• Follow Us on

Home အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပထမဦးဆုံးအကြိမ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုပြုလုပ်သွားမည်

အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပထမဦးဆုံးအကြိမ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုပြုလုပ်သွားမည်

Share this post

အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ပထမဦးဆုံးအကြိမ် ပူးပေါင်းရေတပ်စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလမှာပြုလုပ်သွားမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ရေတပ်အင်အားကြီးစိုးထားနိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို ဟာလည်း အခုလအစောပိုင်းမှာလည်း အရှေတောင်အာရှနိုင်ငံများအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
အခုလို ပထမဦးဆုံးအကြိမ် အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်း ရေတပ်စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ ရေတပ်အခြေစိုက်စခန်းတစ်ခုမှာ စက်တင်ဘာလ ၂ ရက်နေ့ စတင်သွားမှာဖြစ်ပြီး ၅ ရက်ကြာ ပူးပေါင်း လေ့ကျင့်သွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံလေးနိုင်ငံနဲ့ ရေပြင်ပိုင်နက်အငြင်းပွားမှုရှိနေပြီး အခြေအနေတင်း မာမှုတချို့ရှိခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အလားတူ စစ်ရေးပူးပေါင်းလေ့ကျင့်မှုကို ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့ပါသေးတယ်။

Ref;CNA


Share this post