• Follow Us on

Home အာဖဂန်နစ္စတန်မှ အိုင်အက်စ်အဖွဲ့ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတိုက်ခိုက်မှုများပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦး သတိပေးပြောဆို

အာဖဂန်နစ္စတန်မှ အိုင်အက်စ်အဖွဲ့ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတိုက်ခိုက်မှုများပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦး သတိပေးပြောဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇ (People Media)

 

အာဖဂန်နစ္စတန်မှ အိုင်အက်စ်အဖွဲ့သည် ခြောက်လမှ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတိုက်ခိုက်မှုများပြုလုပ်လာ နိုင်ဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက အထက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့ များကော်မတီသို့ အောက်တိုဘာလ ၂၆ ရက်နေ့တွင်ပြောကြားလိုက်သည်။

 

မူဝါဒရေးရာကာကွယ်ရေးအတွင်းဝန်၏အကြံပေးအရာရှိဖြစ်သူ ကောလင်းခါးလ်ကလည်း အယ်လ်ကိုင်ဒါအဖွဲ့အ နေဖြင့် အာဖဂန်နစ္စတန်နိုင်ငံပြင်ပတွင် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း တိုက်ခိုက်မှုများပြန်လည်ဆောင်ရွက် လာဖွယ်ရှိကြောင်း အမေရိကန်အရာရှိများ ဆန်းစစ်အကဲဖြတ်မှုကို ထပ်လောင်းပြောဆိုခဲ့သည်။

 

“အဲဒီအကြမ်းဖက်သမားတွေမှာ ဒီလိုရည်ရွယ်ချက်တွေရှိတယ်ဆိုတာ ကျွန်တော်တို့ဆီမှာ ခိုင်လုံတဲ့အထောက် အထားတွေရထားပြီးပါပြီ။ မေးခွန်းထုတ်စရာကတော့ သူတို့ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မေးခွန်းထုတ်စရာရှိပါတယ်။” ဟု ကောလင်းခါးလ်ကပြောသည်။

 

ထောက်လှမ်းရေးသတင်းများဆန်းစစ်လေ့လာအကဲဖြတ်မှုမှာ အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက ကြား ဖြတ်ဆောင်ရွက်မှုများအပေါ် အခြေပြု၍ ဆောင်ရွက်ထားခြင်းမဟုတ်ကြောင်း ကောလင်းခါးလ်နျင့်အတူ ဖြေ ကြားခဲ့သည့် ပူးတွဲစစ်ဦးစီးချုပ်များ၏ စစ်ဆင်ရေးညွှန်ကြားရေးမှူးဒုတိယဗိုလ်မှူးကြီး ဂျိမ်းစ်မင်းဂက်စ်က ပြော သည်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏အမိန့်အရ အမေရိကန်တပ်ဖွဲ့ဝင်များသည် အနှစ်နှစ်ဆယ်ကြာစစ်ပွဲတစ်ခုကို အ ဆုံးသတ်ခဲ့ပြီး သြဂုတ်လအကုန်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ အပြီးဆုတ်ခွာခဲ့ကြသည်။

 

အမေရိကန်တပ်မတော်အနေဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှုများကို “over-the-horizon” forces ခေါ် တပ်ဖွဲ့ဝင် များ၊ လက်နက်များကို အာဖဂန်နစ္စတန်နိုင်ငံပြင်ပတွင် အခြေပြု၍ တစ်နည်းအားဖြင့် အဝေးမှနေ၍ စောင့်ကြည့် လေ့လာနိုင်ကြောင်း ဘိုင်ဒန်အစိုးရအရာရှိများကပြောသည်။

 

သို့သော် အမေရိကန်တပ်မတော်အနေဖြင့် အဝေးရောက်ဆန်းစစ်လေ့လာမှုပြုလုပ်လေ့ရှိသည့် အခြားနိုင်ငံများ နှင့်မတူသည်မှာ အာဖဂန်နစ္စတန်သည်ကုန်းပိတ်နိုင်ငံဖြစ်နေပြီး အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ သည် အမေရိကန်နှင့်တပ်စခန်းအခြေချခွင့်သဘောတူညီချက်ရရှိထားသည့် နိုင်ငံများမဟုတ်ခြင်းပင်ဖြစ်သည်။

 

Ref: ISIS in Afghanistan Might Be Able to Launch International Attacks Within a Year, Pentagon Official Warns

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: ISIS in Afghanistan Might Be Able to Launch International Attacks Within a Year, Pentagon Official Warns

 

#PeopleMedia


Share this post