• Follow Us on

Home အေမရိကန္ဒီမိုကရတ္ေအာက္လႊတ္ေတာ္ဥကၠ႒ ႏွာေခါင္းစည္းမတပ္ဘဲ ဆံပင္အလွျပင္ဆိုင္သြား

အေမရိကန္ဒီမိုကရတ္ေအာက္လႊတ္ေတာ္ဥကၠ႒ ႏွာေခါင္းစည္းမတပ္ဘဲ ဆံပင္အလွျပင္ဆိုင္သြား

Share this post

ဝါ႐ွင္တန္၊ စက္တင္ဘာ ၂

ႏွာေခါင္းစည္းမ၀တ္သျဖင့္ သမၼတ ေဒၚနယ္ ထရမ့္ကို ဆူပူေလ့႐ွိသည့္ အေမရိကန္ဒီမိုကရတ္မ်ားထဲမွအာဏာအ႐ွိဆံုးေ႐ြးေကာက္ခံ နန္စီ ပီလိုစီကို ဆန္ဖရန္စစၥကိုၿမိဳ႕႐ွိဆံပင္အလွျပင္ဆိုင္သို႔ ႏွာေခါင္းစည္းမတပ္ဘဲသြားေရာက္ျခင္းကို ေတြ႕ခဲ့ရသည္။

ေဖာက္က္စ္သတင္းဌာနကရ႐ွိထားသည့္႐ုပ္သံမွတ္တမ္းတြင္ ေအာက္လႊတ္ေတာ္ဥကၠ႒က တနလၤာေန႔တြင္ ၿမိဳ႕၏ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးစည္းကမ္းမ်ားကိုခ်ိဳးေဖာက္ၿပီး ဆံပင္အလွျပင္ဆိုင္သို႔သြားခဲ့သည္ကို ျမင္ေတြ႕ရသည္။

ဆန္ဖရန္စစၥကိုၿမိဳ႕၏ကမာၻ႔ကပ္ေရာဂါကာကြယ္ေရးအမိန္႔မ်ားအရ ဆံပင္အလွျပင္ဆိုင္မ်ားဖြင့္ခြင့္မျပဳထားေခ်။

ဗိုင္းရပ္စ္တားျမစ္ေရးလုပ္ငန္းစဥ္မ်ားေၾကာင့္ ကယ္လီဖိုးနီးယားျပည္နယ္မွလုပ္ငန္းေထာင္ခ်ီပိတ္ထားရသည္။

လူအမ်ားၾကားတြင္ ႏွာေခါင္းစည္းပံုမွန္၀တ္ဆင္ေလ့႐ွိသည့္ မစၥစ္ ပီလိုစီသည္ ကမာၻ႔ကပ္ေရာဂါအေရးႏွင့္စပ္လ်ဥ္း၍ သိပၸံပညာ၏ေျပာစကားကိုနားေထာင္ရန္ အာဏာရရီပတ္ဘလစ္ကန္ပါတီ၀င္မ်ားကို ဆံုးမေလ့႐ွိသည္။

ေဖာက္က္စ္သတင္းဌာန၏႐ုပ္ပံုအရ လည္ပင္းတြင္ႏွာေခါင္းစည္း၀တ္ထားၿပီး ပါးစပ္ေပၚတြင္၀တ္ဆင္ထားျခင္းမ႐ွိဘဲ eSalon ဆိုင္ထဲ၀င္သြားသည္ကို ျမင္ရသည္။

ဆံပင္အလွျပင္ဆရာမတစ္ေယာက္ ႏွာေခါင္းစည္းတပ္ၿပီး သူ႔ေနာက္တြင္လိုက္သြားသည္ကိုလည္း ျမင္ရသည္။

