• Follow Us on

Home အာဆီယံအထူးကိုယ်စားလှယ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းညှိနှိုင်းနေကြောင်း PPST ခေါင်း ဆောင်နိုင်အောင်မင်းပြောကြား

အာဆီယံအထူးကိုယ်စားလှယ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းညှိနှိုင်းနေကြောင်း PPST ခေါင်း ဆောင်နိုင်အောင်မင်းပြောကြား

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၂ (People Media)

 

လက်ရှိ ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး ကြိုးပမ်းနည်းလမ်းရှာနေတဲ့ အာဆီယံအထူးကိုယ်စား လှယ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာ ညှိနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ (PPST) အစည်းအဝေး (၂၀/ ၂၀၂၁) မှာ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြား ခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် NCA စာချုပ် အသိသက်သေနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနဲ့လည်း ကြိုးပမ်းညှိနှိုင်းဆောင်ရွက်နေပြီး၊ ဒီဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို လည်း ဆောင်ရွက်နေတယ်လို့ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

 

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိ သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန်ဆိုတဲ့ ကတိ ကဝတ်ဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အောက်တိုဘာလ (၁၅) ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်လို့ လာမယ့် အောက်တိုဘာလ (၁၅) ရက်နေ့ဆိုရင် NCA စာချုပ်လက် မှတ်ထိုးခြင်း (၆) နှစ်ပြည့်မှာ ဖြစ်ပေမယ့် ဒီနှစ် နိုင်ငံရေးအခြေအနေအရ ယခင်နှစ်များကဲ့သို့ ကျင်းပသင့်၊ မကျင်းပသင့်ဆိုတာကို ဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ရာဖြစ်တယ်လို့ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်း ဆောင်က ပြောပါတယ်။

 

အာဆီယံထိပ်သီးအစည်းအဝေး သဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ကြားသိရကြောင်း၊ အထူးကိုယ်စား လှယ်ခရီးစဉ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးရဲ့ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပြီး ရလဒ်ကောင်းတဲ့ အစကောင်းတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ မိမိတို့ PPST အနေနဲ့ တက်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားခဲ့ပါတယ်။

 

#PeopleMedia #Pecac #ငြိမ်းချမ်းရေး

 

(unicode)


……………………………………………………………………………….

 


 


 


 


 


 



Share this post