• Follow Us on
Latest News

Home ဧရာဝတီတိုင်းအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးသူငယ် (၁၅၅,၁၇၁) ဦး အတွက် ထောက်ပံ့ကြေးငွေကျပ် (၆၈၁၅ ဒသမ ၇၃၀) သန်း ပေးအပ်

ဧရာဝတီတိုင်းအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးသူငယ် (၁၅၅,၁၇၁) ဦး အတွက် ထောက်ပံ့ကြေးငွေကျပ် (၆၈၁၅ ဒသမ ၇၃၀) သန်း ပေးအပ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေး ဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကို ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) မှ အကျိုးခံစားခွင့်ရှိသူပေါင်း (၁၅၅,၁၇၁) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် (၆၈၁၅ ဒသမ ၇၃၀) သန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များကို ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် Online စနစ်ဖြင့် ကျင်းပခဲ့သည်။

 

“MCCT အစီအစဉ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ်၏ ပထမ (၃)လပတ်အတွက် ထောက်ပံ့ သွားမည်ဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူပေါင်း (၁၅၅,၁၇၁) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် (၆၈၁၅ ဒသမ ၇၃၀)သန်းဖြစ်ကြောင်း၊ ယခင်ဆောင်ရွက်နေကြ နည်းလမ်းအတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ငွေသားတိုက်ရိုက် ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ငွေထုတ်စာရင်းအလိုက် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များမှ ထောက်ပံ့ကြေးငွေ အဆင်ပြေပြေ ထုတ်ယူ နိုင်ရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် မြေပြင်ထောက်ပံ့မှု အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်တွင် ထောက်ပံ့ကြေးသည် အကျိုးခံစားခွင့်ရှိသူများအတွက် အမှန်တကယ် အထောက်အကူဖြစ်စေမည် ဖြစ်သည့် အတွက် အားလုံးဝိုင်းဝန်းပြီး ကူညီဆောင်ရွက် ပေးစေလိုကြောင်း” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် သက်ခိုင်က  ပြောသည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အကျိုးခံစားခွင့်ရှိသူ ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိစေမည့်ကိစ္စဖြစ်သည့်အတွက် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post