• Follow Us on

Home အိႏိၵယ-ျမန္မာနယ္စပ္မွ အိႏိၵယသူပုန္အဖြဲ႕မ်ားကို တ႐ုတ္ကူညီေနဟုစြပ္စြဲ

အိႏိၵယ-ျမန္မာနယ္စပ္မွ အိႏိၵယသူပုန္အဖြဲ႕မ်ားကို တ႐ုတ္ကူညီေနဟုစြပ္စြဲ

Share this post

နယူးေဒလီ၊ ဒီဇင္ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မၾကာေသးမီလမ်ားအတြင္း အိႏိၵယ-ျမန္မာနယ္စပ္တြင္ တိုက္ခိုက္မႈမ်ားအ႐ွိန္ႁမွင့္ေနသည့္သူပုန္အုပ္စုမ်ားကို တ႐ုတ္ႏိုင္ငံက ကူညီေနသည္ဟု အိႏၵိယအရာ႐ွိမ်ားကေျပာသည္။

ျမန္မာႏိုင္ငံမွ UWSA ႏွင့္ AA တို႔ကဲ့သို႔ေသာလက္နက္ကိုင္အဖြဲ႔မ်ားက တ႐ုတ္ႏိုင္ငံ၏ကိုယ္စားလွယ္အေနျဖင့္ အိႏိၵယအေ႐ွ႕ေျမာက္ပိုင္း႐ွိေသာင္းက်န္းသူမ်ားကို လက္နက္မ်ားႏွင့္ပုန္းခိုရာေနရာမ်ားေထာက္ပံ့ေနေၾကာင္း ထိုအေျခအေနကိုသိ႐ွိထားၿပီး မီဒီယာမ်ားကိုထုတ္ေျပာခ်ိန္တြင္ စည္းကမ္းမ်ားေၾကာင့္ အမည္မေဖာ္လိုသည့္ အိႏၵိယအရာ႐ွိမ်ားကေျပာသည္။

ၿပီးခဲ့သည့္ေအာက္တိုဘာလအေစာပိုင္းအထိ အိႏၵိယႏိုင္ငံ၏အလိုအ႐ွိဆံုး ေသာင္းက်န္းသူေခါင္းေဆာင္အနည္း ဆံုး ၄ ေယာက္က တ႐ုတ္ႏိုင္ငံေတာင္ပိုင္း႐ွိ ကူမင္းၿမိဳ႕သို႔သြားကာ ေလ့က်င့္ရန္ႏွင့္ လက္နက္မ်ားရယူခဲ့ ေၾကာင္း လံုၿခံဳေရးေအဂ်င္စီအမ်ားအျပားက ၀န္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီအစိုးရကို သတိေပးထားေၾကာင္းလည္း အရာ႐ွိမ်ားကေျပာသည္။

နာဂသူပုန္အဖြဲ႔မ်ားမွ ၃ ေယာက္ပါ၀င္ေသာထိုလူစုသည္ ကူမင္းတြင္ တာ၀န္ထမ္းေဆာင္ေနဆဲႏွင့္ အၿငိမ္းစား တ႐ုတ္စစ္တပ္အရာ႐ွိႀကီးမ်ားႏွင့္ေတြ႕ဆံုခဲ့ၿပီး တရားမ၀င္ကြန္ရက္တခုဖြဲ႔စည္းခဲ့ေၾကာင္းလည္း အိႏၵိယ အရာ႐ွိမ်ားကေျပာသည္။

ေအာက္တိုဘာ ၂၁ ရက္က ျမန္မာနယ္စပ္တြင္ တပ္ဖြဲ႔၀င္တေယာက္ျခံဳခိုတိုက္ခိုက္ခံရသျဖင့္ ေသဆံုးၿပီး ေနာက္ပိုင္း တပ္ဖြဲ႔၀င္ ၁၀၀၀ စီပါ၀င္ေသာတပ္ရင္းအမ်ားအျပားကို နယ္စပ္သို႔ေ႐ႊ႕ေျပာင္းေနရာယူထား သည္ဟုလည္း အရာ႐ွိမ်ားကေျပာသည္။

အိႏိၵယလက္နက္ကိုင္မ်ားကိုေထာက္ပံ့ေနျခင္းမ႐ွိေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ျငင္းဆိုထားၿပီး အျခားႏိုင္ငံမ်ား၏အေရးကိစၥမ်ားတြင္ ၀င္စြက္ဖက္ျခင္းမ႐ွိေၾကာင္းေျပာသည္။

