• Follow Us on

Home အကြမ်းဖက်မူဝါဒသည် လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်သည့်ကိစ္စဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပြောဆို

အကြမ်းဖက်မူဝါဒသည် လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်သည့်ကိစ္စဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ မတ် ၃၁

 

အကြမ်းဖက်မူဝါဒသည် လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်သည့်ကိစ္စဖြစ်ကြောင်း၊ မည်သူကဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အတွက်ကြောင့်ဖြစ်စေ လုပ်ဆောင်လာသည့် အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေရှုတ်ချရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြော ကြားလိုက်သည်။

 

မတ်လ ၃၀ ရက်နေ့က နံနက်ပိုင်းက သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြော ဆိုခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မူဝါဒသည် လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်သည့်ကိစ္စ ဖြစ်ကြောင်း၊ မည်သူကဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အတွက်ကြောင့်ဖြစ်စေ လုပ်ဆောင် လာသည့် အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေရှုတ်ချရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဘင်းမ်စတက်၏ “အပြည် ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက် ကားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကွန်ဗင်းရှင်း” သက်ဝင်လာခြင်းနှင့် ယခုထိပ်သီးအစည်း အဝေးတွင် “ရာဇဝတ်မှုခင်းဆိုင်ရာကိစ္စရပ်များ၌ ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးမှု ဘင်းမ်စ တက်ကွန်ဗင်းရှင်း” ကို လက်မှတ်ရေးထိုးနိုင်မှုတို့ကို ကြိုဆိုကြောင်း၊ လာမည့်အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံကိုလည်း ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ သည်။

 

#MOFA

 

(unicode)


……………………………………

 


 


 


 


 


 

#MOFA


Share this post