• Follow Us on

Home ကြည့်မြင်တိုင်မြို့နယ်၊ ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်သူ ကျား ၈ ဦး၊ မ ၃ ဦး ဖမ်းဆီးထားပြီး မ ၁ ဦး၌ စိုးရိမ်ရ ဒဏ်ရာ များ ရရှိထားကြောင်း န-စ-က သတင်းထုတ်ပြန်

ကြည့်မြင်တိုင်မြို့နယ်၊ ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်သူ ကျား ၈ ဦး၊ မ ၃ ဦး ဖမ်းဆီးထားပြီး မ ၁ ဦး၌ စိုးရိမ်ရ ဒဏ်ရာ များ ရရှိထားကြောင်း န-စ-က သတင်းထုတ်ပြန်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၆ (People Media)

 

ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ပြုလုပ်ခဲ့သည့် သပိတ်လှုပ်ရှားမှု၌ ပါဝင်သူ ကျား ၈ ဦး၊ မ ၃ ဦး ဖမ်းဆီးထားပြီး မ ၁ ဦးသည် စိုးရိမ်ရဒဏ်ရာများ ရရှိထားကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုအပေါ် န-စ-က ၏ သတင်းထုတ်ပြန်ချက်၌ တရားဝင် ခွင့်ပြုချက်မဲ့ လူတစ်စုမှ ဆူပူ အော်ဟစ်မှုများ ပြုလုပ်ခြင်းနေကြောင်း ဆူပူမှုကို မလိုလားသော ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ လုံ ခြုံရေးအဖွဲ့များက သွားရောက်လူစုခွဲခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါဖြစ်စဉ်၌ ဖမ်းဆီးရမိခဲ့သည့် ကျား ၈ ဦး၊ မ ၃ ဦးကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားချက်အရ သိရသည်။

 

ထိုကဲ့သို့ လုံခြုံရေးအဖွဲ့များက သွားရောက်လူစုခွဲရာ၌ ကျား/မ ၁၁ ဦးအနက် ကျား ၂ ဦး၌ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး မ ၁ ဦး၌ စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်သူများကို လုံခြုံရေးအဖွဲ့များက မော်တော်ယာဉ်ဖြင့် ဖြိုခွင်းခဲ့သည့် ရုပ်သံဖိုင် ထွက်ပေါ် လာပြီးနောက် နိုင်ငံတကာမီဒီယာများက ရေးသားထုတ်လွှင့်ဖော်ပြမှုများလည်း ပြုလုပ်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #ကြည့်မြင်တိုင်သပိတ်လှုပ်ရှားမှု

 

(unicode)


……………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post