• Follow Us on

Home အိႏၵိယ – ျမန္မာ – ထိုင္းအေဝးေျပးလမ္းစီမံကိန္းတြင္ ပါ၀င္ရန္စိတ္၀င္စားေနေၾကာင္း ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ေျပာ

အိႏၵိယ – ျမန္မာ – ထိုင္းအေဝးေျပးလမ္းစီမံကိန္းတြင္ ပါ၀င္ရန္စိတ္၀င္စားေနေၾကာင္း ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ေျပာ

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိႏၵိယ- ျမန္မာ-ထိုင္းအေဝးေျပးလမ္းစီမံကိန္းတြင္ ဘဂၤလားေဒ့ရွ္နိုင္ငံပူးေပါင္းပါဝင္ရန္ စိတ္ဝင္စားေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာကေျပာသည္။

ဒီဇင္ဘာလ ၁၇ ရက္က အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီႏွင့္ အြန္လိုင္းထိပ္သီးအစည္းအေး၀းျပဳလုပ္ရာတြင္ ေျပာျခင္းျဖစ္သည္။

ေတာင္အာ႐ွႏွင့္အေ႐ွ႕ေတာင္အာ႐ွအျပန္အလွန္ဆက္သြယ္မႈျမွင္တင္ရန္ရည္႐ြယ္ၿပီး ယခုစီမံကိန္းတြင္ပါ၀င္ခြင့္ ရေရး အိႏၵိယႏိုင္ငံကေထာက္ခံေပးရန္လည္း ေတာင္းဆိုသည္ဟု ထိပ္သီးအစည္အေ၀းအၿပီး ထုတ္ျပန္ခ်က္ တြင္ပါ၀င္သည္။

အျပန္အလွန္အေနျဖင့္ အိႏၵိယႏိုင္ငံမွ အေနာက္ဘင္ေဂါျပည္နယ္ႏွင့္ မက္ဂါဟာလာျပည္နယ္တို႔ကို ဘဂၤလား ေဒ့႐ွ္ႏိုင္ငံကိုျဖတ္ၿပီးခ်ိတ္ဆက္ေရးခြင့္ျပဳရန္လည္း အိႏၵိယဘက္က ဘဂၤလားေဒ့႐ွ္ကိုေတာင္းဆိုခဲ့သည္။

ကုလသမဂၢလံုျခံဳေရးေကာင္စီယာယီအဖြဲ႕၀င္ျဖစ္လာသည့္ အိႏိၵယႏိုင္ငံအေနျဖင့္ ဘဂၤါလီ(မူရင္းတြင္႐ို ဟင္ဂ်ာဟုေဖာ္ျပ)မ်ား ျမန္မာႏိုင္ငံသို႔ေနရပ္ျပန္ေရးကူညီရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက တိုက္တြန္းခဲ့သည္။

#PeopleMedia

(unicode)
အိန္ဒိယ – မြန်မာ – ထိုင်းအဝေးပြေးလမ်းစီမံကိန်းတွင် ပါဝင်ရန်စိတ်ဝင်စားနေကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြော
………………………………………………..

ဒါကာ၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိန္ဒိယ- မြန်မာ-ထိုင်းအဝေးပြေးလမ်းစီမံကိန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံပူးပေါင်းပါဝင်ရန် စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာကပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်က အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် အွန်လိုင်းထိပ်သီးအစည်းအေးဝးပြုလုပ်ရာတွင် ပြောခြင်းဖြစ်သည်။

တောင်အာရှနှင့်အရှေ့တောင်အာရှအပြန်အလှန်ဆက်သွယ်မှုမြှင်တင်ရန်ရည်ရွယ်ပြီး ယခုစီမံကိန်းတွင်ပါဝင်ခွင့် ရရေး အိန္ဒိယနိုင်ငံကထောက်ခံပေးရန်လည်း တောင်းဆိုသည်ဟု ထိပ်သီးအစည်အဝေးအပြီး ထုတ်ပြန်ချက် တွင်ပါဝင်သည်။

အပြန်အလှန်အနေဖြင့် အိန္ဒိယနိုင်ငံမှ အနောက်ဘင်ဂေါပြည်နယ်နှင့် မက်ဂါဟာလာပြည်နယ်တို့ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကိုဖြတ်ပြီးချိတ်ဆက်ရေးခွင့်ပြုရန်လည်း အိန္ဒိယဘက်က ဘင်္ဂလားဒေ့ရှ်ကိုတောင်းဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီယာယီအဖွဲ့ဝင်ဖြစ်လာသည့် အိန္ဒိယနိုင်ငံအနေဖြင့် ဘင်္ဂါလီ(မူရင်းတွင်ရို ဟင်ဂျာဟုဖော်ပြ)များ မြန်မာနိုင်ငံသို့နေရပ်ပြန်ရေးကူညီရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းခဲ့သည်။

#PeopleMedia


Share this post