• Follow Us on

Home အမေရိကန်လေတပ် B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ ပိုမိုလိုအပ်နေ

အမေရိကန်လေတပ် B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ ပိုမိုလိုအပ်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁ (People Media)

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် Northrop Grumman လေယာဉ်နှင့် ကာကွယ်ရေးနည်းပညာထုတ်လုပ် ရေးကုမ္ပဏီမှထုတ်လုပ်သည့် B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အနည်းဆုံး ၁၆၄ စီး ပိုင်ဆိုင်ထား သင့်ကြောင်း New American Security ဌာန (CNAS) ၏ အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြထားခဲ့သည်။

 

အမေရိကန်လေတပ်အတွက်လိုအပ်သည့် ဗုံးကြဲလေယာဉ်အရေအတွက်ကို လက်ရှိအချိန်တွင် ပြန်လည်ဆန်း စစ်လေ့လာနေသော လေတပ်ထိပ်တန်းအရာရှိကြီးများမှာ B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်အစင်း ၁၀၀ အ ထိဝယ်ယူရန်လျာထားသည့်အစီအစဉ်ကို လေတပ်က ပြန်လည်ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း အထက်လွှတ်တော် တွင်တင်ပြခဲ့သည်။

 

“ရုရှားတို့၊ တရုတ်တို့လို မဟာအင်အားကြီးနိုင်ငံကြီးတွေကို ဆက်လက်ထိုးဖောက်တိုက်ခိုက်နိုင်ဖို့အတွက် ဗုံးကြဲ လေယာဉ်တွေ အစင်း ၂၀၀ အထိ လိုအပ်တယ်ဆိုတာကို စဉ်းစားတဲ့အခါ စွန့်စားတာထက် ဂရုစိုက်လွန်းနေတာ ပိုများနေတယ်။ အရန် ၂၄ စင်းကို ထိန်းသိမ်းထားတာ ပိုကောင်းပါတယ်။” ဟု New American Security ဌာန ၏ ဒါရိုက်တာ ဂျယ်ရီဟန်းဒရစ်နှင့် လေတပ်မှ ဒုတိယဗိုလ်မှူးကြီးဂျိမ်းစ်ပရိုက်စ်တို့ရေးသားသည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

“ယူနစ်တစ်ခုမှာတာဝန်ချထားတဲ့ ဗုံးကြဲလေယာဉ်အစင်းရေ ၁၂၀၊ လေ့ကျင့်ရေးလေယာဉ် အစင်း ၂၀၊ အရန်က ၂၄ စင်း ရန်သူ့လေတပ်ကို အားပျော့ချိနဲ့အောင်လုပ်ဖို့ဆိုရင် အနည်းဆုံး ၁၆၄ စင်းဝယ်ဖို့လိုပါတယ်။” ဟု ရေး သားဖော်ပြထားသည်။

 

“အမေရိကန် ပြည်ပတိုက်ခိုက်ရေးတပ်ဖွဲ့ American Expeditionary Forces (AEF) တစ်ခုချင်းစီမှာ နည်းဗျူ ဟာလေယာဉ်၊ မဟာဗျူဟာလေယာဉ်၊ ထောက်ပံ့ပို့ဆောင်ရေးလေယာဉ်တွေနဲ့ ဖွဲ့စည်းထားပြီး လက်ရှိလေတပ် ဖွဲ့စည်းပုံက အနိမ့်ဆုံး ဗုံးကြဲလေယာဉ် ၁၀ စီးနဲ့ အရှိသင့်ဆုံးပမာဏ ဗုံးကြဲလေယာဉ် ၁၂ စီးနဲ့ ဖွဲ့စည်းထားတဲ့ ဗုံးကြဲလေယာဉ်အုပ်တစ်ခုနဲ့ရှိနေတဲ့ AEF တစ်ခုချင်းစီကိုထောက်ပံ့မယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးဖြစ်နေပါတယ်။” ဟု ရေးသားထားသည်။

 

