• Follow Us on

Home အိႏိၵယတြင္ အေဆာက္အဦၿပိဳက်ၿပီးေနာက္ အနည္းဆံုးလူ ၂၀ ေသဆံုး

အိႏိၵယတြင္ အေဆာက္အဦၿပိဳက်ၿပီးေနာက္ အနည္းဆံုးလူ ၂၀ ေသဆံုး

Share this post

မြမ္ဘိုင္း၊ စက္တင္ဘာ ၂၂
 
အိႏၵိယႏိုင္ငံ၏ဘ႑ာေရးၿမိဳ႕ေတာ္မြမ္ဘိုင္းအနီး႐ွိ ဘီ၀န္ဒီၿမိဳ႕တြင္ ၃ ထပ္အေဆာက္အဦတစ္ခုၿပိဳက်ခဲ့ၿပီးေနာက္ အနည္းဆံုးလူ ၂၀ ေသဆံုးၿပီး ေနာက္ထပ္ ၂၅ ေယာက္ပိတ္မိေနသည္ဟု အာဏာပိုင္မ်ားကေျပာသည္။
 
မနက္အေစာပိုင္းတြင္ ၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္းလည္းေျပာသည္။ အပ်က္အစီးမ်ားေအာက္မွအသက္ ၄ ႏွစ္ႏွင့္ ၇ ႏွစ္႐ွိကေလး ၂ ေယာက္အပါအ၀င္ အသက္႐ွင္သူအေယာက္ ၂၀ ကို အမ်ိဳးသားသဘာ၀ေဘး တံု႔ျပန္ေရးအဖြဲ႔ကကယ္ထုတ္ႏိုင္သျဖင့္ ေဒသခံမ်ားက ၀မ္းေျမာက္ေနၾကသည္။
 
အပ်က္အစီးမ်ားအတြင္းမွလူ ၂၀ ကိုအေရးေပၚလုပ္သားမ်ား ျပန္ရခဲ့ေၾကာင္းလည္း အဖြဲ႔ေျပာခြင့္ရသူက သတင္းေထာက္မ်ားကိုေျပာသည္။
 
အပ်က္အစီးမ်ားေအာက္တြင္ အေလာင္းမ်ားက်န္ေနႏုိင္သျဖင့္ ေသဆံုးသူထပ္တိုးလာႏိုင္သည္ဟု အဖြဲ႔ညႊန္ၾကားေရးမွဴးခ်ဳပ္ ဆတ္ယာ နာရာယန္ ပရာဟန္က တြစ္တာတြင္ေျပာသည္။
 
အေဆာက္အဦတစ္၀က္ခန္႔ၿပိဳက်ခဲ့ၿပီး မိသားစု ၂၆ စုခန္႔ပိတ္မိေနသည္ဟုယူဆေၾကာင္း ၿမိဳ႕ေတာ္စည္ပင္မဟာမင္းႀကီး ပန္ကတ္ အာ႐ွီရာက သတင္းေထာက္မ်ားကိုေျပာသည္။
 
၃ ထပ္တြင္ အခန္း ၅၄ ခန္း႐ွိသည့္အေဆာက္အဦ မည္သည့္အေၾကာင္္းေၾကာင့္ၿပိဳက်ရျခင္းမ႐ွင္းလင္းေသးေခ်။
 
အမ်ိဳးသားသဘာ၀ေဘးတံု႔ျပန္ေရးအဖြဲ႔မွ လူ ၃၀ အပါအ၀င္ ကယ္ဆယ္ေရးလုပ္သား ၄၀ ေက်ာ္အခင္းျဖစ္ ပြားရာတြင္႐ွိေနသည္။
 
ထိုအေဆာက္အဦသည္္ ႏွစ္ ၃၀ ေက်ာ္သက္တမ္း႐ွိေနၿပီး ျပဳျပင္ရန္လိုအပ္ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္အလံု ပိတ္ကန္႔သတ္မႈမ်ားေၾကာင့္ မလုပ္ႏုိင္ျခင္းျဖစ္သည္ဟု အာ႐ွီရာကေျပာသည္။
 
Ref : At least 20 dead after building collapses in India, dozens feared trapped
 
#PeopleMedia
 
(Unicode)
အိန္ဒိယတွင် အဆောက်အဦပြိုကျပြီးနောက် အနည်းဆုံးလူ ၂၀ သေဆုံး
…………………………………………
 
မွမ်ဘိုင်း၊ စက်တင်ဘာ ၂၂
 
အိန္ဒိယနိုင်ငံ၏ဘဏ္ဍာရေးမြို့တော်မွမ်ဘိုင်းအနီးရှိ ဘီဝန်ဒီမြို့တွင် ၃ ထပ်အဆောက်အဦတစ်ခုပြိုကျခဲ့ပြီးနောက် အနည်းဆုံးလူ ၂၀ သေဆုံးပြီး နောက်ထပ် ၂၅ ယောက်ပိတ်မိနေသည်ဟု အာဏာပိုင်များကပြောသည်။
 
မနက်အစောပိုင်းတွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်းလည်းပြောသည်။ အပျက်အစီးများအောက်မှအသက် ၄ နှစ်နှင့် ၇ နှစ်ရှိကလေး ၂ ယောက်အပါအဝင် အသက်ရှင်သူအယောက် ၂၀ ကို အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးအဖွဲ့ကကယ်ထုတ်နိုင်သဖြင့် ဒေသခံများက ဝမ်းမြောက်နေကြသည်။
 
အပျက်အစီးများအတွင်းမှလူ ၂၀ ကိုအရေးပေါ်လုပ်သားများ ပြန်ရခဲ့ကြောင်းလည်း အဖွဲ့ပြောခွင့်ရသူက သတင်းထောက်များကိုပြောသည်။
 
အပျက်အစီးများအောက်တွင် အလောင်းများကျန်နေနိုင်သဖြင့် သေဆုံးသူထပ်တိုးလာနိုင်သည်ဟု အဖွဲ့ညွှန်ကြားရေးမှူးချုပ် ဆတ်ယာ နာရာယန် ပရာဟန်က တွစ်တာတွင်ပြောသည်။
 
အဆောက်အဦတစ်ဝက်ခန့်ပြိုကျခဲ့ပြီး မိသားစု ၂၆ စုခန့်ပိတ်မိနေသည်ဟုယူဆကြောင်း မြို့တော်စည်ပင်မဟာမင်းကြီး ပန်ကတ် အာရှီရာက သတင်းထောက်များကိုပြောသည်။
 
၃ ထပ်တွင် အခန်း ၅၄ ခန်းရှိသည့်အဆောက်အဦ မည်သည့်အကြောင််းကြောင့်ပြိုကျရခြင်းမရှင်းလင်းသေးချေ။
 
အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့မှ လူ ၃၀ အပါအဝင် ကယ်ဆယ်ရေးလုပ်သား ၄၀ ကျော်အခင်းဖြစ် ပွားရာတွင်ရှိနေသည်။
 
ထိုအဆောက်အဦသည်် နှစ် ၃၀ ကျော်သက်တမ်းရှိနေပြီး ပြုပြင်ရန်လိုအပ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်အလုံ ပိတ်ကန့်သတ်မှုများကြောင့် မလုပ်နိုင်ခြင်းဖြစ်သည်ဟု အာရှီရာကပြောသည်။
 
Ref : At least 20 dead after building collapses in India, dozens feared trapped
 
#PeopleMedia

Share this post