• Follow Us on

Home ချောက်မြို့နယ်၌ မှုခင်းသတင်းထောက်တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ချောက်မြို့နယ်၌ မှုခင်းသတင်းထောက်တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

မကွေး၊ ဒီဇင်ဘာ ၃၁ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၌ နေထိုင်သည့် ချောက်မြို့နယ်၊ မှုခင်းသတင်း ထောက်ဖြစ်သူသည် သေနတ်ဖြင့် ၃ ချက် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

 

“သေဆုံးသူက မှုခင်းသတင်းထောက်ဖြစ်ပါတယ်။ 9 mm ပစ္စတိုကျည်ခွံ ၃ ခု တွေ့ရပါတယ်။ သုံးချက် အပစ်ခံ ရတာပါ။ ဖြစ်စဉ်က ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၈ နာရီကျော်ခန့် အချိန်ကပါ” လို့ တာဝန်ရှိသူတစ်ဦးက အတည် ပြုပြောဆိုသည်။

 

သေနတ်သမားများသည် မှုခင်းသတင်းထောက်ကို သေစေနိုင်လောက်သည့်နေရာများဖြစ်သော ဦးခေါင်းတစ် ချက်၊ ရင်ညွှန့် ၂ ချက် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

 

အလားတူ မြို့နယ်အချို့၌ မှုခင်းသတင်းထောက်အချို့သည် လုပ်ကြံသတ်ဖြတ်မှုခံရခြင်းများ ဖြစ်ပေါ်လျှက်ရှိ သည်။

 

#PeopleMedia #ချောက်မြို့ #မှုခင်းသတင်းထောက်

 

(unicode)


………………………………………………….

 


 


 


 


 


 



Share this post