• Follow Us on

Home ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၌ PDF အဖွဲ့ဝင် (၂၉) ဦးနှင့် လက်နက်၊ ခဲယမ်းမျိုးစုံ ထပ်မံဖမ်းဆီးရမိ ကြောင်း န-စ-က ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၌ PDF အဖွဲ့ဝင် (၂၉) ဦးနှင့် လက်နက်၊ ခဲယမ်းမျိုးစုံ ထပ်မံဖမ်းဆီးရမိ ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇ (People Media)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ PDF အဖွဲ့ဝင် (၂၉) ဦးနှင့် လက်နက်နှင့် ခဲယမ်းမျိုးစုံကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း န-စ-က သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

အဆိုပါ PDF အဖွဲ့များဝင်များကို ဟင်္သာတမြို့၊ အင်္ဂပူမြို့နယ်၊ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့ နယ်နှင့် ဇလွန်မြို့နယ်တို့အတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့ အပြစ်မဲ့ပြည်သူများအား ပစ်သတ်ခဲ့ခြင်းနှင့် ဖောက်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူများဖြစ်ကြောင်း သိရသည်။

 

အောက်တိုဘာလ ၄ ရက်တွင် PDF အဖွဲ့များအားထောက်ပံ့ပေးသည့် တာလေးရပ်ကွက်၊ လင်းလွန်းပင် (၂) လမ်းနေ အိသက်ပိုင် (၃၁) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၇ ရက်တွင် မဲဇလီစုကျေးရွာ၌ KNLA တပ်မဟာ (၃) တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သူ ဝင်းနိုင် (၄၆) နှစ်အား ဖမ်းဆီးရမိခဲ့သည်။

 

တရားခံ ဝင်းနိုင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၈ ရက်တွင် ထူးထူးပိုင် (၁၈) နှစ်အား သန့်စင် (၃၅) နှစ်အားလည်းကောင်း၊ အောက်တိုဘာလ ၉ ရက်တွင် သဲဖြူကွင်းကျေးရွာ၌ သူသူအောင်ငြိမ်း (၃၅)နှစ်အား လည်းကောင်း၊ လမ်းမတော်မြောက်ရပ်ကွက်၊ ပုပ္ပါးလမ်း၌ သန့်ဇော်(၄၇)နှစ်အား လည်းကောင်း၊ ဇလွန်မြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ ပိတောက်(၅)လမ်း၌ ဇာနည်စုနိုင်(၃၂)နှစ်အား လည်းကောင်း၊ ဟင်္သာတ မြို့နယ်၊ ရဲကွင်းကျေးရွာ၌ ဇင်မာဝင်း(ခ)ဇင်မာအား လည်းကောင်း၊ လဟာကျော်ကျေးရွာ၌ အိအိမွန်အား လက်လုပ်သေနတ် ၂ လက်၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

တရားခံ သန့်စင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၉ ရက်တွင် အောင်ဇော်ဦး(၃၈)နှစ်အား ဖမ်း ဆီးရမိခဲ့ပြီး အောက်တိုဘာလ ၁၀ ရက် တွင် ပိုင်ဇင်ဖြိုး(ခ)ပိုင်ကြီး(၁၉)နှစ်အား လည်းကောင်း၊ ဟိန်း ထက်ကျော်(ခ)ဖိုးလပြည့်(၁၆)နှစ်အားလည်းကောင်း၊ ချစ်ကိုကို(ခ)ချစ်ကို(၃၈)နှစ်အား လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

 

တရားခံ ဇာနည်စုနိုင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၁ ရက်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်၌ ဥမ္မာငြိမ်းချမ်းဦး(၃၈)နှစ်အားလည်းကောင်း၊ သီဟထွန်း(၃၁)နှစ်အားလည်းကောင်း၊ ဝေဝေအောင်(၃၀)နှစ်အား လည်းကောင်း၊ ဌေးဝင်း(၅၆)နှစ်အား လည်းကောင်း၊ လှသိန်း(၆၇)နှစ်အား လည်းကောင်း၊ မြတ်စံ(၅၂)နှစ်နှင့် ဖိုးသာအောင်(၆၅)နှစ် တို့အား လည်းကောင်း၊ မကျီးစုကျေးရွာ၌ မြင့်စိုး(၅၇)နှစ်အား လည်းကောင်း၊ ဇော်မင်း (၄၈)နှစ်၊ သောင်းလင်း (၃၃)နှစ်၊ ကောင်းမြတ်ထက်(၃၀)နှစ်နှင့် မြင့်မြင့်ဝင်း(၃၇)နှစ် တို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား၂၁ ဦး၊ မ ၈ ဦး၊ ပေါင်း ၂၉ ဦး၊ MK-12 ၁၁ လက်၊ M-22  ၈ လက်၊ M-16  ၃ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ်၂ လက်၊ ကျည်မျိုးစုံ ၂,၁၀၃ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး(ယမ်းမပါ) ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၄၃ ခု၊  MK-12 လက်ကိုင် ၃ ခု၊ MK-12 ပြောင်း(အပို) ၁၁ ချောင်း၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား သိမ်းဆည်းရမိခဲ့ ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 



Share this post