• Follow Us on

Home အိႏၵိယႏိုင္ငံသို႔ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ႐ုရွားႏိုင္ငံ ေရာင္းခ်မည္

အိႏၵိယႏိုင္ငံသို႔ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ႐ုရွားႏိုင္ငံ ေရာင္းခ်မည္

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၇

အိႏၵိယေဆးဝါးကုမၸဏီ Dr Reddy’s Laboratories သို႔ စပြတ္ညစ္-ဗြီ ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ေရာင္းခ်ရန္ သေဘာတူခဲ့ဟု ႐ုရွားႏိုင္ငံ၏ ဗိုင္းရပ္စ္ကာကြယ္ေဆးစီမံကိန္းကို ေငြေၾကးမတည္ေသာ Sovereign Wealth Fund က ေျပာၾကားလိုက္သည္။

႐ုရွားႏိုင္ငံက ျပည္ပသို႔ စပြတ္ညစ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ျဖန္႔ျဖဴးသည့္စီမံခ်က္မ်ား အရွိန္ျမႇင့္ လုပ္ေဆာင္လ်က္ရွိသည္။

႐ုရွားတိုက္႐ိုက္ ရင္းႏွီးျမဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ (RDIF) က ႐ုရွားႏိုင္ငံမွ ေရနံႏွင့္လက္နက္မ်ား အဓိကဝယ္ယူ ရာ အိႏၵိယႏိုင္ငံ၌ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၃၀၀ ထုတ္လုပ္ရန္ အိႏၵိယေဆးဝါးကုမၸဏီမ်ားႏွင့္ သ ေဘာတူညီမႈမ်ား ရရွိၿပီးေနာက္ ယခုသေဘာတူညီခ်က္ ျဖစ္လာခဲ့ျခင္းျဖစ္သည္။

အိႏၵိယႏိုင္ငံ၏ ထိပ္တန္းေဆးဝါးကုမၸဏီတစ္ခုျဖစ္သည့္ Dr Reddy’s Laboratories က အိႏၵိယႏိုင္ငံ၌ ဗိုင္းရပ္စ္ကာကြယ္ေဆး အဆင့္ ၃ လက္ေတြ႕စမ္းသပ္မႈမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း RDIF က ထုတ္ျပန္ခ်က္ တစ္ခုအတြင္း ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံသို႔ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ေပးပို႔မႈကို ယခုႏွစ္ကုန္တြင္ စတင္ႏိုင္ၿပီး အိႏၵိယႏိုင္ငံရွိ အာ ဏာပိုင္မ်ား၏ စမ္းသပ္မႈမ်ားၿပီးစီးမႈႏွင့္ မွတ္ပုံတင္ျခင္းတို႔သာ သက္ဆိုင္ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

႐ုရွားႏိုင္ငံက အဆင့္ ၃ လက္ေတြ႕စမ္းသပ္မႈမ်ား မၿပီးစီးမီ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးတစ္မ်ိဳးကို ခြင့္ ျပဳသည့္ ကမၻာ့ပထမဆုံးတိုင္းျပည္ျဖစ္ခဲ့သည္။

သို႔ေသာ္လည္း သိပၸံပညာရွင္မ်ား၊ ဆရာဝန္မ်ားက ႐ုရွားႏိုင္ငံလုပ္ စပြတ္ညစ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး ၏ ေဘးအႏၲရာယ္ကင္းမႈ၊ ထိေရာက္မႈႏွင့္ပတ္သက္၍ စိုးရိမ္မႈရွိေနၾကသည္။

စပြတ္ညစ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး အဆင့္ ၁ ႏွင့္ အဆင့္ ၂ စမ္းသပ္မႈရလဒ္မ်ားက အလားအလာ ေကာင္းမ်ား ျပသခဲ့ေၾကာင္း Dr Reddy’s Laboratories ၏ ပူးတြဲဥကၠဌ ဂ်ီဗြီပရာဆတ္အား ကိုးကား၍ RDIF က ထုတ္ျပန္ခ်က္အတြင္း ေျပာၾကားခဲ့သည္။

ကိုးကား – တိုင္းမ္ေအာ့အိႏၵိယ

Ref; Russia to sell 100 million doses of Covid-19 vaccine to India

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံသို့ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ရုရှားနိုင်ငံ ရောင်းချမည်
……………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၇

အိန္ဒိယဆေးဝါးကုမ္ပဏီ Dr Reddy’s Laboratories သို့ စပွတ်ညစ်-ဗွီ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ရောင်းချရန် သဘောတူခဲ့ဟု ရုရှားနိုင်ငံ၏ ဗိုင်းရပ်စ်ကာကွယ်ဆေးစီမံကိန်းကို ငွေကြေးမတည်သော Sovereign Wealth Fund က ပြောကြားလိုက်သည်။

ရုရှားနိုင်ငံက ပြည်ပသို့ စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဖြန့်ဖြူးသည့်စီမံချက်များ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

ရုရှားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့ (RDIF) က ရုရှားနိုင်ငံမှ ရေနံနှင့်လက်နက်များ အဓိကဝယ်ယူ ရာ အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ ထုတ်လုပ်ရန် အိန္ဒိယဆေးဝါးကုမ္ပဏီများနှင့် သ ဘောတူညီမှုများ ရရှိပြီးနောက် ယခုသဘောတူညီချက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Dr Reddy’s Laboratories က အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် ၃ လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း RDIF က ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ပေးပို့မှုကို ယခုနှစ်ကုန်တွင် စတင်နိုင်ပြီး အိန္ဒိယနိုင်ငံရှိ အာ ဏာပိုင်များ၏ စမ်းသပ်မှုများပြီးစီးမှုနှင့် မှတ်ပုံတင်ခြင်းတို့သာ သက်ဆိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရုရှားနိုင်ငံက အဆင့် ၃ လက်တွေ့စမ်းသပ်မှုများ မပြီးစီးမီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို ခွင့် ပြုသည့် ကမ္ဘာ့ပထမဆုံးတိုင်းပြည်ဖြစ်ခဲ့သည်။

သို့သော်လည်း သိပ္ပံပညာရှင်များ၊ ဆရာဝန်များက ရုရှားနိုင်ငံလုပ် စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး ၏ ဘေးအန္တရာယ်ကင်းမှု၊ ထိရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေကြသည်။

စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် ၁ နှင့် အဆင့် ၂ စမ်းသပ်မှုရလဒ်များက အလားအလာ ကောင်းများ ပြသခဲ့ကြောင်း Dr Reddy’s Laboratories ၏ ပူးတွဲဥက္ကဌ ဂျီဗွီပရာဆတ်အား ကိုးကား၍ RDIF က ထုတ်ပြန်ချက်အတွင်း ပြောကြားခဲ့သည်။

ကိုးကား – တိုင်းမ်အော့အိန္ဒိယ

Ref; Russia to sell 100 million doses of Covid-19 vaccine to India

#PeopleMedia


Share this post