• Follow Us on

Home အီရန်နိုင်ငံက တာဝေးသွား တိုက်ခိုက်ရေးဒရုန်း ထုတ်လုပ်မည်

အီရန်နိုင်ငံက တာဝေးသွား တိုက်ခိုက်ရေးဒရုန်း ထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

အီရန်နိုင်ငံက ကီလိုမီတာ ၃၀၀၀ အထိ ပျံသန်းနိုင်သည့် ပထမဆုံးသော တိုက်ခိုက်ရေးဒရုန်း ထုတ်လုပ် ရန် အပြီးသတ်အဆင့် ရောက်ရှိနေပြီဟု အီရန်လေတပ်ဖွဲ့မှ တပ်မှူး အဇစ်နာဆာဇာဒက်ဇ်က ကြေညာလိုက် သည်။

 

ကာမန်-၂၂ ဟု အမည်ဝှက်ပေးထားသည့် မောင်းသူမဲ့လေယာဉ်ကို လေတပ်ဖွဲ့၏ လိုအပ်ချက်များနှင့်အ ညီ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း နာဆာဇာဒက်ဇ်အား ကိုးကား၍ Press TV က ဖော်ပြခဲ့သည်။

 

ကာမန်-၂၂ မောင်းသူမဲ့လေယာဉ်၌ စမတ်လက်နက်ခဲယမ်းအမျိုးမျိုးနှင့် အီလက်ထရောနစ် စစ်ပွဲဆင်နွှဲ ရေးကိရိယာ ပါရှိပြီး ၂၄ နာရီအထိ လေကြောင်းချီစစ်ဆင်ရေး ဆင်နွှဲနိုင်သည်။

 

ထို့အပြင် အဆိုပါဒရုန်း၌ ကင်းထောက် လှမ်းခြင်း၊ စောင့်ကြပ်ရေးကိရိယာများ တပ်ဆင်ထားသည့်အပြင် ဝေးကွာသောပစ်မှတ်များကို ဓာတ်ပုံရိုက်ယူနိုင် စွမ်းရှိကြောင်း သိရသည်။

 

“ကာမန်-၂၂ မောင်းသူမဲ့လေယာဉ်က အီရန်လေတပ်ဖွဲ့အတွက် မြင့်မားတဲ့ တိုက်ခိုက်ရေးစွမ်းပကား ရရှိ စေမှာဖြစ်ပါတယ်” ဟု နာဆာဇာဒက်ဇ်က ဆိုသည်။

 

ကိုးကား – ဆင်ဟွာ

 

Ref; Iran to manufacture long-range combat drone

 

#PeopleMedia

 

(unicode)

……………………………………








Ref; Iran to manufacture long-range combat drone

#PeopleMedia


Share this post