• Follow Us on

Home အေမရိကန္ဦးေဆာင္ေသာ ႏိုင္ငံစုံစစ္ေရး ေလ့က်င့္မႈသို႔ ဖ်က္သေဘၤာ ႏွစ္စင္း ေတာင္ကိုရီးယား ေစလႊတ္မည္

အေမရိကန္ဦးေဆာင္ေသာ ႏိုင္ငံစုံစစ္ေရး ေလ့က်င့္မႈသို႔ ဖ်က္သေဘၤာ ႏွစ္စင္း ေတာင္ကိုရီးယား ေစလႊတ္မည္

Share this post

ႏိုင္ငံတကာ၊ ေမ ၂၄

ျသဂုတ္လအတြင္း ဟာဝိုင္ယီကြၽန္းအနီး က်င္းပရန္စီစဉ္ထားေသာ အေမရိကန္ႏိုင္ငံ ဦးေဆာင္သည့္ ႏိုင္ငံ စုံ ေရတပ္စစ္ေရးေလ့က်င့္မႈသို႔ ေတာင္ကိုရီးယားေရတပ္က ဖ်က္သေဘၤာႏွစ္စင္း ေစလႊတ္ရန္ စီစဉ္ေနသည္။

ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈေၾကာင့္ တစ္ႏွစ္လ်င္ႏွစ္ႀကိမ္ျပဳလုပ္သည့္ စစ္ေရးေလ့က်င့္မႈကို အရြယ္အစား ေလ်ာ့မည္ဟု ယူဆရေၾကာင္း စစ္ဘက္ဆိုင္ရာ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားသည္။

ျသဂုတ္လ ၁၇ ရက္မွ ၃၁ ရက္အထိ က်င္းပရန္စီစဉ္ထားေသာ The Rim of the Pacific (RIMPAC) စစ္ေရးေလ့က်င့္မႈသို႔ ေတာင္ကိုရီးယား ေရတပ္က တန္ခ်ိန္ ၇၆၀၀ ရွိ ေအးဂ်ိစ္ဒုံးက်ည္တပ္ ဖ်က္သေဘၤာႏွင့္ တန္ ခ်ိန္ ၄၄၀၀ ရွိ ဖ်က္သေဘၤာတစ္စင္း ေစလႊတ္မည္ဟု အဆိုပါသတင္းရပ္ကြက္က ေျပာၾကားသည္။

၂၀၁၈ ခုႏွစ္တြင္ ေတာင္ကိုရီးယားႏိုင္ငံက အဆိုပါစစ္ေရးေလ့က်င့္မႈသို႔ ဖ်က္သေဘၤာမ်ားႏွင့္အတူ ေရငုပ္ သေဘၤာတစ္စင္း၊ ကင္းလွည့္ေလယာဉ္ တစ္စင္းႏွင့္ တပ္ဖြဲ႕ဝင္ ၇၀၀ ခန္႔ ေစလႊတ္ခဲ့ေသာ္လည္း ယခုႏွစ္အတြက္ စစ္ဘက္ကိရိယာမ်ား စုစည္းထားမည္မဟုတ္ေပ။

စစ္ေရးေလ့က်င့္မႈတြင္ပါဝင္မည့္ တပ္ဖြဲ႕ဝင္အေရအတြက္ကိုလည္း ေလွ်ာ့ခ်မည္ဟု ေမွ်ာ္မွန္းရသည္။ စစ္ ေရးေလ့က်င့္မႈမွာ ပင္လယ္ေရေၾကာင္း လုံၿခဳံေရးအတြက္ စုေပါင္း စစ္ဆင္ေရး စြမ္းပကားမ်ား ျမႇင့္တင္ရန္ ပုံစံခ် ထားသည္။

