• Follow Us on

Home အကြမ်းဖက်များပစ်ခတ်မှုကြောင့် အသက် (၉) နှစ်အရွယ်ကလေးနှင့် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတို့ သေဆုံး

အကြမ်းဖက်များပစ်ခတ်မှုကြောင့် အသက် (၉) နှစ်အရွယ်ကလေးနှင့် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတို့ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးအုပ်စု၊ ခဲချောင်းကျေးရွာလမ်းအဆုံး အရောက်တွင် ဒေသခံအကြမ်းဖက်များမှ ခရီးသည်မော်တော်ယာဉ်အား ပစ်ခတ်ခံရမှုကြောင့် အသက်(၉)နှစ် အရွယ်ကလေးနှင့် အသက် (၂၁) နှစ်အရွယ်အမျိုးသမီးတို့ သေဆုံးသွားကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ဖေဖော်ရီလ ညနေ ၃ နာရီခန့်တွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ခဲချောင်းကျေးရွာအနီးတွင် ကော့သောင်းမှ မြိတ်သို့ထွက်ခွာလာသည့် “ရွှေညီအစ်ကိုမော်တော်ယာဉ်လိုင်း” ကို အကြမ်းဖက်များမှ ဘုတ်ပြင်းမြို့နယ်၊ မနိုး ရုံးအုပ်စု၊ ခဲချောင်းကျေးရွာလမ်းတွင် အစိမ်းရောင်ပျောက်ကျားယူနီဖောင်းဝတ်ဆင်ထားသည့် အကြမ်းဖက်များ မှ ယာဉ်အားတားရာ မော်တော်ယာဉ်မှာအရှိန်ပါသောကြောင့် ချက်ခြင်းမရပ်နိုင်သောကြောင့် လမ်း၏ညာဘက် တွင်အရှိန်လျှော့ပြီးရပ်ပေးခဲ့ကြောင်း သိရပါတယ်။

 

အကြမ်းဖက်များမှ ချက်ခြင်းမရပ်ပေးသောကြောင့် ထိုယာဉ်အားပစ်ခတ်ရာ ယာဉ်နောက်ကျောတွင် ထိုင်နေ သည့် မပြည့်ဝါဆိုနှင့် မောင်ပြည်ဖြိုးအောင်တို့မှာ ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်ရရှိသောကြောင့် အကြမ်း ဖက်များမှ ၎င်းတို့ နေထိုင်သည့်နေရာသို့ ထို ၂ ဦးကို ဆေးကုပေးရန် ရွာသာယာအနီးအရောက် လမ်းမကြီး၏ အနောက်ဘက် တောလမ်းအတွင်းသို့ (၁၅) မိနစ်ကြာမောင်းနှင်ပြီး တဲ (၂) လုံးအနီးတွင် စောင့်နေသည့် အကြမ်းဖက်များမှ ထိုကလေး ၂ ယောက်အား ခေါ်ဆောင်သွားပြီး ခဏအကြာတွင် သေဆုံးကြောင်း ၎င်းတို့မှ ထိုရုပ်အလောင်း ၂ လောင်းကို ၎င်းယာဉ်လိုင်းပေါ်သို့ လာရောက်တင်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

 

ထိုယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၄) ဦးတို့လိုက်ပါလာပြီး ထိုအထဲတွင် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ကြောင်း၊ ယင်းသေဆုံးသည့် ၂ ဦးကို မော်တော်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post