• Follow Us on

Home အေမရိကန္၏ပိတ္ဆို႔အေရးယူမႈမ်ားကိုတံု႔ျပန္သည့္အေနျဖင့္ အေမရိကန္လႊတ္ေတာ္အမတ္မ်ားကို တ႐ုတ္ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္

အေမရိကန္၏ပိတ္ဆို႔အေရးယူမႈမ်ားကိုတံု႔ျပန္သည့္အေနျဖင့္ အေမရိကန္လႊတ္ေတာ္အမတ္မ်ားကို တ႐ုတ္ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္

Share this post

ေဘက်င္း၊ ၾသဂုတ္ ၁၁

အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္၏ ရီပတ္ဘလစ္ကန္ပါတီမွ လႊတ္ေတာ္အမတ္ ၆ ေယာက္အပါအ၀င္ အေမရိကန္ႏိုင္ငံသား ၁၁ ေယာက္ကို တ႐ုတ္ႏိုင္ငံက ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္သည္။

ေဟာင္ေကာင္အေပၚႏွင့္ ေဟာင္ေကာင္ႏိုင္ငံေရးလြတ္လပ္ခြင့္မ်ားကို ႐ုတ္သိမ္းေနသည္ဟု စြပ္စြဲခံထား ရေသာတ႐ုတ္အာဏာပိုင္မ်ားအေပၚပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ျခင္းကို တံု႔ျပန္သည့္အေနျဖင့္ ျပန္လည္ပိတ္ဆို႔အေရးယူျခင္းျဖစ္သည္။

“အေမရိကန္ရဲ႕မွားယြင္းတဲ့အျပဳအမူကိုတံု႔ျပန္တဲ့အေနနဲ႔ ေဟာင္ေကာင္နဲ႔ဆက္စပ္ေနတဲ့ကိစၥရပ္ေတြမွာ တုန္လႈပ္ဖို႔ေကာင္းတဲ့လုပ္ရပ္ေတြကိုလုပ္ခဲ့တဲ့လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ခ်င္းကို ပိတ္ဆို႔အေရးယူမႈေတြလုပ္ဖို႔ တ႐ုတ္ႏိုင္ငံကဆံုးျဖတ္လိုက္ပါတယ္” ဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရသူေက်ာင္းလီဂ်န္းက တနလၤာေန႔သတင္းစာ႐ွင္းလင္းပြဲတြင္ေျပာသည္။

မည္သို႔ ပိတ္ဆို႔အေရးယူျခင္းျဖစ္ေၾကာင္း ေက်ာင္းက အတိအက်မေျပာေခ်။

တ႐ုတ္ႏိုင္ငံ၏ပိတ္ဆို႔အေရးယူမႈမ်ားသည္ သိသာၿပီးထိေရာက္မႈမ႐ွိေၾကာင္း အိမ္ျဖဴေတာ္ေျပာခြင့္ရသူ Kayleigh McEnany ကေျပာေသာ္လည္း အေမရိကန္အစိုးရက တံု႔ျပန္မလားဆိုသည့္ေမးခြန္းကိုမူ ေျဖၾကားျခင္းမ႐ွိေခ်။

တ႐ုတ္၏ပိတ္ဆို႔အေရးယူမႈမ်ားသည္ တ႐ုတ္ျပည္မႀကီးႏွင့္အေမရိကန္တို႔ၾကား အခြင့္အေရးခ်ိဳးေဖာ က္မႈႏွင့္ၾကားျဖတ္စြက္ဖက္မႈစြပ္စြဲခ်က္မ်ားတြင္ ေနာက္ဆံုးတစ္ေက်ာ့ အျပန္အလွန္တံု႔ျပန္မႈမ်ားျဖစ္သည္။

ေသာၾကာေန႔တြင္ ေဟာင္ေကာင္ေခါင္းေဆာင္ ကာရီ လမ္ႏွင့္ ၿမိဳ႕၏လက္႐ွိႏွင့္ယခင္ရဲအႀကီးအကဲမ်ားကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ခဲ့သည္။

