• Follow Us on

Home အမေရိကန်နှင့် တောင်ကိုရီးယားသည် လက်နက်အပြိုင်ထုတ်လုပ်နေပြီး ခြိမ်းခြောက်နေဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ပြော

အမေရိကန်နှင့် တောင်ကိုရီးယားသည် လက်နက်အပြိုင်ထုတ်လုပ်နေပြီး ခြိမ်းခြောက်နေဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂ (People Media)

 

အမေရိကန်ပြည်ထောင်စု၏ ရန်လိုသောမူဝါဒများ၊ ကိုရီးယားကျွန်းဆွယ်မတည်မငြိမ်ဖြစ်စေသည့် တောင်ကိုရီး ယားနိုင်ငံ၏စစ်ရေးတည်ဆောက်မှုများကို ရင်ဆိုင်ရာတွင် မြောက်ကိုရီးယားနိုင်ငံ လက်နက်ထုတ်လုပ်မှုများမှာ မဖြစ်မနေလိုအပ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုလိုက်ကြောင်း မြောက်ကိုရီး ယားအစိုးရပိုင်သတင်ဌာန KCNA က ထုတ်ပြန်ကြေညာခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် လက်နက်များတိုးမြှင့်ထုတ်လုပ်နေခြင်းဖြစ် ပြီး စစ်ပွဲတစ်ပွဲကိုစတင်တိုက်ခိုက်ရန် ထုတ်လုပ်နေခြင်းမဟုတ်ကြောင်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးပြပွဲ တစ်ခုတွင် ကင်ဂျုံအန်ကပြောသည်။

 

“အမေရိကန်ပြည်ထောင်စုဟာ ကျွန်တော်တို့နိုင်ငံကို ရန်လိုနေတာမဟုတ်ဘူးလို့ မကြာခဏဆိုသလို ပြောနေ တာပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ သူတို့ပြောတဲ့စကားကို ယုံကြည်ရလောက်တဲ့ အမူအကျင့်မျိုးမတွေ့ရပါ ဘူးဗျာ။” ဟု ကင်ဂျုံအန်၏စကားကို ကိုးကား၍ KCNA သတင်းဌာနကဖော်ပြထားသည်။

 

“ကျွန်တော်တို့ သားစဉ်မြေးဆက်အတွက် ကျွန်တော်တို့ သန်စွမ်းပြီး အားကောင်းနေဖို့လိုပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့ အားကောင်းဖို့လိုတယ်။ ကျွန်တော်တို့တိုင်းပြည်ရင်ဆိုင်နေရတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေက လွန် ခဲ့တဲ့ဆယ်နှစ်၊ ငါးနှစ်၊ သုံးနှစ်အတွင်း ကျွန်တော်တို့တွေ့မြင်ခဲ့ရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ မတူပါဘူး။ ကိုရီးယား ကျွန်းဆွယ်က တင်းမာမှုတွေဟာ အမေရိကန်ကြောင့် လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။” ဟု ၎င်းက ပြောသည်။

 

အမေရိကန်ကို ရန်လိုကြောင်းစွပ်စွဲနေသည့် ကင်ဂျုံအန်၏ ပြောကြားချက်များမှာ ဘာမှမပြောင်းလဲပါက ဘာမှမ ဟုတ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ဟမ်နမ်တက္ကသိုလ်မှ စစ်ရေးမဟာဗျူဟာလေ့လာမှုကျွမ်းကျင် သူ ယန်းယူကေကပြောသည်။

တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဖြစ်သော ဟွာဆောင် ၁၆ ဒုံးကျည်အပါအဝင် လက်နက်မျိုးစုံရှေ့တွင် မတ်တပ် ရပ်ပြီး ကင်ဂျုံအန် စကားပြောနေသည့်ပုံကို အာဏာရပါတီ၏သတင်းစာဖြစ်သော ရိုဒန်ဆင်းမန်သတင်းစာတွင် ဖော်ပြထားသည်။

 

ဟွာဆောင် ၁၆ ဒုံးကျည်သည် မြောက်ကိုရီးယား၏ အကြီးဆုံးတိုက်ချင်းပစ်ဒုံးကျည် (ICBM) ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက စစ်ရေးပြပွဲတစ်ခုတွင် ထုတ်ဖော်ပြသခဲ့သော်လည်း ယနေ့အချိန်အထိ စမ်းသပ်ပစ်ခတ်ခြင်းမရှိသေးပေ။

 

“ကျွန်တော်တို့အနေနဲ့ ဘယ်နိုင်ငံနဲ့မှ စစ်ပွဲအကြောင်း စကားမပြောသေးပါဘူး။ အဲဒီအစား စစ်ပွဲကိုတားဆီးဖို့ အ တွက် လက်နက်ထုတ်တာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာကိုကာကွယ်နိုင်ဖို့အတွက် ကာကွယ်ရေးအရန် အတားတွေကို မြှင့်တင်ဆောင်ရွက်နေတာပါ။” ဟု ကင်ဂျုံအန်ကပြောသည်။

 

ကိုရီးယားနှစ်နိုင်ငံသည် လက်နက်ပြိုင်ပွဲများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံစလုံးက ခေတ်မီ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များနှင့် အခြားလက်နက်များကို အပြိုင်အဆိုင် တိုးမြှင့်ထုတ်လုပ်လျက်ရှိသည်။

 

တောင်ကိုရီးယားသည် လတ်တလောကာလတွင် ၎င်းနိုင်ငံ၏ ပထမဦးဆုံး ရေငုပ်သင်္ဘောအခြေစိုက် ပဲ့ထိန်းဒုံး ကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး လေယာဉ်တင်သင်္ဘောအပါအဝင် စစ်လက်နက်ပစ္စည်းသစ်များ တည်ဆောက် ရန် စီစဉ်ထားသည်။ ၎င်းအပြင် တောင်ကိုရီးယားသည် အမေရိကန်ထုတ် F-35 ကိုယ်ပျောက်တိုက်လေယာဉ် များကိုလည်း ဝယ်ယူထားသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ထုတ်လုပ်ရေးစီမံကိန်းမှာ ခေတ်ရှေ့ပြေးနေပြီး ၎င်းတို့၏ နျူကလီးယားဓာတ် ပေါင်းဖိုကိုလည်း စတင်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဓာတ်ပေါင်းဖိုမှ နျူကလီးယားဗုံးများထုတ်လုပ် ရန် လောင်စာအရည်ကိုထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

 

Ref: N Korea’s Kim says US, S Korea threaten peace with arms buildup

 

#PeopleMedia

 

(unicode)


…………………………………………………………………………………..

 


 


 


 


 


 



 


 


 


 


 


 

Ref: N Korea’s Kim says US, S Korea threaten peace with arms buildup

 

#PeopleMedia


Share this post