• Follow Us on

Home အွန်လိုင်းလက်နက်မှောင်ခိုကုန်သည်သုံးဦးကို လက်နက်ငယ် ၃,၅၀၀ လက်၊ ကျည်ဆန် တစ်သန်းခန့်နှင့် အတူ ဖမ်းဆီးရရှိ

အွန်လိုင်းလက်နက်မှောင်ခိုကုန်သည်သုံးဦးကို လက်နက်ငယ် ၃,၅၀၀ လက်၊ ကျည်ဆန် တစ်သန်းခန့်နှင့် အတူ ဖမ်းဆီးရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃ (People Media)

 

အွန်လိုင်းမှတစ်ဆင့် တရားမဝင်ရောင်းချရန် လက်နက်ငယ် ၃,၅၀၀ လက်နှင့် ကျည်ဆန် တစ်သန်းခန့် သိုလှောင်ထားသည့်အမှုဖြင့် လူသုံးဦးအား ထိုင်းနိုင်ငံ ခွန်ကန်းမြို့နှင့် ချင်းရိုင်မြို့မှ ရဲတပ်ဖွဲ့ဝင်များက  ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်သည်။

 

ခွန်ကန်မြို့တွင်နေထိုင်သော ဒနုနိုင်းခေါ် အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦး နှင့် ချင်းရိုင်မြို့နေ အသက် ၄၃ နှစ်အရွယ်ရှိ ဆိုရာဝီးနှင့် ကူတိုင်ရတ်ဆိုသူ အမျိုးသားနှစ်ဦးတို့ကို ဘတ်ငွေ သန်း ၅၀ တန်ဖိုးရှိ လက်နက် ငယ်များ၊ ကျည်များနှင့်အတူ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့ကြောင်း ဆိုင်ဘာပြစ်မှုစုံစမ်းစစ်ဆေးရေး ရဲမင်းကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ခွန်ချိုင်းကလိုင်ကလောင်းက ပြောသည်။

 

ခွန်ကန်ခရိုင်၊ ဆီလာမြို့လေးရှိ ဒနုနိုင်းပိုင်ဆိုင်သောအိမ်သုံးလုံးတွင် ရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေရာ တရားမဝင် လက်နက်ငယ် ၁,၄၁၄ လက်၊ ပစ္စတို ၁၂၂ လက်နှင့် လက်နက်ငယ်ကျည် ၉၂၀,၀၀၀ တောင့် သိမ်းဆည်းရရှိခဲ့ ကြောင်းသိရသည်။ ချင်းရိုင်ပြည်နယ် မောင်းချင်းရိုင်မြို့ရှိ လေသေနတ်ဆိုင်နှစ်ဆိုင်သို့ ရဲတပ်ဖွဲ့ဝင်များက ဝင် ရောက်ရှာဖွေရာတွင် တရားမဝင်ရိုင်ဖယ်သေနတ် ၁,၇၈၆ လက်၊ ပစ္စတို ၂၂၄ လက်နှင့် လက်နက်ငယ်ကျည် ၅၇,၅၀၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်။

 

တရားခံဒနုနိုင်းသည် သေနတ်များ၊ ကျည်ဆန်များနှင့် လက်နက်ငယ်ဆက်စပ်ပစ္စည်းများကို ဘန်ကောက်မြို့ နှှင့် တောင်ပိုင်းပြည်နယ်များရှိ ကုန်သည်များထံမှ မှာယူကြောင်း၊ လက်နက်များကို အင်ဒိုနီးရှား၊ ဆွီဒင်၊ အမေ ရိကန်ပြည်ထောင်စု၊ စပိန်နှင့် တရုတ်နိုင်ငံတို့မှ မှောင်ခိုတင်သွင်းကြခြင်းဖြစ်ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ခွန် ချိုင်းကပြောသည်။

တရားခံဒနုနိုင်းသည် ၎င်း၏လက်နက်များရောင်းချရန် ဝက်ဘ်ဆိုက်တစ်ခုလွှင့်တင်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ လက်နက်ဝယ်ယူမည့်သူများက အွန်လိုင်းမှတစ်ဆင့်မှာယူကြပြီး ဘဏ်များမှတစ်ဆင့်ငွေပေးချေကြကြောင်း၊ လက်နက်များကို ပါဆယ်ပို့ဆောင်သောကုမ္ပဏီများမှတစ်ဆင့်ရယူကြကြောင်း ၎င်းကပြောသည်။

 

အဆိုပါလက်နက်မှောင်ခိုဂိုဏ်း လှုပ်ရှားလည်ပတ်နေသည်မှာ ငါးနှစ်ခန့်ရှိပြီး နိုင်ငံတစ်ဝန်း လက်နက်ဝယ်ယူသူ ၅၀,၀၀၀ ကျော်ရှိကြောင်း၊ လက်နက်ရာကျော် နေ့စဉ်ရောင်းချခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့၏လက်နက်များကို ပြန် လည်ဆန်းစစ်တင်ပြရန် YouTube channel ကိုပင်အသုံးပြုခဲ့ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီးခွန်ချိုင်းက ပြော သည်။

 

Ref: 3 online sellers nabbed with 3,500 illegal guns, 1m bullets

 

#PeopleMedia #International

 

(unicode)


……………………………………………………………………

 


 


 


 


 



 


 

Ref: 3 online sellers nabbed with 3,500 illegal guns, 1m bullets

 

#PeopleMedia #International


Share this post