• Follow Us on

Home အမေရိကန်-အင်ဒိုနီးရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

အမေရိကန်-အင်ဒိုနီးရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅ (PeopleMedia)

 

အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံမှ တပ်ဖွဲ့များက နှစ်နိုင်ငံကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီဖြစ်သည်။

 

ကာလီမန်တန်အပါအဝင် အင်ဒိုနီးရှားနိုင်ငံရှိ အရေးပါသော ကျွန်းစုသုံးခု၌ ပြုလုပ်နေသည့် နှစ်ပတ်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများအတွက် သြဂုတ်လ ၄ ရက်က ဖွင့်ပွဲအခမ်းအနားတစ်ခု ကျင်းပခဲ့သည်။

 

နှစ်နိုင်ငံတပ်ဖွဲ့များက ပြီးခဲ့သော ၁၄ နှစ်အတွင်း နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံ စလုံးမှ တပ်ဖွဲ့ဝင် ၃၇၀၀ ပါဝင်သော ယခုနှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုက အင်ဒိုနီးရှားနိုင်ငံက အမေရိကန်နိုင် ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အဓိကရည်ရွယ်သည်။

 

အင်ဒိုနီးရှားနိုင်ငံက တောင်တရုတ်ပင်လယ်တောင်ပိုင်းရှိ နာတူနာကျွန်းစုအလွန် ရေပိုင်နက်ကို ယင်း၏ အထူး သီးသန့် စီးပွားရေးဇုံအဖြစ် သတ်မှတ်ခဲ့သည်။

 

တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်မြေအားလုံးကို ၎င်းတို့၏ပိုင်နက်နယ်မြေအဖြစ် တရုတ်နိုင်ငံက သတ်မှတ် ထားသည်။

 

တောင်တရုတ်ပင်လယ်နှင့် အခြားဒေသများတွင် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကိုထိန်းချုပ်ရန် သမ္မတ ဂျိုးဘိုင် ဒင်၏ အမေရိကန်အစိုးရက အာဆီယံဒေသ၌ ပါဝင်ထိတွေ့မှု တိုးမြှင့်လျက်ရှိသည်။

 

အမေရိကန်နိုင်ငံက ယခုနှစ်အတွင်း ပင်လယ်ရေကြောင်း လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ပေးခဲ့သည်။

 

အင်ဒိုနီးရှားနှင့် အမေရိကန်ရေတပ်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ယခုနှစ် နွေဦးရာသီအတွင်း ပြုလုပ်ရန် စီစဉ်ထားသည်။

 

တရုတ်နှင့် အမေရိကန်ကြား ချိန်ခွင်လျှာထိန်းညှိရန် ယခုနှစ် မေလနှင့် ဇွန်လအတွင်း အင်ဒိုနီးရှားနိုင်ငံက တရုတ်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

 

Ref; US, Indonesia begin joint military drill

 

#PeopleMedia #EPN #international #အမေရိကန် #အင်ဒိုနီးရှား

 

(unicode)


………………………………

 


 


 


 


 


 


 


 


 


 


 

Ref; US, Indonesia begin joint military drill

 



Share this post