ေတာင္ကိုရီးယားႏိုင္ငံက စစ္ေရးေလ့က်င့္မႈတြင္ အၿမဲဆိုသလို ပါဝင္ခဲ့ၿပီး ေအးဂ်ိစ္ဒုံးက်ည္တပ္ဆင္ထား ေသာ စီေဂ်ာင္ ဖ်က္သေဘၤာအပါအဝင္ စစ္သေဘၤာမ်ား ေစလႊတ္ခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႏွင့္ပတ္သက္ေသာ စိုးရိမ္မႈမ်ားေၾကာင့္ ယခုႏွစ္ စစ္ေရးေလ့က်င့္မႈတြင္ ေျမ ျပင္ႏွင့္ ကမ္းေျခအေျချပဳ ေလ့က်င့္မႈမ်ား ေလ်ာ့နည္းမည္ျဖစ္ၿပီး လူမႈေရးအခမ္းအနားမ်ား ခ်န္လွပ္မည္ဟု အေမရိကန္ေရတပ္က အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။

ကိုးကား – ယြန္ဟပ္

Ref; Navy to send 2 destroyers to U.S.-led RIMPAC exercise

(unicode)
အမေရိကန်ဦးဆာင်သော နိုင်ငံစုံစစ်ရေး လေ့ကျင့်မှုသို့ ဖျက်သင်္ဘော နှစ်စင်း တောင်ကိုရီးယား စေလွှတ်မည်
……………………………………………………………………………….

နိုင်ငံတကာ၊ မေ ၂၄

သြဂုတ်လအတွင်း ဟာဝိုင်ယီကျွန်းအနီး ကျင်းပရန်စီစဉ်ထားသော အမေရိကန်နိုင်ငံ ဦးဆောင်သည့် နိုင်ငံ စုံ ရေတပ်စစ်ရေးလေ့ကျင့်မှုသို့ တောင်ကိုရီးယားရေတပ်က ဖျက်သင်္ဘောနှစ်စင်း စေလွှတ်ရန် စီစဉ်နေသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တစ်နှစ်လျင်နှစ်ကြိမ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုကို အရွယ်အစား လျော့မည်ဟု ယူဆရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

သြဂုတ်လ ၁၇ ရက်မှ ၃၁ ရက်အထိ ကျင်းပရန်စီစဉ်ထားသော The Rim of the Pacific (RIMPAC) စစ်ရေးလေ့ကျင့်မှုသို့ တောင်ကိုရီးယား ရေတပ်က တန်ချိန် ၇၆၀၀ ရှိ အေးဂျိစ်ဒုံးကျည်တပ် ဖျက်သင်္ဘောနှင့် တန် ချိန် ၄၄၀၀ ရှိ ဖျက်သင်္ဘောတစ်စင်း စေလွှတ်မည်ဟု အဆိုပါသတင်းရပ်ကွက်က ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက အဆိုပါစစ်ရေးလေ့ကျင့်မှုသို့ ဖျက်သင်္ဘောများနှင့်အတူ ရေငုပ် သင်္ဘောတစ်စင်း၊ ကင်းလှည့်လေယာဉ် တစ်စင်းနှင့် တပ်ဖွဲ့ဝင် ၇၀၀ ခန့် စေလွှတ်ခဲ့သော်လည်း ယခုနှစ်အတွက် စစ်ဘက်ကိရိယာများ စုစည်းထားမည်မဟုတ်ပေ။

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း လျှော့ချမည်ဟု မျှော်မှန်းရသည်။ စစ် ရေးလေ့ကျင့်မှုမှာ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် စုပေါင်း စစ်ဆင်ရေး စွမ်းပကားများ မြှင့်တင်ရန် ပုံစံချ ထားသည်။

တောင်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုတွင် အမြဲဆိုသလို ပါဝင်ခဲ့ပြီး အေးဂျိစ်ဒုံးကျည်တပ်ဆင်ထား သော စီဂျောင် ဖျက်သင်္ဘောအပါအဝင် စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်သော စိုးရိမ်မှုများကြောင့် ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် မြေ ပြင်နှင့် ကမ်းခြေအခြေပြု လေ့ကျင့်မှုများ လျော့နည်းမည်ဖြစ်ပြီး လူမှုရေးအခမ်းအနားများ ချန်လှပ်မည်ဟု အမေရိကန်ရေတပ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကိုးကား – ယွန်ဟပ်

Ref; Navy to send 2 destroyers to U.S.-led RIMPAC exercise


Share this post