အခြေခံအားဖြင့် လေယာဉ်အုပ်တစ်အုပ်အတွက် ယူနစ်တစ်ခုတွင်တာဝန်ချထားသည့် ဗုံးကြဲလေယာဉ် ၁၂ စင်း နှင့် အမေရိကန် ပြည်ပတိုက်ခိုက်ရေးတပ်ဖွဲ့ (AEF) ၁၀ ခုအတွက် လေယာဉ်အုပ် ၁၀ အုပ်ဖွဲ့စည်းထားရန် အ ရေးကြီးကြောင်း၊ သို့ဖြစ်၍ ယူနစ်တစ်ခုတွင်တာဝန်ချထားသည့် ဗုံးကြဲလေယာဉ်ပေါင်း အစင်းရေ အနည်းဆုံး ၁၂၀ လိုအပ် မည်ဖြစ်ကြောင်းရေးသားထားသည်။

 

သို့သော် ရုရှားနိုင်ငံအား ရက်ပေါင်း ၁၈၀ ကြာလေကြောင်းစစ်ဆင်ရေးဆင်နွှဲမည်ဆိုပါက အနည်းဆုံး ယူနစ် တစ်ခုတွင်တာဝန်ချထားသည့် ဗုံးကြဲလေယာဉ်အစင်းရေ ၂၆၀ လိုအပ်မည်ဖြစ်ကြောင်းရေးသားထားသည်။ လက်ရှိအချိန်တွင် လေတပ်၌ ယူနစ် တစ်ခုတွင်တာဝန်ချထားသည့် ဗုံးကြဲလေယာဉ်အစင်းရေ ၁၀၀ အောက် သာရှိကြောင်း၊ ယင်းပမာဏမှာ နိုင်ငံကြီးနှစ်နိုင်ငံကို ရင်ဆိုင်တုံ့ပြန်မည်ဆိုပါက လွန်စွာရှက်ဖွယ်ကောင်းလှ သည့်ပမာဏဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ အကယ်၍ ရုရှားနိုင်ငံနှင့် စစ်မက်ဖြစ်ပွားလာပါက B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ၂၅၈ စင်းထက်မနည်းလို အပ်မည်ဖြစ်ကြောင်း အမေရိကန်လေတပ်က သဘော တူဝန်ခံထားသည်။

 

“အဲဒီအရေအတွက်က မမှန်ပါဘူး။ ကျွန်တော်တို့မှာ ရှိဖို့လိုအပ်တာက B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ၁၆၅ စင်းပါ။ ကျွန်တော်တို့သဘောတူထားတာက ၁၆၅ စင်းပါ။” ဟု လေတပ်ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဂျယ်ရီဟားရစ်က အထက်လွှတ်တော်တွင်ပြောသည်။

 

လေတပ်ကလိုအပ်သည့်အရေအတွက်မှာ B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ၁၆၅ စင်းဖြစ်သော်လည်း ပင်တ ဂွန်စစ်ဌာနချုပ်၏ အမျိုးသားစစ်ဘက်ဆိုင်ရာမဟာဗျူဟာ ပြန်လည်ဆန်းစစ်လေ့လာချက်အရ B-21 ကိုယ် ပျောက်ဗုံးကြဲလေယာဉ်လိုအပ်ချက်အရေအတွက်မှာ ပြောင်းလဲသွားနိုင်ဖွယ်ရှိကြောင်း လေတပ်အတွင်းဝန် ဟယ်သာဝီလ်ဆင်နှင့် လေတပ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂိုးလ်ဒ်ဖိန်းတို့ကပြောသည်။

 

Ref: The U.S. Air Force Needs Way More B-21s

 

မှတ်ချက် – The National Interest တွင် စာဖတ်သူများတောင်းဆိုသဖြင့် ပြန်လည်ဖော်ပြထားသည့် ၂၀၁၇ ခုနှစ်ကဆောင်းပါးကို အကျဉ်းချုပ်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: The U.S. Air Force Needs Way More B-21s

 


 

#PeopleMedia


Share this post