• Follow Us on

Home ကျောင်းသား/သူများ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် မြင့်တက်စေရန် အခြေခံကျောင်းများ၌ ဆွေးနွေးပွဲများပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား

ကျောင်းသား/သူများ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် မြင့်တက်စေရန် အခြေခံကျောင်းများ၌ ဆွေးနွေးပွဲများပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇ (People Media)

 

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များမြင့် တက်စေရန် ဆွေးနွေးပွဲများပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရပါတယ်။

 

ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားစာ၌ နိုင်ငံတော်ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်ရေး၊ အမျိုး သားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်စိတ်ဓာတ်နှင့် ပြည်ထောင်စု မပြိုကွဲ ရေးစိတ်ဓာတ်များ ကျောင်းသားလူငယ်များအတွင်း ထက်မြတ်မှန်ကန်မြင့်မားစေရေးတို့အတွက် ဆွေးနွေးပွဲများ ကျင်းပရန် ဖော်ပြထားပါတယ်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကို တစ်လျှင်တစ်ကြိမ် သို့မဟုတ် ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်ဖြင့် လည်းကောင်း ကျောင်းအခြေအနေပေါ်တွင် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါတယ်။

 

သက်ဆိုင်ရာအခြေခံကျောင်းများအနေဖြင့် ဆောင်ရွက်ထားရှိမှုများကို မှတ်တမ်းဓါတ်ပုံထားရှိရန် ညွှန်ကြားစာ၌ ဖော်ပြထားပါတယ်။

 

#PeopleMedia #ပညာရေး

 

(unicode)


………………………………………………………………..

 


 


 


 


 


 



Share this post