တ႐ုတ္ကတန္ျပန္ပိတ္ဆို႔အေရးယူသူမ်ားတြင္ ဇြန္လကုန္ပိုင္းက ေဟာင္ေကာင္တြင္ တ႐ုတ္ျပည္မႀကီး ကျပ႒ာန္ းခဲ့သည့္အမ်ိဳးသားလံုျခံဳေရးဥပေဒကို ေပၚေပၚထင္ထင္ေ၀ဖန္ခဲ့သူမ်ားပါ၀င္သည္။

Ref : China imposes sanctions on Republican U.S. lawmakers over Hong Kong

#PeopleMedia

(unicode)
အမေရိကန်၏ပိတ်ဆို့အရေးယူမှုများကိုတုံ့ပြန်သည့်အနေဖြင့် အမေရိကန်လွှတ်တော်အမတ်များကို တရုတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်
……………………………………………………

ဘေကျင်း၊ ဩဂုတ် ၁၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ် ၆ ယောက်အပါအဝင် အမေရိကန်နိုင်ငံသား ၁၁ ယောက်ကို တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူမှုများပြုလုပ်သည်။

ဟောင်ကောင်အပေါ်နှင့် ဟောင်ကောင်နိုင်ငံရေးလွတ်လပ်ခွင့်များကို ရုတ်သိမ်းနေသည်ဟု စွပ်စွဲခံထား ရသောတရုတ်အာဏာပိုင်များအပေါ်ပိတ်ဆို့အရေးယူမှုများပြုလုပ်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပြန်လည်ပိတ်ဆို့အရေးယူခြင်းဖြစ်သည်။

“အမေရိကန်ရဲ့မှားယွင်းတဲ့အပြုအမူကိုတုံ့ပြန်တဲ့အနေနဲ့ ဟောင်ကောင်နဲ့ဆက်စပ်နေတဲ့ကိစ္စရပ်တွေမှာ တုန်လှုပ်ဖို့ကောင်းတဲ့လုပ်ရပ်တွေကိုလုပ်ခဲ့တဲ့လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ တရုတ်နိုင်ငံကဆုံးဖြတ်လိုက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကျောင်းလီဂျန်းက တနင်္လာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

မည်သို့ ပိတ်ဆို့အရေးယူခြင်းဖြစ်ကြောင်း ကျောင်းက အတိအကျမပြောချေ။

တရုတ်နိုင်ငံ၏ပိတ်ဆို့အရေးယူမှုများသည် သိသာပြီးထိရောက်မှုမရှိကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Kayleigh McEnany ကပြောသော်လည်း အမေရိကန်အစိုးရက တုံ့ပြန်မလားဆိုသည့်မေးခွန်းကိုမူ ဖြေကြားခြင်းမရှိချေ။

တရုတ်၏ပိတ်ဆို့အရေးယူမှုများသည် တရုတ်ပြည်မကြီးနှင့်အမေရိကန်တို့ကြား အခွင့်အရေးချိုးဖော က်မှုနှင့်ကြားဖြတ်စွက်ဖက်မှုစွပ်စွဲချက်များတွင် နောက်ဆုံးတစ်ကျော့ အပြန်အလှန်တုံ့ပြန်မှုများဖြစ်သည်။

သောကြာနေ့တွင် ဟောင်ကောင်ခေါင်းဆောင် ကာရီ လမ်နှင့် မြို့၏လက်ရှိနှင့်ယခင်ရဲအကြီးအကဲများကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

တရုတ်ကတန်ပြန်ပိတ်ဆို့အရေးယူသူများတွင် ဇွန်လကုန်ပိုင်းက ဟောင်ကောင်တွင် တရုတ်ပြည်မကြီး ကပြဋ္ဌာန် းခဲ့သည့်အမျိုးသားလုံခြုံရေးဥပဒေကို ပေါ်ပေါ်ထင်ထင်ဝေဖန်ခဲ့သူများပါဝင်သည်။

Ref : China imposes sanctions on Republican U.S. lawmakers over Hong Kong

#PeopleMedia


Share this post