• Follow Us on

Home ေကအိုင္ေအအဖြဲ႕မွ ပစၥည္းပို႔ေဆာင္ရန္ ေခၚသြားသည့္ ရြာသား(၂) ဦး မိုင္းထိ၍ ဒဏ္ရာမ်ားရရွိ

ေကအိုင္ေအအဖြဲ႕မွ ပစၥည္းပို႔ေဆာင္ရန္ ေခၚသြားသည့္ ရြာသား(၂) ဦး မိုင္းထိ၍ ဒဏ္ရာမ်ားရရွိ

Share this post

EPN

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၁၆

ျမစ္ႀကီးနားၿမိဳ႕နယ္ ဆင္ဘိုၿမိဳ႕တြင္ ေကအိုင္ေအ လက္နက္ကိုင္အဖြဲ႕မွ ပစၥည္းပို႔ေဆာင္ရန္ ေခၚသြားသည့္ ရြာသား(၂)ဦး လမ္းခရီးတြင္ မိုင္း(၁)လုံးနင္းမိ၍ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဉ္မွာ ေအာက္တိုဘာလ ၁၄ ရက္ေန႔ ညေနပိုင္းတြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ ဆင္ဘိုၿမိဳ႕၊ ေရနားပင္လုံေက်းရြာမွ ရြာသားမ်ားသည္ မိသားစုႏွင့္အတူ စက္ေလွျဖင့္ ဧရာဝတီျမစ္အတြင္း ငါးရွာျခင္း လုပ္ငန္း လုပ္ကိုင္ေနစဉ္တြင္ ေကအိုင္ေအ လက္နက္ကိုင္အဖြဲ႕မွ အရပ္ဝတ္ျဖင့္ လက္နက္ငယ္မ်ား ကိုင္ေဆာင္လာသူ (၂) ဦးမွ ရြာသားဦးေအာင္ၿဖိဳးႏွင့္ ဦးေအာင္ေဌးဝင္းတို႔၏ စက္ေလွအား ၎တို႔၏ ေကအိုင္ေအ တပ္ရင္း ၅ လက္ေအာက္ခံ ေခါင္ေျမ တပ္စခန္းသို႔ ပစၥည္းပို႔ေဆာင္ေပးရန္ ေခၚေဆာင္သြားရာမွ လမ္းခရီးတြင္ မိုင္း(၁)လုံး နင္းမိ၍ ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ရြာသား (၂)ဦးသည္ ေအာက္တိုဘာ ၁၄ ရက္ေန႔တြင္ ေရနားပင္လုံမွတဆင့္ ရွရွား၊ ရွရွားမွတဆင့္ ေခါင္ေျမ သို႔ ပစၥည္းပို႔သြားရာတြင္ ယင္းေန႔တြင္ ရွရွားတြင္ ညအိပ္ရပ္နားခဲ့ၿပီး ေနာက္ရက္တြင္ ရွရွားမွတဆင့္ ေခါင္ေျမသို႔ ဆက္လက္ထြက္ခြာခဲ့ရာ အေရွ႕မွ လမ္းေလ်ာက္သြားသည့္ ဦးေအာင္ၿဖိဳးမွ လမ္းတြင္ ေျခေခ်ာ္၍ လဲက်စဉ္ မိုင္း(၁)လုံးအား နင္းမိၿပီး ဦးေအာင္ၿဖိဳးတြင္ ဘယ္ခါးေအာက္ပိုင္းမွ ေျခက်င္းဝတ္ထိ မိုင္းစထိမွန္၊ ဘယ္ေျခစုံ႐ိုးပြင့္က်ိဳးျခင္း၊ ဘယ္လက္ေကာက္ဝတ္ မိုင္းစထိမွန္ (မစိုးရိမ္ရ) ဒဏ္ရာရရွိခဲ့ၿပီး ၎ေနာက္မွ ကပ္လိုက္လာသည့္ ဦးေအာင္ေဌးဝင္းတြင္ ေမးေစ့ႏုတ္ခမ္းေအာက္၊ ဘယ္နားရြက္၊ ဘယ္တံေတာင္ဆစ္ ဘယ္က်ိဳင္းၾကား၊ ရင္ၫႊန္႔ေအာက္၊ ယာဒူးတို႔တြင္ မိုင္းစထိမွန္(မစိုးရိမ္ရ) ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ၾကၿပီး အခင္းျဖစ္ပြားသည့္ ေနရာမွ စက္ေလွအား ထိန္းေမာင္း၍ ျပန္လာရာ ေန႔လည္ပိုင္းတြင္ ေရနားပင္လုံေက်းရြာသို႔ ျပန္လည္ေရာက္ရွိခဲ့သည္။

