• Follow Us on

Home အီတာမုန္တိုင္းေၾကာင့္ ဂြာတီမာလာတြင္ လူ ၁၅၀ ၀န္းက်င္ေသဆံုး

အီတာမုန္တိုင္းေၾကာင့္ ဂြာတီမာလာတြင္ လူ ၁၅၀ ၀န္းက်င္ေသဆံုး

Share this post

ဂြာတီမာလာစီးတီး၊ ႏို၀င္ဘာ ၇
 
အီတာမုန္တိုင္းေၾကာင့္ မိုးႀကီးၿပီး ေျမၿပိဳမႈမ်ားျဖစ္သျဖင့္ ေျမဖံုးလႊမ္းေနသည့္အိမ္ဒါဇင္ခ်ီ႐ွိေသာ လူသူေ၀းသည့္ ႐ြာတ႐ြာသို႔ ဂြာတီမာလာစစ္တပ္ေရာက္႐ွိၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနသည္။
 
ႏိုင္ငံအလယ္ပိုင္း အယ္တာဗီရာပတ္ဇ္ေဒသမွကြီဂ်ာၿမိဳ႕တြင္ လူ ၁၀၀ ၀န္းက်င္ေသဆံုးခဲ့သည္ဟု သမၼတ အလီဇန္ဒ႐ို ဂီယာမက္တီကေျပာသည္။
 
လမ္းမ်ားပိတ္ေနၿပီး ေနရာအမ်ားအျပားေရႀကီးေနခ်ိန္တြင္ ရာသီဥတုဆိုး႐ြားေသာေၾကာင့္ ကယ္ဆယ္ေရး လုပ္ငန္းမ်ားေႏွာင့္ေႏွးေနသည္။
 
အေစာပိုင္းက ႏိုင္ငံတ၀န္းတြင္ အနည္းဆံုးလူ ၅၀ ေသဆံုးခဲ့သည္ဟု အာဏာပိုင္မ်ားကေျပာသည္။
 
အဂၤါေန႔တြင္ အဆင့္ ၄ ဟာရီကိန္းမုန္တိုင္းအီတာက ေလတိုက္ႏႈန္းတနာရီမိုင္ ၁၄၀ ႏႈန္းျဖင့္ အိမ္နီးခ်င္း နီကာရာဂြာႏိုင္ငံသို႔၀င္ေရာက္ခဲ့ၿပီး မိုးႀကီးခဲ့သည္။
 
ေနာက္ပိုင္းတြင္ အပူပိုင္းမုန္တိုင္းငယ္အျဖစ္အားေပ်ာ့ခဲ့ၿပီး အိမ္နီးခ်င္းဟြန္ဒူးရပ္စ္ႏိုင္ငံႏွင့္ ဂြာတီမာလာႏိုင္ငံ တို႔သို႔၀င္ေရာက္ခဲ့သည္။
 
Ref : Storm Eta: Around 150 feared dead in Guatemala
 
#PeopleMedia
 
(unicode)
အီတာမုန်တိုင်းကြောင့် ဂွာတီမာလာတွင် လူ ၁၅၀ ဝန်းကျင်သေဆုံး
……………………………………………
 
ဂွာတီမာလာစီးတီး၊ နိုဝင်ဘာ ၇
 
အီတာမုန်တိုင်းကြောင့် မိုးကြီးပြီး မြေပြိုမှုများဖြစ်သဖြင့် မြေဖုံးလွှမ်းနေသည့်အိမ်ဒါဇင်ချီရှိသော လူသူဝေးသည့် ရွာတရွာသို့ ဂွာတီမာလာစစ်တပ်ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်။
 
နိုင်ငံအလယ်ပိုင်း အယ်တာဗီရာပတ်ဇ်ဒေသမှကွီဂျာမြို့တွင် လူ ၁၀၀ ဝန်းကျင်သေဆုံးခဲ့သည်ဟု သမ္မတ အလီဇန်ဒရို ဂီယာမက်တီကပြောသည်။
 
လမ်းများပိတ်နေပြီး နေရာအများအပြားရေကြီးနေချိန်တွင် ရာသီဥတုဆိုးရွားသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများနှောင့်နှေးနေသည်။
 
အစောပိုင်းက နိုင်ငံတဝန်းတွင် အနည်းဆုံးလူ ၅၀ သေဆုံးခဲ့သည်ဟု အာဏာပိုင်များကပြောသည်။
 
အင်္ဂါနေ့တွင် အဆင့် ၄ ဟာရီကိန်းမုန်တိုင်းအီတာက လေတိုက်နှုန်းတနာရီမိုင် ၁၄၀ နှုန်းဖြင့် အိမ်နီးချင်း နီကာရာဂွာနိုင်ငံသို့ဝင်ရောက်ခဲ့ပြီး မိုးကြီးခဲ့သည်။
 
နောက်ပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်အားပျော့ခဲ့ပြီး အိမ်နီးချင်းဟွန်ဒူးရပ်စ်နိုင်ငံနှင့် ဂွာတီမာလာနိုင်ငံ တို့သို့ဝင်ရောက်ခဲ့သည်။
 
Ref : Storm Eta: Around 150 feared dead in Guatemala
 
#PeopleMedia

Share this post