• Follow Us on

Home အာဆီယံသံတမန်နဲ့ NLD ပါတီဝင်တွေကို တွေ့ဆုံနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အာဆီယံသံတမန်နဲ့ NLD ပါတီဝင်တွေကို တွေ့ဆုံနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈ (People Media)

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အထူးသံတမန်တစ်ဦးရဲ့ လာမည့်ခရီးစဉ်အတွင်းမှာ NLD ပါတီဝင်များကိုတွေ့ဆုံခွင့်ပြုရန် သဘောတူခဲ့ကြောင်း ကမ္ဘောဒီးယား အကြီး တန်းအရာရှိတစ်ဦးက ဒီနေ့ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဇန်နဝါရီ ၂၆ ရက်က ဗီဒီယိုခေါ်ဆိုမှု အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါကတိကဝတ်ဟာ လွန်ခဲ့သည့်တစ်နှစ်ခန့်က လုပ်ငန်းစဉ်များထဲမှ အသေးစား လိုက်လျောမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မည်သည့် NLD ပါတီဝင်များနဲ့ တွေ့ဆုံခွင့်ပေးမည်ကိုမူ မသိရှိရသေး ဘူးလို့ ဗီဒီယိုအစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ ဝန်ကြီးဟောင်း Kao Kim Hourn ကပြောပါတယ်။

 

“ကျွန်တော်တို့ ဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြား ဗွီဒီယိုကွန်ဖရင့်မှာ NLD က ပုဂ္ဂိုလ်တချို့ ကို တွေ့ခွင့်ပေးမယ်လို့ ပြောခဲ့ပေမယ့် ဘယ်သူနဲ့တွေ့ရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးဘူး” ဟု Kao Kim Hourn က ရိုက်တာ သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။

 

အဆိုပါကိစ္စရပ်များနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် န.စ.ကကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြောရေးဆိုခွင့်ရှိ သူက တယ်လီဖုန်းခေါ်ဆိုမှုကို ဖြေကြားခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သူ့ရဲ့ ကနဦးခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း Kao Kim Hourn က ဝန်ခံခဲ့ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကတည်းက  အထိန်းသိမ်းခံခဲ့ရပြီး နှစ် ၁၅၀ နီးပါးအထိ ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ကတည်းက NLD ပါတီဝင် ဒါဇင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါ တယ်။

 

NLD ပါတီရဲ့ ပြည်ပရောက် ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်က အာဆီယံ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုတိုင်းကို ပါတီက သဘောတူသင့်တယ်လို့ ပြောပါတယ်။

 

ကိုးကား – ဘန်းကောက်ပို့စ်

 

Ref; Myanmar junta chief said Asean envoy can meet Suu Kyi party members – Cambodia

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref; Myanmar junta chief said Asean envoy can meet Suu Kyi party members – Cambodia

 



Share this post