• Follow Us on

Home အီဂ်စ္နိုင္ငံက ပထမအသုတ္ တ႐ုတ္နိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးမ်ား လက္ခံရရွိ

အီဂ်စ္နိုင္ငံက ပထမအသုတ္ တ႐ုတ္နိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးမ်ား လက္ခံရရွိ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၁

အီဂ်စ္နိုင္ငံက တ႐ုတ္နိုင္ငံ China National Pharmaceutical Group (Sinopharm) က ထုတ္လုပ္ သည့္ ပထမအသုတ္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ား ဒီဇင္ဘာလ ၁၀ ရက္တြင္ လက္ခံရရွိခဲ့ၿပီး မၾကာမီ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ထပ္မံရရွိမည္ဟု က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ေျပာသည္။

Sinopharm ကိုဗစ္ကာကြယ္ေဆး အဆင့္ ၃ လက္ေတြ႕စမ္းသပ္မႈမ်ား ျပဳလုပ္လ်က္ရွိရာ ယူေအအီးနိုင္ငံ မွ ကိုင္ရိုေလဆိပ္သို႔ ကာကြယ္ေဆးမ်ား ပို႔ေဆာင္ခဲ့ျခင္းျဖစ္သည္။

Sinopharm ဗိုင္းရပ္စ္ကာကြယ္ေဆးက ၈၆ ရာခိုင္ႏႈန္း ထိေရာက္မႈရွိေၾကာင္း အၿပီးသတ္အဆင့္ စမ္းသပ္ မႈရလဒ္မ်ားကို ကိုးကား၍ ယူေအအီး က်န္းမာေရးဝန္ႀကီးဌာနက ယခုသီတင္းပတ္အတြင္း ေျပာၾကားခဲ့သည္။

အီဂ်စ္နိုင္ငံ၌ ၂၁ ရက္ျခား၍ ႏွစ္ႀကိမ္ထိုးရမည့္ Sinopharm ကိုဗစ္ကာကြယ္ေဆးကို အခမဲ့ ထိုးေပး မည္ျဖစ္ၿပီး အစိုးရက က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ နာတာရွည္ေရာဂါရွင္မ်ားကို ဦးစားေပး ထိုးႏွံေပးမည္ဟု က်န္း မာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ဆိုသည္။

အီဂ်စ္နိုင္ငံက ကိုဗစ္ကာကြယ္ေဆး အလုံးေရ မည္မၽွ မွာယူခဲ့သည္ကို ရွင္းရွင္းလင္းလင္း မသိရေသာ္ လည္း မၾကာမီရက္ပိုင္းအတြင္း ကာကြယ္ေဆးမ်ား ထပ္မံေရာက္ရွိမည္ဟု က်န္းမာေရးဝန္ႀကီက ေျပာသည္။

လူဦးေရ သန္း ၁၀၀ ေက်ာ္ရွိေသာ အီဂ်စ္နိုင္ငံက ကာကြယ္ေဆးမ်ားအတြက္ ေစ်းကြက္ႀကီးတစ္ခုျဖစ္ သည္။ အီဂ်စ္နိုင္ငံသို႔ စပြတ္ညစ္-ဗြီ ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၂၅ သန္း တင္ပို႔မည့္ သေဘာတူညီခ်က္တစ္ ရပ္ကို ႐ုရွားနိုင္ငံက စက္တင္ဘာလအတြင္း ေၾကညာခဲ့သည္။

အကန္႔အသတ္ျဖင့္သာ စစ္ေဆးမႈျပဳလုပ္ျခင္းေၾကာင့္ ဗိုင္းရပ္စ္ကူးစက္မႈ အေရအတြက္အနည္းငယ္သာ အီဂ်စ္အစိုးရက အတည္ျပဳခဲ့ေသာ္လည္း မၾကာေသးမီ သီတင္းပတ္မ်ားအတြင္း ေန႔အလိုက္ ကူးစက္မႈမ်ား ျမင့္ တက္လာျခင္းေၾကာင့္ ကပ္ေရာဂါ ဒုတိယလွိုင္းျဖစ္လာမည္ကို သတိေပးခဲ့သည္။

ကိုးကား – စီဂ်ီတီအန္

Ref; Egypt receives first batch of Sinopharm coronavirus vaccines

#PeopleMedia #International

(unicode)
အီဂျစ်နိုင်ငံက ပထမအသုတ် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ လက်ခံရရှိ
…………………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁

အီဂျစ်နိုင်ငံက တရုတ်နိုင်ငံ China National Pharmaceutical Group (Sinopharm) က ထုတ်လုပ် သည့် ပထမအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒီဇင်ဘာလ ၁၀ ရက်တွင် လက်ခံရရှိခဲ့ပြီး မကြာမီ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထပ်မံရရှိမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

Sinopharm ကိုဗစ်ကာကွယ်ဆေး အဆင့် ၃ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်လျက်ရှိရာ ယူအေအီးနိုင်ငံ မှ ကိုင်ရိုလေဆိပ်သို့ ကာကွယ်ဆေးများ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

Sinopharm ဗိုင်းရပ်စ်ကာကွယ်ဆေးက ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း အပြီးသတ်အဆင့် စမ်းသပ် မှုရလဒ်များကို ကိုးကား၍ ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ၌ ၂၁ ရက်ခြား၍ နှစ်ကြိမ်ထိုးရမည့် Sinopharm ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ ထိုးပေး မည်ဖြစ်ပြီး အစိုးရက ကျန်းမာရေးဝန်ထမ်းများနှင့် နာတာရှည်ရောဂါရှင်များကို ဦးစားပေး ထိုးနှံပေးမည်ဟု ကျန်း မာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

အီဂျစ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး အလုံးရေ မည်မျှ မှာယူခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသော် လည်း မကြာမီရက်ပိုင်းအတွင်း ကာကွယ်ဆေးများ ထပ်မံရောက်ရှိမည်ဟု ကျန်းမာရေးဝန်ကြီက ပြောသည်။

လူဦးရေ သန်း ၁၀၀ ကျော်ရှိသော အီဂျစ်နိုင်ငံက ကာကွယ်ဆေးများအတွက် စျေးကွက်ကြီးတစ်ခုဖြစ် သည်။ အီဂျစ်နိုင်ငံသို့ စပွတ်ညစ်-ဗွီ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၅ သန်း တင်ပို့မည့် သဘောတူညီချက်တစ် ရပ်ကို ရုရှားနိုင်ငံက စက်တင်ဘာလအတွင်း ကြေညာခဲ့သည်။

အကန့်အသတ်ဖြင့်သာ စစ်ဆေးမှုပြုလုပ်ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်အနည်းငယ်သာ အီဂျစ်အစိုးရက အတည်ပြုခဲ့သော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း နေ့အလိုက် ကူးစက်မှုများ မြင့် တက်လာခြင်းကြောင့် ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်လာမည်ကို သတိပေးခဲ့သည်။

ကိုးကား – စီဂျီတီအန်

Ref; Egypt receives first batch of Sinopharm coronavirus vaccines

#PeopleMedia #International


Share this post