• Follow Us on

Home အမေရိကန်သတင်းစာဆရာကိုခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသား ၄ ယောက်ကို ပါကစ္စတန်တရားရုံးချုပ်က တရားသေလွှတ်ပေး

အမေရိကန်သတင်းစာဆရာကိုခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသား ၄ ယောက်ကို ပါကစ္စတန်တရားရုံးချုပ်က တရားသေလွှတ်ပေး

Share this post

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၉
အမေရိကန်သတင်းစာဆရာ ဒန်နီယယ် ပါးလ်ကို ၂၀၀၂ ခုနှစ်တွင် ပြန်ပေးဆွဲပြီးခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသား ၄ ယောက်ကို ပါကစ္စတန်တရားရုံးချုပ်က ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးခဲ့သည်။
ထိုဖြစ်ရပ်သည် အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူများကို စော်ကားလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်အ စိုးရကပြောသည်။
၂၀၀၂ ခုနှစ်တွင် ဝေါစထရိဂျာနယ်၏တောင်အာရှဌာနခွဲမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗြိတိန်နိုင်ငံသားဗုံး ခွဲသူအကြမ်းဖက် ရစ်ချတ် ရိဒ်အကြောင်းသတင်းရေးသားနေစဉ် ပါကစ္စတန်တောင်ပိုင်း၊ ကရာချီမြို့သို့ပြန် ပေးဆွဲခံခဲ့ရပြီး ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်သည်။
အကြမ်းဖက်များက ခေါင်းဖြတ်သည့်ဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးထားပြီးနောက်ပိုင်းတွင် အမေရိကန်အရာရှိများ ထံပေးပို့ခဲ့ကာ ထိုဖြစ်ရပ်သည် ဓားစာခံများကို အစွန်းရောက်များကပစ်မှတ်ထားသည့် ဝါဒဖြန့်ဗီဒီယိုများတွင် ပထမဆုံးဖြစ်ပြီး နောက်ပိုင်းတွင်လည်း အကြမ်းဖက်များက ထိုဖြစ်ရပ်ကိုနမူနာယူကာ ကြောက်မက်ဖွယ်နှင့် ရက်စက်သည့်အကြမ်းဖက်မှုများကို ဗီဒီယိုရိုက်သည့်လုပ်ရပ်များလုပ်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် အမျိုးသား ၄ ယောက်ကို ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတို့ဖြင့် အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီး ဗြိတိန်နိုင်ငံသား အာမက် အိုမာ ဆာအိရှိတ်ကို သေဒဏ်ပေးခဲ့သည်။
သို့သော် စုံစမ်းစစ်ဆေးရေးအရာရှိများက စစ်ဆေးမေးမြန်းသည့်လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီမလုပ်ခဲ့ ကြောင်းပေါ်ထွက်လာသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီတွင် ကရာချီမြို့ရှိသောဆင်းဒ်ပြည်နယ်မှ ဟိုက်ကုတ်တ ရားရုံးက အမှုပြန်စစ်ဆေးခဲ့သည်။
သက်သေမလုံလောက်ဟုဆိုကာ ထိုတရားရုံးက ကွင်းလုံကျွတ်လွှတ်ပေးလိုက်ပြီး ကြာသပတေးနေ့တွင် ပါးလ်၏မိသားစုနှင့် ပါကစ္စတန်အာဏာပိုင်များ၏အယူခံလျှောက်ထားမှုကိုဆန့်ကျင်ကာ ပါကစ္စတန်တ ရားရုံးချုပ်ကလည်း ထိုအတိုင်းဆုံးဖြတ်ခဲ့သည်။
ဝေါစထရိဂျာနယ်၏စာတည်းချုပ် မတ် မော်ရေးက ထိုဆုံးဖြတ်ချက်သည် စိတ်တိုစရာဖြစ်ပြီး တရားမျှတမှုမရှိ ကြောင်းပြောကာ ဘိုင်ဒန်အစိုးရနှင့် ပါးလ်၏မိသားစုကလည်း အလားတူပြောသည်။
Ref : Pakistan’s top court rules to free men previously convicted of kidnapping and murdering Daniel Pearl
#PeopleMedia
(unicode)
…………………………………………………………
Ref : Pakistan’s top court rules to free men previously convicted of kidnapping and murdering Daniel Pearl
#PeopleMedia


Share this post