• Follow Us on

Home အမေရိကန်ရေတပ်အမောင်းသင်လေယာဉ်အတွက် ကုမ္ပဏီများတင်ဒါယှဉ်ပြိုင်ရန်ကြေညာ

အမေရိကန်ရေတပ်အမောင်းသင်လေယာဉ်အတွက် ကုမ္ပဏီများတင်ဒါယှဉ်ပြိုင်ရန်ကြေညာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁ (People Media)

 

အမေရိကန်ရေတပ်၏ အမောင်းသင်ဂျက်လေယာဉ်လိုအပ်မှုအတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် ရည် ရွယ်ထားကြောင်း အမေရိကန်ကုမ္ပဏီသုံးခုက ကြေညာလိုက်သည်။

 

လီယိုနာဒိုကုမ္ပဏီကတင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် အစောပိုင်းကကြေညာထားစဉ်ကာအတွင်း ဘိုးရင်း T-45 Goshawk ကိုအစားထိုးရန် အမောင်းသင်ဂျက်လေယာဉ် Undergraduate Jet Training System (UJTS) ပရိုဂရမ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဘိုးရင်းကုမ္ပဏီနှင့် လေ့ာဟိမာတင်ကုမ္ပဏီတို့က သြဂုတ် လ ၁၀ ရက်နေ့ကထုတ်ဖော်ပြောကြားလိုက်သည်။

 

ဘိုးရင်းကုမ္ပဏီက ၎င်းတို့၏ T-7A Red Hawk အမောင်းသင်လေယာဉ်ကို တင်ပြသွားမည်ဖြစ်ပြီး အမေရိကန် ရေတပ်၏ အမောင်းသင်လေယာဉ်လိုအပ်ချက်အတွက် ပံ့ပိုးသွားရန် ဘိုးရင်းကုမ္ပဏီအနေဖြင့် အမြဲအသင့်ရှိနေ ကြောင်း ပြောသည်။

 

လော့ဟိမာတင်ကုမ္ပဏီက ကိုးရီးယားလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (KAI) နှင့် ပူးတွဲထုတ်လုပ်ထားသည့် ၎င်းတို့၏ တော်သင့်ရုံပြုပြင်ထားသော T-50A အမောင်းသင်လေယာဉ်ကို တင်ပြသွားမည်ဖြစ်ပြီး အမေရိကန် ရေတပ်၏လိုအပ်ချက်ကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ပြောသည်။

 

လီယိုနာဒိုကုမ္ပဏီက ထူးထူးခြားခြားတုံ့ပြန်ပြောကြားခြင်းမရှိသော်လည်း သြဂုတ်လအစောပိုင်းက Sea-Air-Space 2021 ပြိုင်ပွဲတွင် ထုတ်ဖော်ပြသခဲ့သော M-346 Master အမောင်းသင်လေယာဉ်ဖြင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းကြေညာထားခဲ့ပြီးဖြစ်သည်။

အဆိုပါကုမ္ပဏီသုံးခုအပြင် ဗြိတိန်လက်နက်ခဲယမ်းကုမ္ပဏီတစ်ခုဖြစ်သော BAE Systems က ၎င်းတို့၏  Hawk AJT အမောင်းသင်လေယာဉ်ကို တင်ဒါဝင်ပြိုင်မည်/ မပြိုင်မည်ကို မယုတ်မလွန်ပြောကြားခဲ့သည်။ “ကျွန်တော် တို့ကုမ္ပဏီက T-45 Goshawk အတွက် အပိုပစ္စည်းတွေထုတ်လုပ်ပေးနိုင်ရေးနဲ့ အင်ဂျင်နီယာပညာရပ်ကျွမ်း ကျင်မှုတွေထောက်ပံ့ပေးနိုင်ရေးကို အဓိကထားအာရုံစိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်ရေတပ်ကို ဆက်လက်ပံ့ပိုးသွားဖို့နဲ့ အနာဂတ်ကာလလိုအပ်ချက်တွေထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မိတ်ဖက်အဖွဲ့အစည်း တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ သံန္နိဋ္ဌာန်ချထားဆဲဖြစ်ပါတယ်” ဟု BAE Systems ကုမ္ပဏီတာဝန်ရှိ သူများကပြောသည်။

 

Ref: Competitors declare for US Navy jet trainer requirement

 

#PeopleMedia #International

 

(unicode)


……………………………………………………………

 


 


 


 


 


 



 

Ref: Competitors declare for US Navy jet trainer requirement

 

#PeopleMedia #International


Share this post