• Follow Us on

Home အာဇာနည္ေန႔အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ႏွင့္ ဗိုလ္ခ်ဳပ္ေနအိမ္ တို႔ကို အြန္လိုင္းမွ ေလ့လာႏိုင္ေၾကာင္း ေၾကညာ

အာဇာနည္ေန႔အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ႏွင့္ ဗိုလ္ခ်ဳပ္ေနအိမ္ တို႔ကို အြန္လိုင္းမွ ေလ့လာႏိုင္ေၾကာင္း ေၾကညာ

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၀

ယခုလ ၁၃ ရက္တြင္ က်ေရာက္မည့္ ၇၃ ႀကိမ္ေျမာက္အာဇာနည္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္(ရန္ကုန္) ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္(နတ္ေမာက္)တို႔ကို အြန္လိုင္းမွေလ့လာႏိုင္ေၾကာင္း ေရွးေဟာင္းသုတ သနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန အမ်ိဳးသားျပတိုက္(ရန္ကုန္)မွ သတင္းရရွိသည္။

လက္ရွိအခ်ိန္တြင္ Covid-19 ေရာဂါေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္(ရန္ကုန္)ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေန အိမ္ျပတိုက္(နတ္ေမာက္)တို႔ကို ေခတၱပိတ္ထားၿပီး Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွ ခြင့္ျပဳခ်ိန္တြင္ ျပန္လည္ခြင့္ျပဳမည္ျဖစ္သည္။

အထက္ပါျပတိုက္မ်ားကို www.nationalmuseumyangon.gov.mm၊ www.facebook/ nationalmuseu myangon/ႏွင့္ www.generalaungsanmuseum.comတြင္ ၀င္ေရာက္ၾကည့္ရႈႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

#PeopleMedia

(unicode)
အာဇာနည်နေ့အတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် ဗိုလ်ချုပ်နေအိမ် တို့ကို အွန်လိုင်းမှ လေ့လာနိုင်ကြောင်း ကြေညာ
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၀

ယခုလ ၁၃ ရက်တွင် ကျရောက်မည့် ၇၃ ကြိမ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့ကို အွန်လိုင်းမှလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်)မှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် Covid-19 ရောဂါကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေ အိမ်ပြတိုက်(နတ်မောက်)တို့ကို ခေတ္တပိတ်ထားပြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြန်လည်ခွင့်ပြုမည်ဖြစ်သည်။

အထက်ပါပြတိုက်များကို www.nationalmuseumyangon.gov.mm၊ www.facebook/ nationalmuseu myangon/နှင့် www.generalaungsanmuseum.comတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

#PeopleMedia


Share this post