• Follow Us on

Home အေမရိကန္ေလတပ္မွ F-16C Viper တိုက္ေလယာဥ္တစ္စင္းပ်က္က်၊ ေလယာဥ္မွဴးဒဏ္ရာရ

အေမရိကန္ေလတပ္မွ F-16C Viper တိုက္ေလယာဥ္တစ္စင္းပ်က္က်၊ ေလယာဥ္မွဴးဒဏ္ရာရ

Share this post

နယူးေယာက္၊ ဇူလိုင္ ၁၄

ဇူလိုင္ ၁၃ ရက္က နယူးမကၠဆီကိုျပည္နယ္႐ွိ Holloman ေလတပ္အေျခစိုက္စခန္းသို႔ အေမရိကန္ေလတပ္၏ F-16 Viper တိုက္ေလယာဥ္တစ္စင္းဆင္းသက္စဥ္ ပ်က္က်ခဲ့ၿပီး ေလယာဥ္မွဴးအေသးစားဒဏ္ရာရခဲ့သည္။

ပ်က္က်ခ်ိန္တြင္ ေလယာဥ္မွဴးခုန္ထြက္ႏိုင္ခဲ့ေသာ္လည္း အေသးစားဒဏ္ရာမ်ားရခဲ့ေၾကာင္း အေမရိကန္ေလတပ္က ထုတ္ ျပန္သည္။

ပ်က္က်ရသည့္အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးေနၿပီး ယခုပ်က္က်မႈသည္ ေမလေနာက္ပိုင္း အေမရိကန္စစ္ေလယာဥ္ပ်က္က်မႈ ၅ ႀကိမ္ေျမာက္ျဖစ္သည့္အျပင္ ၿပီးခဲ့သည့္ႏွစ္ပတ္အတြင္း F-16 ဒုတိယအႀကိမ္ပ်က္က်မႈျဖစ္သည္။

ပ်က္က်ခဲ့သည့္ေလယာဥ္သည္ အမွတ္ ၄၉ ပ်ံသန္းေလ့က်င့္ေရးျပည္သူ႔ေရးရာဌာနမွျဖစ္သည္။

ဇူလိုင္ ၁ ရက္က ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္တြင္ ပံုမွန္ေလ့က်င့္ေရးစစ္ဆင္ေရးလုပ္ေနသည့္ F-16 တစ္စင္းပ်က္က်ၿပီး အေမရိကန္ေလတပ္မွေလယာဥ္မွဴးတစ္ေယာက္ က်ဆံုးခဲ့သည္။

ဇြန္လလယ္တြင္ အေမရိကန္ေလတပ္မွ ပံုမွန္ေလ့က်င့္ေရးစစ္ဆင္ေရးလုပ္ေနသည့္ F-15C Eagle ေလယာဥ္တစ္စင္း အဂၤလန္ ေျမာက္ပိုင္းကမ္း႐ိုးတန္းမွထြက္ခြာလာၿပီးေနာက္ ေျမာက္ပိုင္းပင္လယ္ထဲသို႔ထိုးက်ခဲ့ၿပီး ေလယာဥ္မွဴးက်ဆံုးခဲ့သည္။

Ref : US Air Force F-16 at New Mexico base, pilot injured

#PeopleMedia

(unicode)
အမေရိကန်လေတပ်မှ F-16C Viper တိုက်လေယာဉ်တစ်စင်းပျက်ကျ၊ လေယာဉ်မှူးဒဏ်ရာရ
………………………………………………………

နယူးယောက်၊ ဇူလိုင် ၁၄

ဇူလိုင် ၁၃ ရက်က နယူးမက္ကဆီကိုပြည်နယ်ရှိ Holloman လေတပ်အခြေစိုက်စခန်းသို့ အမေရိကန်လေတပ်၏ F-16 Viper တိုက်လေယာဉ်တစ်စင်းဆင်းသက်စဉ် ပျက်ကျခဲ့ပြီး လေယာဉ်မှူးအသေးစားဒဏ်ရာရခဲ့သည်။

ပျက်ကျချိန်တွင် လေယာဉ်မှူးခုန်ထွက်နိုင်ခဲ့သော်လည်း အသေးစားဒဏ်ရာများရခဲ့ကြောင်း အမေရိကန်လေတပ်က ထုတ် ပြန်သည်။

ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ယခုပျက်ကျမှုသည် မေလနောက်ပိုင်း အမေရိကန်စစ်လေယာဉ်ပျက်ကျမှု ၅ ကြိမ်မြောက်ဖြစ်သည့်အပြင် ပြီးခဲ့သည့်နှစ်ပတ်အတွင်း F-16 ဒုတိယအကြိမ်ပျက်ကျမှုဖြစ်သည်။

ပျက်ကျခဲ့သည့်လေယာဉ်သည် အမှတ် ၄၉ ပျံသန်းလေ့ကျင့်ရေးပြည်သူ့ရေးရာဌာနမှဖြစ်သည်။

ဇူလိုင် ၁ ရက်က တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ပုံမှန်လေ့ကျင့်ရေးစစ်ဆင်ရေးလုပ်နေသည့် F-16 တစ်စင်းပျက်ကျပြီး အမေရိကန်လေတပ်မှလေယာဉ်မှူးတစ်ယောက် ကျဆုံးခဲ့သည်။

ဇွန်လလယ်တွင် အမေရိကန်လေတပ်မှ ပုံမှန်လေ့ကျင့်ရေးစစ်ဆင်ရေးလုပ်နေသည့် F-15C Eagle လေယာဉ်တစ်စင်း အင်္ဂလန် မြောက်ပိုင်းကမ်းရိုးတန်းမှထွက်ခွာလာပြီးနောက် မြောက်ပိုင်းပင်လယ်ထဲသို့ထိုးကျခဲ့ပြီး လေယာဉ်မှူးကျဆုံးခဲ့သည်။

Ref : US Air Force F-16 at New Mexico base, pilot injured

#PeopleMedia


Share this post