အဆိုပါ ရြာသား ၂ ဦးသည္ ဆင္ဘို လူမႈကူညီေရးကားျဖင့္ ဆင္ဘိုျပည္သူ့ေဆး႐ုံ၊ ထိုမွတဆင့္ အငွါးစက္ေလွျဖင့္ ျမစ္ႀကီးနားသို႔ ေရာက္ရွိလာၿပီး ျမစ္ႀကီးနားရွိ ကုတင္ ၃၀၀ တပ္မေတာ္စစ္ေဆး႐ုံတြင္ ေဆးကုသမႈခံယူလွ်က္ ရွိေၾကာင္း သိရသည္။

[Unicode]
ကေအိုင်အေအဖွဲ့မှ ပစ္စည်းပို့ဆောင်ရန် ခေါ်သွားသည့် ရွာသား(၂) ဦး မိုင်းထိ၍ ဒဏ်ရာများရရှိ
……………………………………………………………………………………………

EPN

မြစ်ကြီးနား၊ အောက်တိုဘာ ၁၆

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ ပစ္စည်းပို့ဆောင်ရန် ခေါ်သွားသည့် ရွာသား(၂)ဦး လမ်းခရီးတွင် မိုင်း(၁)လုံးနင်းမိ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့၊ ရေနားပင်လုံကျေးရွာမှ ရွာသားများသည် မိသားစုနှင့်အတူ စက်လှေဖြင့် ဧရာဝတီမြစ်အတွင်း ငါးရှာခြင်း လုပ်ငန်း လုပ်ကိုင်နေစဉ်တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ အရပ်ဝတ်ဖြင့် လက်နက်ငယ်များ ကိုင်ဆောင်လာသူ (၂) ဦးမှ ရွာသားဦးအောင်ဖြိုးနှင့် ဦးအောင်ဌေးဝင်းတို့၏ စက်လှေအား ၎င်းတို့၏ ကေအိုင်အေ တပ်ရင်း ၅ လက်အောက်ခံ ခေါင်မြေ တပ်စခန်းသို့ ပစ္စည်းပို့ဆောင်ပေးရန် ခေါ်ဆောင်သွားရာမှ လမ်းခရီးတွင် မိုင်း(၁)လုံး နင်းမိ၍ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာသား (၂)ဦးသည် အောက်တိုဘာ ၁၄ ရက်နေ့တွင် ရေနားပင်လုံမှတဆင့် ရှရှား၊ ရှရှားမှတဆင့် ခေါင်မြေ သို့ ပစ္စည်းပို့သွားရာတွင် ယင်းနေ့တွင် ရှရှားတွင် ညအိပ်ရပ်နားခဲ့ပြီး နောက်ရက်တွင် ရှရှားမှတဆင့် ခေါင်မြေသို့ ဆက်လက်ထွက်ခွာခဲ့ရာ အရှေ့မှ လမ်းလျောက်သွားသည့် ဦးအောင်ဖြိုးမှ လမ်းတွင် ခြေချော်၍ လဲကျစဉ် မိုင်း(၁)လုံးအား နင်းမိပြီး ဦးအောင်ဖြိုးတွင် ဘယ်ခါးအောက်ပိုင်းမှ ခြေကျင်းဝတ်ထိ မိုင်းစထိမှန်၊ ဘယ်ခြေစုံရိုးပွင့်ကျိုးခြင်း၊ ဘယ်လက်ကောက်ဝတ် မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ၎င်းနောက်မှ ကပ်လိုက်လာသည့် ဦးအောင်ဌေးဝင်းတွင် မေးစေ့နုတ်ခမ်းအောက်၊ ဘယ်နားရွက်၊ ဘယ်တံတောင်ဆစ် ဘယ်ကျိုင်းကြား၊ ရင်ညွှန့်အောက်၊ ယာဒူးတို့တွင် မိုင်းစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး အခင်းဖြစ်ပွားသည့် နေရာမှ စက်လှေအား ထိန်းမောင်း၍ ပြန်လာရာ နေ့လည်ပိုင်းတွင် ရေနားပင်လုံကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါ ရွာသား ၂ ဦးသည် ဆင်ဘို လူမှုကူညီရေးကားဖြင့် ဆင်ဘိုပြည်သူ့ဆေးရုံ၊ ထိုမှတဆင့် အငှါးစက်လှေဖြင့် မြစ်ကြီးနားသို့ ရောက်ရှိလာပြီး မြစ်ကြီးနားရှိ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက် ရှိကြောင်း သိရသည်။


Share this post