• Follow Us on

Home အိႏၵိယနိုင္ငံက အသံထက္ျမန္ေသာ ဘရာေမာ့စ္ဒုံးက်ည္ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္

အိႏၵိယနိုင္ငံက အသံထက္ျမန္ေသာ ဘရာေမာ့စ္ဒုံးက်ည္ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္

Share this post

နိုင္ငံတကာ၊ေအာက္တိုဘာ-၁
အိႏၵိယနိုင္ငံက အကြာအေဝး ပိုမိုေရာက္ရွိနိုင္ေသာ အသံထန္ျမန္သည့္ ခ႐ုဇ္ဒုံးက်ည္ “ဘရာေမာ့စ္” ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း ေဒသႏၲရမီဒီယာမ်ားက ယေန႔ ေဖာ္ျပခဲ့ၾကသည္။
ဒုံးက်ည္က ကီလိုမီတာ ၄၀၀ အကြာမွ ပစ္မွတ္မ်ားကို ထိမွန္ခဲ့ေၾကာင္း သိရသည္။ ဒုံးက်ည္စမ္းသပ္ပစ္ ခတ္မႈကို ကာကြယ္ေရး သုေတသနႏွင့္ ဖြံ့ၿဖိဳးေရးအဖြဲ႕အစည္း (DRDO) ၏ ပီေဂ်-၁၀ စီမံကိန္းအရ လုပ္ေဆာင္ခဲ့ ျခင္းျဖစ္ေၾကာင္း ေဒသႏၲရသတင္းဌာနတစ္ခုက ေဖာ္ျပခဲ့သည္။
“ဒါဟာ အသံထက္ျမန္တဲ့ ဘရာေမာ့စ္ မူကြဲအမ်ိဳးအစားဒုံးက်ည္ ဒုတိယအႀကိမ္ စမ္းစပ္ပစ္လႊတ္မႈ ျဖစ္ပါ တယ္” ဒုံးက်ည္အစိတ္အပိုင္းေတြအားလုံးက ျပည္တြင္းျဖစ္ေတြျဖစ္ပါတယ္” ဟု အဆိုပါမီဒီယာက ေဖာ္ျပခဲ့ သည္။
ဘရာေမာ့စ္ဒုံးက်ည္ဆိုသည္မွာ ေရငုပ္သေဘၤာမ်ား၊ စစ္သေဘၤာမ်ား၊ ဂ်က္တိုက္ေလယာဥ္မ်ား သို႔မဟုတ္ ကုန္းေျမေပၚမွ ပစ္လႊတ္နိုင္သည့္ အသံထက္ျမန္ေသာ တာလတ္ခ႐ုဇ္ဒုံးက်ည္တစ္မ်ိဳးျဖစ္သည္။
ဘရာေမာ့စ္ဒုံးက်ည္မ်ားကို ကာကြယ္ေရး သုေတသနႏွင့္ ဖြံ့ၿဖိဳးေရးအဖြဲ႕အစည္း (DRDO) ႏွင့္ ႐ုရွားနိုင္ငံ နိုင္ငံပိုင္လုပ္ငန္းတစ္ခုျဖစ္သည့္ Mashinostroyenia တို႔ၾကား ဖက္စပ္လုပ္ငန္းတစ္ခုအျဖစ္ ထုတ္လုပ္ျခင္းျဖစ္ သည္။
ကနဦးတြင္ ကီလိုဂရမ္ ၃၀၀ အေလးခ်ိန္ရွိေသာ သမားရိုးက် ထိပ္ဖူးတစ္ခု သယ္ေဆာင္နိုင္ေသာ အကြာ အေဝး ကီလိုမီတာ ၂၉၀ အထိ ေရာက္ရွိနိုင္ေသာ ဘရာေမာ့စ္ဒုံးက်ည္မ်ား ထုတ္လုပ္ခဲ့သည္။
–ကိုးကား–
ဆင္ဟြာ
Ref; India successfully test-fires BrahMos supersonic cruise missile with extended range

(unicode)

အိန္ဒိယနိုင်ငံက အသံထက်မြန်သော ဘရာမော့စ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
နိုင်ငံတကာ၊အောက်တိုဘာ-၁
အိန္ဒိယနိုင်ငံက အကွာအဝေး ပိုမိုရောက်ရှိနိုင်သော အသံထန်မြန်သည့် ခရုဇ်ဒုံးကျည် “ဘရာမော့စ်” အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဒေသန္တရမီဒီယာများက ယနေ့ ဖော်ပြခဲ့ကြသည်။
ဒုံးကျည်က ကီလိုမီတာ ၄၀၀ အကွာမှ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း သိရသည်။ ဒုံးကျည်စမ်းသပ်ပစ် ခတ်မှုကို ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (DRDO) ၏ ပီဂျေ-၁၀ စီမံကိန်းအရ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသန္တရသတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
“ဒါဟာ အသံထက်မြန်တဲ့ ဘရာမော့စ် မူကွဲအမျိုးအစားဒုံးကျည် ဒုတိယအကြိမ် စမ်းစပ်ပစ်လွှတ်မှု ဖြစ်ပါ တယ်” ဒုံးကျည်အစိတ်အပိုင်းတွေအားလုံးက ပြည်တွင်းဖြစ်တွေဖြစ်ပါတယ်” ဟု အဆိုပါမီဒီယာက ဖော်ပြခဲ့ သည်။
ဘရာမော့စ်ဒုံးကျည်ဆိုသည်မှာ ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊ ဂျက်တိုက်လေယာဉ်များ သို့မဟုတ် ကုန်းမြေပေါ်မှ ပစ်လွှတ်နိုင်သည့် အသံထက်မြန်သော တာလတ်ခရုဇ်ဒုံးကျည်တစ်မျိုးဖြစ်သည်။
ဘရာမော့စ်ဒုံးကျည်များကို ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (DRDO) နှင့် ရုရှားနိုင်ငံ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သည့် Mashinostroyenia တို့ကြား ဖက်စပ်လုပ်ငန်းတစ်ခုအဖြစ် ထုတ်လုပ်ခြင်းဖြစ် သည်။
ကနဦးတွင် ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိသော သမားရိုးကျ ထိပ်ဖူးတစ်ခု သယ်ဆောင်နိုင်သော အကွာ အဝေး ကီလိုမီတာ ၂၉၀ အထိ ရောက်ရှိနိုင်သော ဘရာမော့စ်ဒုံးကျည်များ ထုတ်လုပ်ခဲ့သည်။
–ကိုးကား–
ဆင်ဟွာ
Ref; India successfully test-fires BrahMos supersonic cruise missile with extended range


Share this post