UWSA(၀တပ္ဖြဲ႕)ကလည္း ဌာနခ်ဳပ္ႏွင့္အိႏၵိယ(ျမန္မာ)နယ္စပ္ၾကားတြင္ မိုင္ ၅၀၀ ေက်ာ္႐ွိေနသည့္အခ်က္ကို ေထာက္ျပၿပီး တ႐ုတ္ကိုယ္စားအိႏိၵယသူပုန္တပ္ဖြဲ႕မ်ားကို ေထာက္ပံ့ေပးေနျခင္းမ႐ွိေၾကာင္း ျငင္းဆိုထားသည္။

Ref : India Accuses China of Helping Rebel Groups on Myanmar Border

#PeopleMedia

(unicode)
အိန္ဒိယ-မြန်မာနယ်စပ်မှ အိန္ဒိယသူပုန်အဖွဲ့များကို တရုတ်ကူညီနေဟုစွပ်စွဲ
………………………………………….

နယူးဒေလီ၊ ဒီဇင်ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မကြာသေးမီလများအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တွင် တိုက်ခိုက်မှုများအရှိန်မြှင့်နေသည့်သူပုန်အုပ်စုများကို တရုတ်နိုင်ငံက ကူညီနေသည်ဟု အိန္ဒိယအရာရှိများကပြောသည်။

မြန်မာနိုင်ငံမှ UWSA နှင့် AA တို့ကဲ့သို့သောလက်နက်ကိုင်အဖွဲ့များက တရုတ်နိုင်ငံ၏ကိုယ်စားလှယ်အနေဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းရှိသောင်းကျန်းသူများကို လက်နက်များနှင့်ပုန်းခိုရာနေရာများထောက်ပံ့နေကြောင်း ထိုအခြေအနေကိုသိရှိထားပြီး မီဒီယာများကိုထုတ်ပြောချိန်တွင် စည်းကမ်းများကြောင့် အမည်မဖော်လိုသည့် အိန္ဒိယအရာရှိများကပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလအစောပိုင်းအထိ အိန္ဒိယနိုင်ငံ၏အလိုအရှိဆုံး သောင်းကျန်းသူခေါင်းဆောင်အနည်း ဆုံး ၄ ယောက်က တရုတ်နိုင်ငံတောင်ပိုင်းရှိ ကူမင်းမြို့သို့သွားကာ လေ့ကျင့်ရန်နှင့် လက်နက်များရယူခဲ့ ကြောင်း လုံခြုံရေးအေဂျင်စီအများအပြားက ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအစိုးရကို သတိပေးထားကြောင်းလည်း အရာရှိများကပြောသည်။

နာဂသူပုန်အဖွဲ့များမှ ၃ ယောက်ပါဝင်သောထိုလူစုသည် ကူမင်းတွင် တာဝန်ထမ်းဆောင်နေဆဲနှင့် အငြိမ်းစား တရုတ်စစ်တပ်အရာရှိကြီးများနှင့်တွေ့ဆုံခဲ့ပြီး တရားမဝင်ကွန်ရက်တခုဖွဲ့စည်းခဲ့ကြောင်းလည်း အိန္ဒိယ အရာရှိများကပြောသည်။

အောက်တိုဘာ ၂၁ ရက်က မြန်မာနယ်စပ်တွင် တပ်ဖွဲ့ဝင်တယောက်ခြုံခိုတိုက်ခိုက်ခံရသဖြင့် သေဆုံးပြီး နောက်ပိုင်း တပ်ဖွဲ့ဝင် ၁၀၀၀ စီပါဝင်သောတပ်ရင်းအများအပြားကို နယ်စပ်သို့ရွှေ့ပြောင်းနေရာယူထား သည်ဟုလည်း အရာရှိများကပြောသည်။

အိန္ဒိယလက်နက်ကိုင်များကိုထောက်ပံ့နေခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုထားပြီး အခြားနိုင်ငံများ၏အရေးကိစ္စများတွင် ဝင်စွက်ဖက်ခြင်းမရှိကြောင်းပြောသည်။

UWSA(ဝတပ်ဖွဲ့)ကလည်း ဌာနချုပ်နှင့်အိန္ဒိယ(မြန်မာ)နယ်စပ်ကြားတွင် မိုင် ၅၀၀ ကျော်ရှိနေသည့်အချက်ကို ထောက်ပြပြီး တရုတ်ကိုယ်စားအိန္ဒိယသူပုန်တပ်ဖွဲ့များကို ထောက်ပံ့ပေးနေခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

Ref : India Accuses China of Helping Rebel Groups on Myanmar Border

#PeopleMedia


Share this post