• Follow Us on

Home အိုမီခရွန်ရောဂါပိုးသည် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း (၁၁၅) နိုင်ငံတွင် ပျံ့နှံ့ လျက်ရှိကြောင်း ကျန်မာရေးဝန်ကြီးဌာန ထုတ်ပြန်

အိုမီခရွန်ရောဂါပိုးသည် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း (၁၁၅) နိုင်ငံတွင် ပျံ့နှံ့ လျက်ရှိကြောင်း ကျန်မာရေးဝန်ကြီးဌာန ထုတ်ပြန်

Share this post

 

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ (People Media)

 

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်အပါ အဝင် နိုင်ငံပေါင်း (၁၁၅) နိုင်ငံတွင် ပျံ့နှံ့လျက်ရှိကြောင်း ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် ဒီဇင်ဘာလ ၂၆ရက်နေ့ (၁၇:၀၀) နာရီ အချိန်အထိ နိုင်ငံပေါင်း (၁၁၅) နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိကာ အတည်ပြုလူနာ စုစုပေါင်း (၁၈၄,၅၉၂) ဦးရှိပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစ တြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြုတွေ့ရှိရပြီးဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများဖြစ်သော သီရိလင်္ကာ နိုင်ငံ၊ နီပေါနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိကြောင်း ထုတ်ပြန် ထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက် ကူးစက်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါ၍ ပြည်သူလူထုအနေဖြင့် လည်း အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလ သည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်းစသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် မိမိတို့နိုင်ငံသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများ ဝင်ရောက်ကူးစက်မလာစေရေး ကျန်း မာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေသည့်လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်ထားသည်။

 

#PeopleMedia #COVID19

 

(unicode)


……………………………………………………………….

 


 


 


 


 

#PeopleMedia #COVID19


Share this post