• Follow Us on

Home အကြမ်းဖက် လုပ်ကြံတိုက်ခိုက်ခံရမှုကြောင့် သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ အတွက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် မိသားစုမှ ကျပ်သိန်း ၅၀ လှူဒါန်း

အကြမ်းဖက် လုပ်ကြံတိုက်ခိုက်ခံရမှုကြောင့် သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ အတွက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် မိသားစုမှ ကျပ်သိန်း ၅၀ လှူဒါန်း

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၆ (People Media)

 

နိုင်ငံရေးမတည်မငြိမ်မှုဖြစ်စဉ်ကာလအတွင်း အကြမ်းဖက်လုပ်ကြံတိုက်ခိုက်ခံရမှုကြောင့် သေဆုံး/ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအတွက် ထာဝရငွေပဒေသာပင်တွင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် မိသားစုက ကျပ်သိန်းငါးဆယ်(ကျပ်သိန်း ၅၀) ထည့်ဝင်လှူဒါန်းလိုက်ကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၁၀ လအတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၃၀၀ ကျော်သည် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ပြီး ၂၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ ရန်ပုံငွေ ထည့်ဝင်လှူဒါန်းမှုကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအပါအဝင် ပါတီခေါင်းဆောင်များ ပြင်ပ အလှူရှင်များကလည်း လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပါတယ်။

 

#PeopleMedia #USDP #ထာဝရငွေပဒေသာပင်

 

(unicode)


…………………………………………………

 


 


 


 


 



Share this post