမှစစ်တပ်များမပါသည့်အရပ်သားလေ့လာသူအဖွဲ့တဖွဲ့ဖွဲ့စည်းရန် ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားပြီး မြန်မာနိုင်ငံဘက်က ထိုအဆိုပြုချက်ကိုအကောင်အထည်ဖော်ရန် အပြုသဘောဆောင်သည့်ထုတ်ပြမှုမရှိသေးဟုလည်း မိုမန်ကပြောသည်။

Ref : Rohingya repatriation: Dhaka asks Manila to exert pressure on Naypyidaw with Asean

#PeopleMedia


Share this post