• Follow Us on

Home အာဖဂန်နစ္စတန်မှ စစ်လက်နက်ပစ္စည်းများအား နိုင်ငံပြင်ပသို့ သယ်ဆောင်နေ

အာဖဂန်နစ္စတန်မှ စစ်လက်နက်ပစ္စည်းများအား နိုင်ငံပြင်ပသို့ သယ်ဆောင်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂ (People Media)

 

စစ်လက်နက်ပစ္စည်းများကို အာဖဂန်နစ္စတန်နိုင်ငံပြင်ပသို့ လွှဲပြောင်းပေးပို့နေကြောင်း အာဖဂန်နစ္စတန်အိမ် စောင့်အစိုးရ၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ယဉ်ကျေးမှုကော်မရှင်အဖွဲ့မှ အရာရှိများက စက်တင် ဘာလ ၂၁ ရက်နေ့ကပြောကြားလိုက်သည်။

 

လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုဖိုင်များတွင် ဥဇဘက်ကစ္စတန်သို့ရောက်ရှိနေသော အာဖဂန်လေတပ်မှ ရဟတ်ယာဉ် များကိုတွေ့ရပြီး အီရန်နိုင်ငံအတွင်းသို့သယ်ယူနေသော ဟမ်းဗီးယာဉ်များနှင့် ရိန်းဂျားထရပ်ကားများပုံကိုလည်း ဓာတ်ပုံများတွင် တွေ့မြင်နေရသည်။ အီရန်နိုင်ငံသို့ပို့ဆောင်ခဲ့သည့် စစ်လက်နက်ပစ္စည်းအချို့ကို အာဖဂန်နစ္စ တန်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ယဉ်ကျေးမှုကော်မရှင်အဖွဲ့ဝင် နိုအာမိုဟာမက်မူတာဗကီကပြောသော် လည်း အာဖဂန်နစ္စတန်နိုင်ငံပြင်ပသို့ မည်သူကသယ်ယူသွားကြောင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

 

“အဲဒီစစ်လက်နက်ပစ္စည်းတွေဟာ ကျွန်တော်တို့ပြည်သူတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေပါ။ ဒါ့ကြောင့် အဲဒီစစ်လက် နက်ပစ္စည်းတွေ ပြန်ပို့ပေးဖို့ မေတ္တာရပ်ခံဖို့လိုပါတယ်။ တင့်ကားတွေနဲ့ ရဟတ်ယာဉ်တွေကိုပြောတာပါ။ တချို့ ပစ္စည်းတွေ့တော့ အီရန်ကနေ ဒီနိုင်ငံကို ပြန်ရောက်လာပါပြီ။” ဟု နိုအာမိုဟာမက်မူတာဗကီကပြောသည်။ တပြိုင်တည်းမှာပင် လွှတ်တော်အမတ်အများအပြားနှင့် အာဖဂန်တပ်မတော်အရာရှိဟောင်းများကလည်း ယင်း စစ်လက်နက်ပစ္စည်းများမှာ ပြည်သူပိုင်ပစ္စည်းများဖြစ်၍ နိုင်ငံပြင်ပသို့ သယ်ယူသွားရန် မည်သူ့ကိုမှ ခွင့်မပြုသင့် ကြောင်းပြောဆိုလိုက်သည်။

 

သမ္မတအာရှဖ်ဂါနီထွက်ပြေးသွားပြီး အစိုးရဟောင်းပြိုကွဲသွားပြီးနောက် ရဟတ်ယာဉ်အများအပြားနှင့် ဟမ်းဗီး ယာဉ်အမြောက်အမြား နိုင်ငံပြင်ပသို့ရောက်ရှိသွားကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆာယတ် အာမက်ဆီလက်ဘ်ကပြောသည်။ “အစ္စလာမ်မစ်စော်ဘွားများနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေ တဲ့ အဲဒီစစ်လက်နက်ပစ္စည်းတွေကို ရအောင်ပြန်ယူသင့်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လေတပ်နဲ့ ကြည်းတပ်ပြို ကွဲတာ ဒီတစ်ကြိမ်နဲ့ဆိုရင် တတိယအကြိမ်ဖြစ်နေပါပြီ။ ဒါဟာ ဆုံးရှုံးမှုကြီးတစ်ခုပါ။ ကျွန်တော်ကတော့ အရမ်း စိုးရိမ်မိတယ်။” ဟု အာဖဂန်တပ်မတော်အရာရှိဟောင်း အဗ္ဗဒူဟာဒီကွာရာစီကပြောသည်။

 

ယခင်အစိုးရဟောင်းအာဏာရှိစဉ်အချိန်က အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် အစင်းရေ ၁၆၀ နှင့် သံချပ်ကာဟမ်းဗီးယာဉ် ၂၂,၁၇၆ စီးရှိကြောင်းသိရသည်။ သို့သော် လက်ရှိအချိန်တွင် ယင်းရဟတ်ယာဉ် များနှင့် ဟမ်းဗီးယာဉ်များ နိုင်ငံပြင်ပသို့ မည်မျှရောက်ရှိသွားပြီး နိုင်ငံတွင်း မည်မျှကျန်ရစ်ခဲ့သည်ကို ကွဲကွဲပြား ပြားမသိရပေ။

 

Ref: Military aircraft, vehicles taken out of Afghanistan: officials

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 

Ref: Military aircraft, vehicles taken out of Afghanistan: officials

 

#PeopleMedia


Share this post