• Follow Us on

Home အကြမ်းဖက်အဖွဲ့အစည်းမှ ဖွင့်လှစ်ထားသည့် Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက ငွေကြေး လိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်

အကြမ်းဖက်အဖွဲ့အစည်းမှ ဖွင့်လှစ်ထားသည့် Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက ငွေကြေး လိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်

Share this post

နေပြည်တော်၊ မတ် ၂

 

အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါ က ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ အရေး ယူခံရမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

 

အကြမ်းဖက် NUG လက်အောက်ခံ Free Online Education Institution Myanmar (FOEIM) Online ပညာရေးစာသင်ကျောင်းတွင် နှစ်စဉ်ကျောင်းဝင်ကြေးအဖြစ် မူ/လယ်/ထက် ၁ ဦး လျှင် ထိုင်း ဘတ်ငွေ ၁၀၀၀/ ၂၀၀၀/ ၃၀၀၀ ကောက်ခံခဲ့ပြီး ကျောင်းသား/သူ နှစ်သောင်းခန့် ကျောင်းအပ်နှံခဲ့ကြောင်းနှင့် NUG အသိ အမှတ်ပြု ကျောင်း ၆၂ ခု ခွင့်ပြုထားသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ကျောင်း ၃ ခုခန့်သာ ဖွင့်လှစ်သင်ကြားသည့် အထောက်အထားများ ဖော်ထုတ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ Online စာသင်ကျောင်းများ၏ ထောက်ခံချက်ဖြင့်လည်း တက္ကသိုလ်၊ ကောလိပ်ကျောင်းများ တွင် ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မှုမရှိဘဲ အချိန်ကုန်ငွေကုန်မည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းမှ တည် ထောင် ဖွင့်လှစ်ထားသည့် FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေ ကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံ ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

FOEIM သည် အကြမ်းဖက် အားပေးထောက်ခံသည့် Online စာသင်ကျောင်းဖြစ်သည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြု အထောက်အထားများ ခိုင်လုံစွာ ပြသနိုင်မှုမရှိခြင်း၊ ကျောင်းအခြေပြုတည်နေရာပြသနိုင်မှု မရှိခြင်းနှင့် စနစ်တကျဖွဲ့စည်းအုပ်ချုပ်မှုမရှိခြင်းတို့အား ဖော်ထုတ်တွေ့ရှိရကြောင်း၊ NUG မှ ကျောင်းဝင်ငွေ၏ သုံးပုံတစ်ပုံအား ၎င်းတို့ထံ ပေးအပ်စေခဲ့ရာမှ FOEIM ကျောင်းသားလက်ခံရေး(ရုံးအဖွဲ့)အကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ငွေကြေးသုံးစွဲမှုစာရင်း ချပြရှင်းလင်းနိုင်မှုမရှိဘဲ ငွေကြေးလိမ်လည်မှုဖြစ်ပေါ်ခဲ့ရာမှ ကျောင်းအပ်နှံသူများ၏ အမည်စာရင်း ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရကြောင်း၊ FOEIM Online စာသင်ကျောင်းမှ အချက်အလက်များပေါက်ကြားမှုမရှိစေရန် Facebook Page ၊ Website နှင့် Telegram တို့မှ အာမခံ ချက်များပေးခဲ့သော်လည်း ယုံကြည်စွာဖြင့် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား/သူ ၅၀၀ ဦး ၏ အမည် စာရင်းများ ပေါက်ကြားလာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထိုသို့ အမည်စာရင်းများ ပေါက်ကြားခြင်းကို အကြမ်းဖက် NUG ၏ Facebook Page မှ တာဝန် ယူဖြေရှင်းပေး မှုမရှိသည့်အပြင် ၎င်းတို့၏ သင်ကြားရေးနှင့် ကျောင်းသားလက်ခံရေး(ရုံးအဖွဲ့)တို့မှ ငွေကြေးလိမ်လည်သူ ၅ ဦး ဖော်ထုတ်ရရှိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ ကျောင်းသားမိဘများအနေဖြင့် ပတ်ဝန်းကျင်အား မလွန်ဆန်နိုင်၍ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် Online စာသင် ကျောင်းများတွင် ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်ဖြစ်ပါကြောင်းနှင့် အစိုးရစာသင်ကျောင်းများနှင့် အစိုးရအသိ အမှတ်ပြုစာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေး အသိပေးတင်ပြအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post