• Follow Us on

Home အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်တနေ့တာ ကူးစက်မှုစံချိန်တင်မြင့်တက်


Share this post

ဝါရှင်တန်၊ နိုဝင်ဘာ ၅
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်တနေ့တာ ကူးစက်မှုစံချိန်တင်မြင့်တက်
………………………………………..
 
ဝါရှင်တန်၊ နိုဝင်ဘာ ၅
 
ဗုဒ္ဓဟူးနေ့တွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁ သိန်းထပ်တိုးခဲ့ပြီး တနေ့တာကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့သည်။
 
ဆေးရုံတက်ကုသမှုမြင့်တက်လာချိန်တွင် ကူးစက်ခံရမှုမြင့်တက်ကြောင်း COVID Tracking Project အဖွဲ့၏စာရင်းများအရသိရပြီး စမ်းသပ်မှုမြင့်တက်ခြင်းကြောင့် ရောဂါကူးစက်မှုမြင့်တက်လာခြင်း မဖြစ်နိုင်ကြောင်း အကြံပြုနေသည်။
 
ဗုဒ္ဓဟူးနေ့တွင် သေဆုံးသူ ၁၁၀၀ လည်းမြင့်တက်လာသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲနောက်ပိုင်း မဲရေတွက်မှုနှင့်ပတ်သက်၍ တင်းမာမှုများရှိနေချိန်တွင် COVID-19 အကြပ်အတည်းအရိပ်ကြီးစိုးနေခြင်း ဖြစ်သည်။
 
အမေရိကန်ပြည်ထောင်စုတွင် အောက်တိုဘာလအစောပိုင်းပမာဏထက် ၆၄ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သော ဆေးရုံတက်ကုသမှုခံယူနေသူ ၅၀၀၀၀ ကျော်ရှိနေသည်။
 
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၉.၅ သန်းကျော်ရှိနေပြီး သေဆုံးသူ ၂၃၃၀၀ ကျော်ရှိနေ သဖြင့် ကမ္ဘာ့ကူးစက်မှုနှင့်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။
 
Ref : Coronavirus: Record 100,000 new Covid cases reported in US
 
#PeopleMedia

Share this post