• Follow Us on

Home အီရန်နှင့် တင်းမာနေသည့်ကြားမှ ဒရုန်းအထူးတပ်ဖွဲ့အသစ် အမေရိကန်စတင်ဖွင့်လှစ်

အီရန်နှင့် တင်းမာနေသည့်ကြားမှ ဒရုန်းအထူးတပ်ဖွဲ့အသစ် အမေရိကန်စတင်ဖွင့်လှစ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၀ (People Media)

 

အီရန်နိုင်ငံနှင့် လက်ရှိဖြစ်ပွားနေသောတင်းမာမှုများနှင့်ဆက်နွယ်သည့် ပင်လယ်ပြင်တိုက်ခိုက်မှုများ နှစ်ပေါင်း များစွာဖြစ်ပွားခဲ့ပြီးနောက် လေကြောင်း၊ ရေကြောင်းနှင့် ရေအောက် ဒရုန်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အထူးတပ်ဖွဲ့အသစ်ကို စတင်ဖွဲ့စည်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိ ကန်ရေတပ်၊ အမှတ် ၅ ရေတပ်အုပ်စုမှ သြဂုတ်လ ၈ ရက်နေ့ကပြောကြားလိုက်သည်။

 

ပါရှန်ပင်လယ်ကွေ့အတွင်း ဘာရိန်းနိုင်ငံကျွန်းပေါ်ရှိ ရေတပ်ဌာနချုပ်မှ မည်သည့်စနစ်များကို စတင်သုံးစွဲမည် ဆိုသည်ကို ရေတပ်အရာရှိများက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ သို့သော် လာမည့်လများတွင် နိုင်ငံတကာစွမ်းအင်ထောက်ပံ့မှုလမ်းကြောင်းနှင့် ကမ္ဘာတစ်လွှားသွားလာခုတ်မောင်းနေသည်သင်္ဘောများရှုပ် ထွေးနေသည့်ဒေသတစ်လျှောက် အမေရိကန်ရေတပ်၏ ဒရုန်းမျိုးစုံစွမ်းရည်များကို တွေ့မြင်ရမည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

 

“လေကြောင်း၊ ရေကြောင်းနဲ့ ရေအောက်တွေမှာ စစ်ရေးနဲ့ပတ်သက်တဲ့စနစ်အသစ်တွေကို ကျွန်တော်တို့ ခင်း ကျင်းပြသလိုပါတယ်။ အဲဒီနေရာတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာစောင့်ကြည့်ဖို့ မျက်လုံးတွေ ပိုပြီးလိုအပ် ပါတယ်။”ဟု အမှတ် ၅ ရေတပ်အုပ်စုကိုအုပ်ချုပ်သည့် ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးဘရက်ဒ်ကိုးပါးကပြောသည်။

 

အမှတ် ၅ ရေတပ်အုပ်စုတာဝန်ယူထားသည့် စစ်ဆင်ရေးနယ်မြေတွင် စုစုပေါင်းရေနံတင်သင်္ဘော ၂၀ ရာခိုင် နှုန်းဖြတ်သန်းနေသည့် ပါရှန်ပင်လယ်ကွေ့၏ကျဉ်းမြောင်းသောနေရာဖြစ်သည့် ဟော်မုဇ်ရေလက်ကြားလည်း ပါဝင်သည်။ အရှေ့အလယ်ပိုင်းဒေသနှင့် မြေထဲပင်လယ်ကိုဆက်သွယ်ထားသော အီဂျစ်ရေကြောင်း ဖြစ်သည့် စူးအက်တူးမြောင်းအနီး ပင်လယ်နီအဆုံးမြောက်ဘက်အထိပါဝင်သည့်အပြင် ယီမင်နိုင်ငံအနီး ဘတ်အယ်လ် မန်းဒတ်ဘ်ရေလက်ကြားအထိ ပါဝင်သည်။

 

အမှတ် ၅ ရေတပ်အုပ်စု၏ အမှတ် ၅၉ အထူးတပ်ဖွဲ့ အသုံးပြုနေသည့်စနစ်များတွင် အမေရိကန်ရေတပ်ပစိဖိတ် ရေတပ်အုပ်စု ဧပြီလအတွင်းကစမ်းသပ်ခဲ့သောစနစ်များလည်းပါဝင်သည်။ ယင်းလေ့ကျင်းခန်းတွင်အသုံးပြုခဲ့ သည့်ဒရုန်းများမှာ ultra-endurance လေကြောင်းစောင့်ကြည့်ထောက်လှမ်းရေးဒရုန်းများ၊ မောင်းသူမဲ့ ရေပြင် သွား Sea Hawk နှင့် Sea Hunter ဒရုန်းများ၊ တော်ပီဒိုများတပ်ဆင်ထားသော ရေအောက်ဒရုန်းများဖြစ်သည်။

 

အမှတ် ၅ ရေတပ်အုပ်စုသည် ရေတိမ်ပိုင်းရော ရေငံပင်လယ်ပြင်တွင်ပါသွားလာနိုင်ပြီး နွေဥတုတွင် အပူအချိန် ၁၁၃ ဒီဂရီအထက် သိပ်သည်းသောစိုထိုင်းဆရှိသည့်အခြေအနေမျိုးတွင်ပါသွားလာနိုင်သည့် ရေတပ်အုပ်စုဖြစ် သည်။ “ဒီသဘာဝပတ်ဝန်းကျင်အခြေအနေက လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ဖို့နဲ့ ခပ်မြန်မြန်ရွေ့လျားသွား လာဖို့အတွက် ကျွန်တော်တို့နဲ့ တကယ့်ကိုအဆင်ပြေတယ်လို့ထင်ပါတယ်။ တကယ်လို့ စနစ်သစ်တွေက ဒီနေ ရာမှာ အလုပ်လုပ်နိုင်တယ်ဆိုရင် တခြားနေရာတွေမှာလည်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။” ဟု  ဒုတိယဗိုလ် ချုပ်ကြီးဘရက်ဒ်ကိုးပါးကပြောသည်။

 

Ref: US Navy launches Mideast drone task force amid Iran tensions

 

#PeopleMedia #Drone

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 

Ref: US Navy launches Mideast drone task force amid Iran tensions

 

#PeopleMedia #Drone


Share this post