• Follow Us on
Latest News

Home ချောင်းဦးမြို့မှာ ဈေးရောင်းနေတဲ့ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး အမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

ချောင်းဦးမြို့မှာ ဈေးရောင်းနေတဲ့ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး အမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

Share this post

ချောင်းဦး၊ စက်တင်ဘာ ၂၀ (People Media)

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မြို့မဗိုလ်တဲရပ်ကွက်မှာ ယနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်က ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအမျိုးသမီး ၁ ဦး သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးသွားသည်။

 

သေဆုံးသူ အမျိုးသမီးမှာ မနှင်းထက်ဝေ အသက် ၂၆ နှစ် ဆိုသူဖြစ်ပြီး သူမ ဈေးရောင်းနေစဉ် ဆိုင်ရှေ့သို့ လူစိမ်း ၂ ယောက်က ဆိုင်ကယ် ၁ စီးဖြင့်ရောက်လာကာ အသင့်ပါလာသော သေနတ်ဖြင့် လေးငါးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် မနှင်းထက်ဝေ၏ ယာဘက်ပုခုံးအထက် ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ဂျိုင်း အောက် ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ နောက်ကျောခါးအောက်မှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၂ ချက် အားလုံး ဒဏ်ရာ ၄ ချက်ရရှိသည့်အတွက် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ကြသည်။

 

“အခုညနေပိုင်း ၂ နာရီ ထိုးပြီးတော့ ဆုံးမနှင်းထက်ဝေ ဆုံးသွားတာ” ဖြစ်ကြောင်း လူနာကိုကူညီပေးခဲ့သူ စေတနာ့ဝန်ထမ်းတစ်ဦးမှ ပြောသည်။

 

ထို့အပြင် ယခုလ ၁၀ ရက်နေ့ ညနေပိုင်းကလည်း ချောင်းဦးမြို့ ချောင်းဦးမြောက်၊ ကုန်းခင်ရပ်ကွက်မှာနေသည့် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးအောင်ဝေဟိန်း (ခေါ်) ကိုအောင်ကြီး ဆိုသူဟာ သူ့ရဲ့အိမ်ရှေ့မှာ ရှိနေစဉ် အမည်မသိ သေနတ်သမား ၆ ယောက်မှ သေနတ်နဲ့ ပစ်သည့်အတွက် ဦးအောင်ဝေဟိန်းရဲ့ ဘယ်ဘက်လက်မ အရင်း ကျည်ဆံဖောက်ဝင်ဒဏ်ရာ ၂ ချက်နဲ့ ဘယ်ဘက်လက်သူကြွယ်နေရာ ဒဏ်ရာ ၁ ချက် ရရှိခဲ့တဲ့ ဖြစ်စဉ် ၁ ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

 

သွန်းသွန်း(EPN)

 

#PeopleMedia #EPN

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #EPN


Share this post