• Follow Us on

Home ဧရာဝတီတိုင်းအတွင်း၌ ပန်းခင်းစီမံချက်တိုင်းလုံးကျွတ်လျာထားချက်ရာနှုန်းပြည့်ပြီးမြောက်အောင် ဆောင် ရွက်ခဲ့သည့် ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေး

ဧရာဝတီတိုင်းအတွင်း၌ ပန်းခင်းစီမံချက်တိုင်းလုံးကျွတ်လျာထားချက်ရာနှုန်းပြည့်ပြီးမြောက်အောင် ဆောင် ရွက်ခဲ့သည့် ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၌ ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင် စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကိုတစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး ပန်းခင်းစီမံချက်တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယမန်နေ့နံနက် (၈) နာရီတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပခဲ့သည်။

 

“နိုင်ငံတော်စီမံချက်တစ်ခုဖြစ်တဲ့ ပန်းခင်းစီမံချက်ကို နိုင်ငံတော်ရဲ့ အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရ မှာဖြစ်ပြီး ဒီစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃ ဒဿမ ၄) သန်းကျော်ကို ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ (၁၈) လတာကာလအတွင်းမှာ ထုတ်ပေးနိုင်ဖို့ လျာထားဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ အချို့ဒေသ တွေမှာ လုံခြုံရေးအခြေအနေ၊ ရာသီဥတုအခြေအနေ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးဟာ နေရာဒေသ တော် တော်များများမှာ ရေလမ်းခရီးကိုပဲ အသုံးပြုသွားလာရတဲ့အတွက် ကွင်းဆင်းဆောင်ရွက်မှုတွေမှာ သွားလာရေး အခက်အခဲများစွာ ကြုံတွေ့ကြရပြီး ဒီအဟန့်အတား အခက်အခဲများကြားက ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၉၇၃၄) ကတ် ထုတ် ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၂၃၁၂၉၉)ကတ် ပြီးစီးနေပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် (၁၁၀ ဒဿမ ၂၈) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် ဒုတိယမြောက်တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ စီမံချက်အရ လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းစဉ်သည် ပြီးဆုံးသည့် လုပ်ငန်းမဟုတ်ဘဲ စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် အားလုံးက ဆက်လက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ပြီး ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ ဝန်ထမ်းများကိုတစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #လဝက

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post