သူ႔ေမြးရပ္ၿမိဳ႕၏ဗိုင္းရပ္စ္ကာကြယ္ေရးစည္းကမ္းမ်ား ခ်ိဳးေဖာက္ေနသည္ဆိုသည့္အခ်က္ကို ပီလိုစီသေဘာမေပါက္ခဲ့ေၾကာင္း ကယ္လီဖိုးနီးယားဒီမိုကရတ္ေျပာခြင့္ရသူကေျပာသည္။

Ref : Nancy Pelosi pictured without mask in hair salon

#PeopleMedia

(Unicode)
အမေရိကန်ဒီမိုကရတ်အောက်လွှတ်တော်ဥက္ကဋ္ဌ နှာခေါင်းစည်းမတပ်ဘဲ ဆံပင်အလှပြင်ဆိုင်သွား
……………………………………….

ဝါရှင်တန်၊ စက်တင်ဘာ ၂

နှာခေါင်းစည်းမဝတ်သဖြင့် သမ္မတ ဒေါ်နယ် ထရမ့်ကို ဆူပူလေ့ရှိသည့် အမေရိကန်ဒီမိုကရတ်များထဲမှအာဏာအရှိဆုံးရွေးကောက်ခံ နန်စီ ပီလိုစီကို ဆန်ဖရန်စစ္စကိုမြို့ရှိဆံပင်အလှပြင်ဆိုင်သို့ နှာခေါင်းစည်းမတပ်ဘဲသွားရောက်ခြင်းကို တွေ့ခဲ့ရသည်။

ဖောက်က်စ်သတင်းဌာနကရရှိထားသည့်ရုပ်သံမှတ်တမ်းတွင် အောက်လွှတ်တော်ဥက္ကဋ္ဌက တနင်္လာနေ့တွင် မြို့၏ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစည်းကမ်းများကိုချိုးဖောက်ပြီး ဆံပင်အလှပြင်ဆိုင်သို့သွားခဲ့သည်ကို မြင်တွေ့ရသည်။

ဆန်ဖရန်စစ္စကိုမြို့၏ကမာ္ဘ့ကပ်ရောဂါကာကွယ်ရေးအမိန့်များအရ ဆံပင်အလှပြင်ဆိုင်များဖွင့်ခွင့်မပြုထားချေ။

ဗိုင်းရပ်စ်တားမြစ်ရေးလုပ်ငန်းစဉ်များကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မှလုပ်ငန်းထောင်ချီပိတ်ထားရသည်။

လူအများကြားတွင် နှာခေါင်းစည်းပုံမှန်ဝတ်ဆင်လေ့ရှိသည့် မစ္စစ် ပီလိုစီသည် ကမာ္ဘ့ကပ်ရောဂါအရေးနှင့်စပ်လျဉ်း၍ သိပ္ပံပညာ၏ပြောစကားကိုနားထောင်ရန် အာဏာရရီပတ်ဘလစ်ကန်ပါတီဝင်များကို ဆုံးမလေ့ရှိသည်။

ဖောက်က်စ်သတင်းဌာန၏ရုပ်ပုံအရ လည်ပင်းတွင်နှာခေါင်းစည်းဝတ်ထားပြီး ပါးစပ်ပေါ်တွင်ဝတ်ဆင်ထားခြင်းမရှိဘဲ eSalon ဆိုင်ထဲဝင်သွားသည်ကို မြင်ရသည်။

ဆံပင်အလှပြင်ဆရာမတစ်ယောက် နှာခေါင်းစည်းတပ်ပြီး သူ့နောက်တွင်လိုက်သွားသည်ကိုလည်း မြင်ရသည်။

သူ့မွေးရပ်မြို့၏ဗိုင်းရပ်စ်ကာကွယ်ရေးစည်းကမ်းများ ချိုးဖောက်နေသည်ဆိုသည့်အချက်ကို ပီလိုစီသဘောမပေါက်ခဲ့ကြောင်း ကယ်လီဖိုးနီးယားဒီမိုကရတ်ပြောခွင့်ရသူကပြောသည်။

Ref : Nancy Pelosi pictured without mask in hair salon

#PeopleMedia


Share this post